"hi everybody ငါကခုမှ မန္တေလးက ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ်ပါ အသက်က ၂၀ အကုန်လုံးနဲ့ရွယ်တူနီးပါးပဲဖြစ်မယ်ထင်တယ် ခင်ခင်မင်မင်ဆက်ဆံပေးကြ ပါ ဪ မေ့လို့ ငါ့နာမည်က သုခကိုကို"
အသံကျယ်ကျယ် ကျယ်ကျယ်ဖြင့် တက်တက်ကြွကြွ သူ့ကိုယ်သူ အတန်းရှေ့မှာ မိတ်ဆက်နေတဲ့ အရပ်ရှည်ရှည် အသားဖြူစုပ်စုပ်နဲ့လောရှည်ကောင် ကို သုခတစ်ယောက် အိပ်ငိုက်နေရာမှ ခေါင်းထောင် ကြည့်မိသည်။
အစကတော့ သူဘာသူ မိတ်ဆက်နေတာမို့ စိတ်မ၀င်စားမိ၊ နာမည်ကြားမိကမှာ အိပ်ချင်နေတဲ့ မျက်လုံးတောင် ပြူးထွက်သွားသလိုပင်။
ဘယ်လိုတောင် နာမည်လာဆင်နေတာ လဲ။
"ဟဲ့ သုခ နင်နဲ့ နာမည်ဆင်တယ်နော်"
"အေး နာမည်ကလဲ ပေးစရာရှားလို့ ငါ့နာမည်နဲ့တူတာ လာပေးထားတယ်"
"နာမည်သာ ဆင်တာ ရုပ်ရည်နဲ့ အရပ်အမောင်း ကဝောာ့ တစ်ခြားဆီ ပဲ ရွှေနဲ့ အီး"
စကားပင်မဆုံးလိုက် ပိုးပိုး တစ်ယောက်ရဲ့ကျောပြင်မှာ ဗျောတင်ခံလိုက်ရလေသည်။
ဒါတောင် မယ်မင်းကြီး မ ကမမှတ်သေး စပ်ဖြဲဖြဲ လုပ်ကာ အရိုက်ခံထားရတဲ့ ကျောကုန်းကို ပွတ်ရင်း
"ငါပြောတာမှားလို့လား ရှင်းသန့်ရယ်"
ရှင်းသန့်ဘက်သို့လှည့်ကာ စစ်ကူတောင်းပြန်သည်။
ဘယ်ချိန်ကတည်း ကပြောချင်နေမှန်း မသိတဲ့ရှင်းသန့်ကလဲ-
"မင်းတို့နှစ်ယောက်က ငယ်ငယ်ထဲကကွဲသွားတဲ့ ညီအကိုတွေများ လား မြန်မာကားထဲကလိုလေ"
"ညီအကိုတော့မဖြစ်နိုင်ဘူး ဒီဆိုဒ်နဲ့ဒီဆိုဒ် သားအဖပဲဖြစ်ရမယ်"
သက်တန့်ရဲ့ စကားကြောင့် တစ်ဖွဲ့လုံး ပွဲကျသွားပေမယ့် ပွဲမကျနိုင်သူမှာတော့ သုခညီညီ ပင်။
မိမိကို သူများေတွလို ထွားထွားကြိုင်းကြိုင်း မမွေးပေးခဲ့တဲ့
အိမ်ကအဖေနဲ့အမေကို စိတ်ထဲကပင် မျက်စောင်းထိုးပေးလိုက်သည်။
YOU ARE READING
All My Love Is 4u
Romanceစပ်စလူးဓာတ်ဗူး သက်တန့်ပိုင် နဲ့ ရေခဲတုံးကြီး ရိုးရာတို့ရဲ့ ချစ်ကြည်နူး တစ်တီတူးတာလေးတွေကိုတွေ့ရမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးပဲ သွားထားတာပါ၊ အားလုံးဖတ်ရတာ စိတ်ကျေနပ်မှု ရကြပါစေ🙇❤️