" သခင်လေး... မနေ့ညက မင်းကြီးနဲ့ သခင်လေး နန်းပြင်ထွက်တာ အဆင်ပြေကြပါရဲ့လား "အထိန်းတော်မီရဲ့ စကားကြောင့် မျက်လုံးလေးများ ပြူးကနဲ..။
" အထိန်းတော်မီ ဘယ်လိုသိတာလဲ "
" ညက ကျွန်တော်မျိုးမ တွေ့လိုက်တာပါ... စိတ်ချပါ သခင်လေး ကျွန်တော်မျိုးမ ဘယ်သူ့ကိုမှ မပြောပါဘူး "
အထိန်းတော်မီရဲ့ စကားကို ကျွန်တော် အသိအမှတ်ပြုလိုက်သည်။
" ပျင်းလိုက်တာဗျာ... ဂျွန့်ကိုလည်း ဒီနေ့ မတွေ့ရသေးဘူး "
" မင်းကြီးက ဒီနေ့တစ်နေ့လုံး အားမယ် မထင်ပါဘူး.. မနက်ဖြန် မင်းသမီး ယိုယွင်းနဲ့ ထိန်းမြားပွဲနေ့မလို့ ပွဲအခန်းအနား ပြင်ဆင်နေတယ်လို့ ကြားပါတယ် သခင်လေး "
ကျွန်တော် မေ့နေခဲ့တာပဲ။
မနက်ဖြန် ဂျွန် နဲ့ မင်းသမီးတို့ရဲ့ လက်ထပ်ပွဲ နေ့ကို။ထိုအချိန် အခန်းထဲသို့ နန်းတွင်းသူလေး တစ်ဦး ၀င်လာသည်။ သူမရဲ့ လက်ထဲတွင်လည်း အထုပ်လေးတစ်ထုပ်နှင့်။
" အထိန်းတော်မီ.. မင်းကြီးက ကျွန်တော်မျိုးမကို ကြင်ယာတော်ကင်မ်ထံ တစ်ဆင့် ပို့ခိုင်းလိုက်ကြောင်းပါ.. "
အထိန်းတော်မီဆီသို့ ထိုအထုပ်လေးနှင့် စာလေးတစ်စောင် ပေး၍ ထွက်သွားသည်။
ကျွန်တော် အထိန်းတော်မီဆီမှ စာလေးတစ်စောင်လေးကို ယူကာ ဖတ်ကြည့်လိုက်မိသည်။
' ထယ်... ကိုယ်ဒီနေ့ တစ်နေကုန် တွေ့ဖြစ်နိုင်မှာ မဟုတ်လောက်ဘူး.. သိတဲ့အတိုင်း မဂ်လာပွဲ အတွက် အလုပ်ရှုပ်နေတာ.. '
' နောက်ပြီး မနက်ဖြန် ထိန်းမြားပွဲကို ထယ်လာခဲ့ပါ... ကိုယ်ထယ့်အတွက် ၀တ်စုံလေး ပို့ပေးလိုက်တယ်..
အဲ့ ၀တ်စုံလေးကို မနေ့ကညက ဆိုင်တစ်ဆိုင်မှာ တွေ့တာနဲ့ ထယ်မသိအောင် ၀ယ်ထားခဲ့တာ.. ကိုယ်၀ယ်ပေးထားတဲ့ ၀တ်စုံလေးက ထယ်နဲ့ အရမ်းလိုက်မယ်မှန်း ကိုယ်ကြိုသိတယ် '' ကိုယ်ဒီနေ့ လာမတွေ့နိုင်ခဲ့လို့ စိတ်မဆိုးပါနဲ့.. ကိုယ်တကယ် မအားလို့ပါ.. မနက်ဖြန်ကြရင် အဲ့ ၀တ်စုံလေး၀တ်ပြီး လာခဲ့နော်..
ကိုယ်စောင့်နေမယ်....
ချစ်တယ် ထယ် '
YOU ARE READING
𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈
FanfictionKim Taehyung ဆိုတဲ့ဂနာမငြိမ်စွာတေးလန်တစ်ယောက် မိဘတွေရဲ့သဘောတူညီမှုတစ်ခုကြောင့် သူတစ်ခါမှမမြင်ဘူးတဲ့ လူတစ်ယောက်နဲ့လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ လက်ထပ်မယ့်နေ့မှာပဲ Taehyungတစ်ယောက် ကြေကွဲကာ သူမသောက်နိုင်တဲ့ အရက်တွေသောက်ပြီး လမ်းဖြတ်ကူးရာမှ "အုန်း" ကနဲဆို...