ရိုးရာတစ်ယောက် ဟိုသွားဖြဲကောင်လေး တင်ထားသည့် story ကြောင့် မိုးလင်းထဲက စိတ်မကြည်ပေ။
မနက်စောစောစီးစီး ဖုန်းကောက်ကိုင်ကာ လိုင်းဖွင့်ပြီး သက်တန့်ပိုင်ရဲ့ storyကို ၀င်ကြည့်မိသည့် ကိုယ့်ကိုယ်ကိုသာ နားရင်းပြေးအုပ်ချင်လှသည်။
ကိုယ့်ကိုကျ ချစ်လှ ပါပြီ ကြိုက်လှ ပါပြီ ပြော ထားပြီး အခုကျ story မှာ
senior အကို ဘုန်းစွမ်းရည် နဲ့ ပြုံးပျော်နေသည့်
ထိုသွားဖြဲလေးကို လဲ ဂုတ်မှ ဆွဲကာ ဧရာ၀တီ မြစ် ထဲသာ လွှတ်ပစ်လိုက်ချင်ေတာ့သည်။ကိုယ်ကိုတိုင် က သက်တန့်ပိုင်ကို ကိုယ်တ်ိုင်ပင် သတိမထားမိလိုက်သည့် အချိန်အတွင်းမှာ ချစ်မိနေတာ သေချာနေပြီ ဖြစ်သော်လည်း ကျောင်းစာများကတစ်ဖက်၊ အချစ်ရေး ကတစ်ဖက် နှင့် ထိုကောင်လေး အာရုံများမှာ ဆိုးတာ ကတစ်ကြောင်း၊
ထိုကောင်လေး မိမိအား ခဏတာ စိတ်ကစား နေတာ ဖြစ်မှာဆိုး ဝာာ က တစ်ကြောင်း ၊ သာမန် အတွဲမျိုး မဟုတ် သည့် အတွက် ပတ်၀န်းကျင် ၏ အတိုက်အခိုက်တွေကို သက်တန့် မခံနိုင်မှာဆိုး တာကတစ်ကြောင်း
ကြောင့်
နှစ်ယောက်လုံး ကျောင်းပြီး မှ၊ အလုပ်အက်ိုင် အတည်တကျ ဖြစ်မှသာ
သူနဲ့ တရား၀င်တွဲဖို့ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။သို့သော် အခုအခြေအနေတိုင်းဆိုလျှင် လွှတ်ထားလို့ မရတော့ပေ။
သက်တန့်ကို မြင်တိုင်း မရိုးမယွနဲ့ ဆွဲနမ်းပစ်ချင် စိတ်တွေ၊ သွားလေးဖြဲ ပြတိုင်း ချီပြီး အိမ်ခေါ်သွား ချင်စိတ်တွေကို သိက္ခာနဲ့ ထိန်းထားရတာ ဘယ်လောက်ပင်ပန်းတယ် ထင်လဲ။
အခု သက်တန့်ပိုင် ရဲ့ တစ်ခြားသူတစ်ယောက် နဲ့ နီးနီးကပ်ကပ် နေနေတဲ့ ပုံကို
မြင်လိုက်ရတော့ ပိုပြီး သေချာသွားတာက ထိုကောင်လေး ကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူးဆိူတာကိုပင်။ထို့ကြောင့် ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာချကာ ထိုလူသားလေး ရှိနေမည့် ကျောင်း ကန်တင်း ဆီသို.....
******
"ဟေ့ကောင် ရှင်း သန့်မှူး မညစ်ပတ် စမ်းနဲ့ကွာ မင်းလက်ကြီးနဲ့ မစားးးစမ်းနဲ့"
YOU ARE READING
All My Love Is 4u
Romanceစပ်စလူးဓာတ်ဗူး သက်တန့်ပိုင် နဲ့ ရေခဲတုံးကြီး ရိုးရာတို့ရဲ့ ချစ်ကြည်နူး တစ်တီတူးတာလေးတွေကိုတွေ့ရမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးပဲ သွားထားတာပါ၊ အားလုံးဖတ်ရတာ စိတ်ကျေနပ်မှု ရကြပါစေ🙇❤️