ကျေးငှက်သံများနှင့် ချိုသာစွာ သာယာလှပပါသော မနက်ခင်းလေးတစ်ခု။ မနက်အစောဘက်မလို့ အအေးဓာတ်များကဖုံးလွှမ်းထားသည်။
ထိုအပြင် စောင်ပုံထဲမှာ ကွေးကွေးလေးအိပ်ပျော်နေပါသော သူတစ်ယောက်လည်းရှိသည်။" ခလော...ခလော....ဖူးး "
အိပ်ယာကိုအပေါ်နဲ့အောက် ဇောက်ထိုးအိပ်ကာ ဟောက်နေပါသော ကင်မ်ထယ်ယောင်းပါလေ။ အိပ်မက်ကောင်းနေတယ် ထင်ပါရဲ့။
နေထွက်စပြုနေပြီဖြစ်လို့ ပြတင်းပေါက်ကနေ ထယ်ယောင်းရှိရာသို့ နေရောင်ခြည်အလင်းတန်းများ ဖြာကျလာသည်။
မျက်နှာပေါ်ဖြာကျလာသော အလင်းတန်းတို့ကြောင့် အိပ်ပျော်နေသော ထယ်ယောင်းမှာ လှုပ်လှုပ်ရွရွဖြစ်လာခဲ့သည်။" အား....နေထိုးတယ်... "
ကျွန်တော် ရာသီဥတုကအေးအေးလေးမို့ စောင်လေးခြုံကာ ကွေးကွေးလေးအိပ်နေတုန်း မျက်နှာပေါ် နေရောင်ကလာထိုးသည်။ မျက်လုံးတည့်တည့်ကိုနေက လာထိုးနေတာမလို့အိပ်လို့ မရတော့။ တကယ့်စိတ်ဓာတ်ပဲ။
ကျွန်တော်လည်း မဖွင့်ချင်တဲ့မျက်လုံးကိုပြူးကာ အိပ်ချင်မူးတူးဖြင့် အခန်းအပြင်ကိုထွက်လာလိုက်သည်။ ကျွန်တော်အခန်းထဲကထွက်လာတော့ အိမ်ထဲမှာလုံး၀ကိုတိတ်ဆိတ်နေတယ်။ မနက်ခင်းအစောပိုင်းလောက်ဆိုတော့ ပရစ်တွေရဲ့ ကြူကြူကြူကြူ အသံကလွဲပြီးဘာမှမကြားရ။ ဒါဆို ဟိုလူဂျောင်ကု ဘယ်ရောက်နေတာပါလိမ့်။
ကျွန်တော်လည်း အိမ်ရှေ့နဲ့အိမ်နောက်ပတ်ရှာသော်လည်း ဂျောင်ကုကိုမတွေ့။ ဂျောင်ကုက မနက်စောစောစီးစီး ဘယ်သွားတာပါလိမ့်။ အပြင်သွားမယ်ဆိုလည်း ကျွန်တော့်ကိုပြောပေါ့။ ဘယ်နဲ့အခုကျွန်တော်က ဒီအိမ်ထဲမှာတစ်ယောက်ထဲ ။
ကျွန်တော်လည်း သက်ပြင်းတစ်ချက်ချကာ လုပ်စရာမရှိ လုပ်စရာရှာ ဒီအိမ်မှာရှိတဲ့ပစ္စည်းတွေကို လိုက်လံစပ်စုတော့တယ်။ ဘာမှတော့မဟုတ်ပါဘူး...အခုလိုကျွန်တော်စပ်စုရတဲ့ ရည်ရွယ်ချက်က အရင်ခေတ်ကသုံးတဲ့ပစ္စည်းတွေကို နန်းတွင်းကားထဲမှာပဲမြင်ဖူးတာမလား။ အခုလက်တွေ့မြင်ဖူးအောင် လျှောက်ကြည့်တာ ဟဲဟဲ..
YOU ARE READING
𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈
FanfictionKim Taehyung ဆိုတဲ့ဂနာမငြိမ်စွာတေးလန်တစ်ယောက် မိဘတွေရဲ့သဘောတူညီမှုတစ်ခုကြောင့် သူတစ်ခါမှမမြင်ဘူးတဲ့ လူတစ်ယောက်နဲ့လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ လက်ထပ်မယ့်နေ့မှာပဲ Taehyungတစ်ယောက် ကြေကွဲကာ သူမသောက်နိုင်တဲ့ အရက်တွေသောက်ပြီး လမ်းဖြတ်ကူးရာမှ "အုန်း" ကနဲဆို...