ရိုးရာတို့နှစ်ယောက် ကားကွင်း ထဲတွင် ဖက်ထား မိကြသည်မှာ အတန်ကြာသည် အထိ။ ထိုကောင်လေး ကလဲ မိမိ အား မလွှတ်ပေ။ ရိုးရာ မှာလဲ မိမိရုန်းလိုက်လျှင် ကောင်လေး ရှက်သွားမည် ဆိုးသော ကြောင့် မရုန်းမိ။ မိနစ် အနည်းငယ်ကြာလာတော့ နေ အနည်းငယ် ပူလာကာ၊ လူတွေလဲ တစ်ဖြေးဖြေး ကြည့်လာ ကြသဖြင့်
"အကိုတို့သွားရအောင်လေ"
သွားဖြဲကောင်လေးက မိမိအား မော့ကြည့်ကာ ပြုံးပြရင်း
"ဟုတ်အကို"
ထို့နောက် မိမိရှေ့မှ ခုန်ဆွ ခုန်ဆွနှင့် ထွက်သွားလေသည်။
"အကို ကျွန်တော်တို့ မနက်စာ ၀င်စားကြမလား"
"အင်း စားလေ"
" အကို ဘာစားချင်လဲ"
"ရတယ် ဘာဖြစ်ဖြစ်"
"အဲ့ဆို ကျွန်တော် ရှမ်းဆိုင် မောင်းလိုက်မယ် ဒီနားမှာ ရှမ်းဆိုင်ကောင်းကောင်းတစ်ဆိုင်ရှိတယ်"
"အင်း"
သက်တန့်တို့ ကားလေးသည် သံသုမာ လမ်းမပေါ်ရှိ ရှမ်းရိုးရာ စားသောက်ဆိုင် တစ်ဆိုင် ရှေ့တွင် ရပ်လိုက်လေသည်။ ဆိုင်လေးမှာ အကြီး ကြီး မဟုတ်သော်လဲ သပ်သပ်ရပ်ရပ်ရှိလှသည်။
သက်တန့်တို့ ဆိုင်ထဲကို ၀င်၀င်ချင်း ဖော်ရွေလှသည့် ၀န်ထမ်း(စားပွဲထိုး) ကောင်မလေးက သက်တန့်တို့အားနေရာချပေးသည်။ ထို့နောက် သူတို့ဆိုင်၏ မီနူး ကတ်အား ပေးရင်
"အကိုတို့ဘာများ သုံးဆောင်ကြမလဲရှင့် ဒီဆိုင်မှာရှမ်း အစားအစာ အကုန်ရပါတယ်ရှင့်"
"အကိုအတွက် ရှမ်းခေါက်ဆွဲတစ်ပွဲပေးပါ"
"ဟုတ် ဒီဘက်ကအကိုကရော ဘာများသုံးဆောင်မလဲရှင့်"
" တို့ပူးနွေး တစ်ပွဲပေးပါ"
"ဟုတ်ကဲ့ပါရှင့်"
ဟုဆိုကာ စားပွဲထိုးကောင်မလေးသည် ဆိုင် အတွင်း ဘက်သို့လျှောက်သွားလေသည်။
"အကို ဒီဆိုင် ကအရမ်းစားကောင်းတာ သိလား ဈေးလဲ ချိုတယ်"
"အင်း"
YOU ARE READING
All My Love Is 4u
Romanceစပ်စလူးဓာတ်ဗူး သက်တန့်ပိုင် နဲ့ ရေခဲတုံးကြီး ရိုးရာတို့ရဲ့ ချစ်ကြည်နူး တစ်တီတူးတာလေးတွေကိုတွေ့ရမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးပဲ သွားထားတာပါ၊ အားလုံးဖတ်ရတာ စိတ်ကျေနပ်မှု ရကြပါစေ🙇❤️