7(super shy)🍅

100 6 0
                                    

သွားဖြဲကောင်လေးရဲ့စကားကြောင့် ရိုးရာရုတ်တရက်တော့ကြောင်ရသွားသည်။ စိတ်ထဲမှာလဲ ကျေနပ်သလို ပျော်သလိုလို လှိုင်း အ‌ေသေးစားက စက္ကန့်ပိုင်းစာ လေး ဖြတ်ပြေးသွားသေး၏။

ထိုကောင်လေးက ဆက်၍

"ကျွန်တော် အကို့ကို ဘယ်ကတည်း ကစပြီး ဒီလို ခံစားရလဲ သေချာမ‌သိပေမယ့်၊ gathering နေ့ကတည်းက စပြီး ပိုစွဲလန်းသွားတာတော့သေချာတယ်"

"အဲ့တာကြောင့်မို့ အကို့ကို ကျွန်တော်ပိုးမှာ မလို့ အကို့ဘက်ကအဆင်သင့်ပြင်ထား"

ရည်းစား စကားပြောတာလား ခြိမ်း‌ခြောက်တာလားတောင်မသဲကွဲတော့ပါ။

ရိုးရာ သည် မိမိကို မကြည့်ဘဲ ခေါင်းကြီးငုံ့ကာ ပြောချင်တာပြောနေသည့် ပေါက်စ ကို ကြည့်ပြီး အသည်းတွေယား လာရသည်။ ထိုကောင်လေးက အခုထိ ခေါင်းမမော့သေး။ ကြမ်းပြင်ပေါ်တွင်သဲမှုန် ဘယ်နှမှုန်ရှိလဲ ရေနေသည့်အလား။
ရိုးရာ လဲ စိတ်မထိန်းနိုင်ဘဲ တစ်ချက်ရယ်လိုက်မိသည်။

"အဟက်"

ထိုအခါကသွားဖြဲကောင်လေးကမော့ကြည့်လေ သည်။ ထို့နောက် နှုတ်ခမ်းဆူကာ

"ကျွန်တော်ပြောတဲ့ထဲမှာ ရယ်စရာ မပါဘူးထင်တာပဲ"

ရိုးရာလဲ ရယ်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းကာ

"ပြောပြီးပြီမလား ကိုယ် အတန်းရှိသေးလို့သွားရတော့မယ်"

"အဲ့တော့စောန က ကျွန်တော်ပြောသလို အကို့ကို ကျွန်တော်ပိုးမှာ"

"အင်း"

မိမိနတ်သားလေးက "အင်း" ဟုဆိုကာ ထွက်သွားလေပြီ။

သက်တန့်ဖွင့်ပြောတာကို မငြင်း သည့်အပြင် အင်း ဟုတောင် စကားပြန်ပြောသွားသဖြင့် အခြေနေကောင်းသည်ဟု ဆိုရပေမည်။

သက်တန့်သည် အခုန်နှုန်း မြန်နေတဲ့ မိမိ‌ရင်ဘတ်ကိုမိမိ ဖိကာ ဖွင့်ပြောခြင်းအောင်မြင်ခဲ့ သဖြင့် အပျော်ကြီး ပျော်နေရ‌ေတာ့သည်။

ရိုးရာ မှာလဲ ထိုကောင်လေးရှေ့က အမြန်ဆုံး ထွက်လာခဲ့တော့သည်။ မဟုတ်ရင် အသည်း ယားလွန်း၍ တစ်ခုခု လုပ်မိနိုင်သည်မလား။

All My Love Is 4uWhere stories live. Discover now