ပင်းခရစ်တန် တယောက် ပြောစရာစကားမရှိအောင်ဆွံအသွားတယ် သူနားကြားများလွဲသလားဆိုပြီး ပြန်မေးမိတယ်
" မန်နာ! မင်းနောက်နေတာတော့ မဟုတ်ပါဘူးနော် မင်း....."
"ငါ တကယ်ပြောတာ ပင်း.. လမ်းခွဲရအောင် ငါတို့ ၂ယောက်မလိုက်ဖက်ပါဘူး နင်ငါ့ကိုကြိုက်နေသေးတယ်လို့တော့မပြောလိုက်နဲ့နော်.."
"အေးလေ မင်းမပျော်တော့လည်းပြတ်တာပေါ့"
မန်နာလည်း စိတ်မကောင်းတော့ဖြစ်မိတယ် ဒါပေမယ့်......
" ငါအအေးဖို့လေး ရှင်းပေးခဲ့နော် ငါ ဂိမ်းဆိုင်သွားမလို့ ၂၀၀၀လောက်ပါပြန်ချေးခဲ့..."
" ပင်းခရက်တန်!!!!!!"
မန်နာ စိတ်ညစ်တာ အဲဒါပဲ တွဲလာတဲ့ ၃ နှစ်စလုံးမှာ ဒီပုံစံပဲ သူများအတွဲတွေဒိတိရင် ပန်းခြံတို့ ရုပ်ရှင်ရုံတို့သွားတယ် သူနဲ့ကျမှ တခါသွားလည်း ကစားကွင်း နှစ်ခါချိန်းလည်း ကစားကွင်း...... ရည်းစားရတာလား ကလေးရတာလား မသဲကွဲတော့ဘူး သူငယ်ချင်းတွေလည်း စနောက်လာကြပြီလေ...အခုလည်းကြည့် ပိုက်ဆံယူပြီးတာနဲ့ ပြေးသွားပြီ သူ့ကိုနည်းနည်းမှ အဖတ်မလုပ်.....တအောင့်နေတာ့ ပင်း ဆီကစာဝင်လာတယ်
" မင်းပျော်အောင်သာနေ ငါ့ကို ဂရုမစိုက်နဲ့ နောက်ကောင်မလေးချောချောတွေ့ရင် ငါ့ကို မိတ်ဆက်ပေးနော် ဘိုင့်"
တကယ်တော့ ပင်းတယောက် မန်နာကို ချစ်ခဲ့ပါတယ် ဒါပေမယ့် လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက မန်နာ ဟာ online ကနေချစ်သူရနေတာ ပင်း သိလိုက်တယ် ပင်း မန်နာဆီက ဒီစကားကြားရမယ် ဆိုတာ သိပြီးသားပါ ဒါကြောင့် ကိုယ့်ကိုကိုယ်ပြင်ဆင်ထားပြီးသားပါ....
YOU ARE READING
ex ရေးတဲ့ ဖူးစာ
Fanfictionပင်းခရက်တန်ရဲ့ကောင်မလေး မန်နာက ရုတ်တရက် ပင်းကို လမ်းခွဲသွားခဲ့တယ် မန်နာ မှာ မင်းနစ်ချာ ဆိုတဲ့ အကိုတယောက်ရှိပါတယ် မန်နာက သူ့ရဲ့လက်ရှိချစ်သူနဲ့ အတူနေရဖို့အတွက် အကိုအိမ်ထောင်ပြုမှ ရမယ်လို့ အမေက အမိန့်ထုတ်လိုက်တဲ့အခါ သူ့အကို ရည်းစားရအောင် သူရဲ့ အကြံတွေ...