Unicode
ပြိုင်ကား အဝါရောင်လေး သည် ရန်ကုန်မြို့လည် ရှိ private university တစ်ခု၏ ကျောင်း၀န်းထဲ သို့ အရှိန်ဖြင့် ၀င်ရောက်လာလေသည်။ ကျောင်း၀န်း ထဲရှိ လူအားလုံး ရဲ့ အကြည့်သည် လဲ ထိုကား အဝါရောင်လေး ဆီမှာ ကပ်ငြိနေကြလေသည်၊ ကား ထက်ကား ပိုင်ရှင်ဆီမှာ လို့ပြောရင် ပိုမှန် လိမ့်မည်။ ဒီကျောင်းမှာ ထိုကားလေးနဲ့ ကားပိုင်ရှင်ကို မသိတဲ့သူမရှိ၊ ရှိခဲ့ရင်လဲ ရိုးရာ တို့ ရာဇ၀င်ရိုင်း သွားမှာပေါ့။ ထိုစဉ် shirt လက်ရှည် အဖြူနဲ့ necktie ကိုstyle pant နက်ပြာနှင့် တွဲ၀တ်ထားပြီး ကားပေါ်က style ကျကျဆင်းလာသူမှာ Myanmar's Shining Star University ရဲ့ the whole king ရိုးရာနောင်ပင်။
(ရိုးရာစီးတဲ့ ကားမျိုးပါ)
ရိုးရာ သည် အများ နည်းတူ ကျောင်းuniform ၀တ်ထား သော်လဲ ၆ပေကျော်သော အရပ်၊ ကျစ်လျစ်သော ခန္တာကိုယ် အချိုး အစား၊ မဖြူမညို အသားရည်တို့ကြောင့် အများနှင့်မတူပဲ ထင်းလင်း ပေါ်ထွက်နေသည်။ ရိုးရာ car parking မှ ကျောင်းစာသင်ဆောင်များ ဘက်သို့လျှောက်လာစဉ်မှာလဲ ကောင်မလေး တချို့ နောက်ကမသိမသာ ကပ်လိုက်လာကြသေး သည်။ အကြည့်စူးစူး တချက်ပို့ ပေး လိုက်မှ ကျန်နေခဲ့ကြတာ ပင်၊ ဒါတောင် တီးတိုးပြောသံများ ကြားရသေးသည်။ ဘာတဲ့ "king award ကို သုံးနှစ်ဆက်တိုက်ရတာလဲ မဆန်း ပါဘူးတဲ့လေ၊ တကယ်ဆို တစ်သက်ဆာ king award တောင်ရသင့်သေးသည်တဲ့"။
ရိုးရာသည် မိမိ major ဖြစ်သည့် engineering ဆောင်ဘက်သို့ ရိုးရိုး လှေကားဖြင့်သာတက်လာခဲ့သည်။ ဓာတ်လှေကား ရှိသော်လဲ လူပြည့်နေမှာကိုသိသည်ကတစ်ကြောင်း၊ မနက်စောစောစီးစီး သွေးပူလေ့ကျင့်ခန်းလုပ်ချင်တာကတစ်ကြောင်းကြောင့် သုံးလွှာရှိ မိမိစာသင်ခန်းသို့ ခြေလျင် သာ တက်လာခဲ့ခြင်းပင်။ ထိုစဉ်
YOU ARE READING
All My Love Is 4u
Romansစပ်စလူးဓာတ်ဗူး သက်တန့်ပိုင် နဲ့ ရေခဲတုံးကြီး ရိုးရာတို့ရဲ့ ချစ်ကြည်နူး တစ်တီတူးတာလေးတွေကိုတွေ့ရမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးပဲ သွားထားတာပါ၊ အားလုံးဖတ်ရတာ စိတ်ကျေနပ်မှု ရကြပါစေ🙇❤️