5(fell for u)❤️

124 8 0
                                    

Unicode

ရိုးရာ သည် အိမ်ပြန်ရောက်ရောက်ချင်း ရေမိုး ချိုးကာ ညစာ စားဖို့အတွက်ပြင်ရလေသည်။ တစ်ယောက်ထဲ သမား မို့ထွေထွေ ထူးထူးတွေလဲ သိပ် ချက်မစားဖြစ်၊ ပေါင်မုန့် ကြက်ဥကြော်၊ ခေါက်ဆွဲပြုတ် စသည်တို့ကိုသာ အလွယ်တကူ လုပ်စားလေ့ရှိသည်။ ဒီနေ့ညအဖို့ လဲ ခေါက်ဆွဲစား ရန် ၀ယ်ပြီး သား အသင့် မရှိတာကြောင့် ရေခဲ‌သေတ္တာ ထဲက ပေါင်မုန့် ထုပ် ကို သာ ဆွဲထုတ် လိုက်သည်။ ထို့နောက် ညနေက ဟို သွားဖြဲ ကောင်လေး ပေးထားတဲ့ နို့ဗူး ကိုအမှတ်ရသွား‌ေတာ့အမှတ်မထင် တစ်ချက်ပြုံးလိုက်မိသွားသည်။ ရိုးရာ သည် လွယ်အိတ်ထဲမှာ ထည့်ထားသည့်နိုး ဗူးကိုထုတ်ကာ ပေါင်မုန့်နှင့်နို့ကို သာ စားရန် ပြင်လိုက်တော့သည်။

ရိုးရာ စားသောက်အပြီး ဖုန်းထုတ်၍ Facebook ကြည့်စဉ်တွင် messenger မှ

"hey yo!"

ထိုကောင်လေး သက်တန့်ပိုင်ပင်။ ရိုးရာ နောက်တစ်ခါပြုံး မိသွား ပြန်သည်။ မည်သို့ စာပြန်ရမှန်း မသိတာကြောင့် စဉ်းစားနေစဉ် နောက်ထပ်စာ တစ်ဆောင် ထပ်၀င်လာပြန်သည်။

"အကို ကျွန်တော်ပေးတဲ့ နို့ဗူး သောက်ကောင်းလား😬"

"အင်း"

"ကောင်းတယ် မလား အဲ့တာကြောင့်ပြောပါတယ် အရမ်းကောင်းတယ် လို့ ကျွန်တော်လဲ အရမ်းကြိုက်😋"

"အင်း ကျေးဇူး ‌ပဲ"

"အာ ရပါတယ်ဗျာ" "ဒါနဲ့ အကို မနက်ဖြန် ကန်တင်းဘက်သွားမှာ လားဟင်?"

"အင်း"

"အာ့ဆို အတော်ပဲ ကျွန်တော်လဲ မနက်ဖြန်ကန်တင်း သွားမှာ၊ အကို့ကို နို့ဗူး လာပေးမယ်"

"အင်း"

သက်တန့်သည် အင်း တစ်လုံးပဲ ပြောနေသည့် လူကြီးကို စိတ်မရှည်ချင်တော့သော်လဲ မိမိအား စကားပြန်ပြောသည်ကိုပင် ကျေးဇူးတင်ရမည် ဟုတွေးကာ စကား တွေဖောင်ဖွဲ့ ပြီး ရောက်တတ်ရာရာ ပြောနေမိသည်။
ရိုးရာ အတွက်လဲ ဒီညလေးကို ခါတိုင်း ညတွေလို အထီးကျန်စွာ မကုန်ဆုံးရတော့သဖြင့် စိတ်ထဲတွင်ကျေနပ်နေမိသည်။

ရှင်းသန့်သည် ဟိုနေ့ က သက်တန့်ပိုင်ရဲ့ ကောင်း မှုကြောင့် ကိုတည်တံ့ဆီမှာ တကယ်မလိုအပ်ဘဲ ချေးခဲ့ ရသည့် ပိုက်ဆံကို ပြန်ဆပ်ရန် engineer ဆောင်ဘက်ရောက်နေခြင်း ဖြစ်သည်။ အစက ဟိုသုံးယောက်ကိုပါအဖော် လိုက်ခဲ့‌ေပးဖို့‌ေခါ်ရန်စဉ်းစား ထားသော်လဲ ငနဲ သုံးကောင်က မိမိအား လှောင်ရယ်မှာ သိတာကြောင့် မခေါ်ဘဲ ထားခဲ့ လိုက်သည်။

All My Love Is 4uWhere stories live. Discover now