မင်းနစ်ချာတို့ ကားဆီပြန်ရောက်လာတော့ ကားပေါ်မှာ ပင်း တို့ကို မတွေ့တော့ စိတ်ပူသွားတယ်...
"မန်နာ က စိတ်မရှည်ဘူး ကြည့်ရတာသွားပြီ ထင်တယ်.."
"မဖြစ်နိုင်တာ..မန်နာက ဒီကို ရောက်ဖူးတာ မဟုတ်ဘူး...မင်းနစ်ချာရဲ့ မင်း ညိမ အကြောင်း မင်း ကောင်းကောင်း မသိသေးဘူးပဲ.."
ဒီလိုပြောခံ ရတာကို မင်းနစ်ချာ မကြိုက်ပါဘူး...မင်းနစ်ချာနဲ့ မန်နာက မောင်နှမအရင်းတွေပါ..သွေးနီးလွန်းတဲ့ သူ့ထင် အပြင်သူစိမ်းဖြစ်တဲ့ ဂျွန်က သူ့ညိမအကြောင်း ကောင်းကောင်း သိနေတယ်ဆိုတော့ သူက အသုံးမကျတဲ့ အကို ဖြစ်သွားတာပေါ့.....
"ငါ့ဟာငါ ငါ့ညိမအကြောင်း ကောင်းကောင်း မသိတာ မင်းအပူပါလား."
"မင်းနစ်ချာ..ငါတို့ ရန်ဖြစ်ဖို့ အချိန်မရှိဘူး..မှောင်နေပြီ..တော်ကြာ စခန်းမရောက်ရင် အကုန်လုံး ကျားစာ ဖြစ်ကုန်လိမ့်မယ်.."
"မင်းကကို ဘာလို့တောထဲက ဆင်စခန်းကို ရွေးရတာလဲကွာ.."
"ငါရွှေးတာ မဟုတ်ဘူး ပါမောက္ခ က သွားခိုင်းတာ...ဆင်ထိန်းတွေ အခုတလော အရမ်းအခက်တွေ့နေတယ်ဆိုလို့လေ..."
မင်းနစ်ချာ ဘာမှ ပြန်မပြောတော့..အနီးတဝိုက်မှာ အရင် ဝေ့ဝိုက်ပြီး အရင်ရှာကြည့်တယ်..မတွေ့ခဲ့..စခန်းကို အကြောင်းကြားလိုက်ရမလားလို့ ပြောနေကြတုန်း..မန်နာ တို့ကြန်ရောက်လာတယ်..ပင်း ကတော့ အခြေအနေမကောင်း..သတိလစ်ချင်နေတယ်..ဒါပေမယ့် အသိကတော့ ရှိနေဆဲ...
"ပင်းပင်း..ငါခေါ်တာ မင်းကြားရလား.."
"ကြား..ကြားတယ်..ငါ..ငါမောတယ်..."
"မန်နာ သကြားလုံးထုပ်ရှာစမ်း"
"ဟုတ် ကိုကြီး.."
မင်းနစ်ချာ ပြောတဲ့အတိုင်း မန်နာ တယောက် သကြားလုံးထုပ်ကို အိတ်တွေထဲမှာ လိုက်ရှာတယ်..မင်းနစ်ချာက ဆရာဝန်ဆိုတော့ သူ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်း သိနေတယ်လေ...ပင်းရဲ့ အကျ်ီ ကြယ်သီး တချို့ကို ဖြုတ်ပြီး..အသက်ရှူချောင် အောင် အရင်လုပ်ပေးတယ်...မန်တာက သကြားလုံးကို သးယူလာပြီး ပင်း ကို ကျွေးတယ်..ဒါပေမယ့် ပင်းဟက လှုပ်ရှားဖို့ အင်အားမရှိတော့ သကြားလုံးကို မစားနိုင်ပါဘူး..ဒီတော့ မင်းနစ်ချာ က ပါးစက်နဲ့ ခွံ့ကျွေးတယ်..မန်နာ က မျက်လုံးပြူးသွားတယ်...
"ဟဲ့ ဘေဘီက ကလေးပဲရှ်သေးတယ် ဒါတွေမကြည့်ရဘူး လာ လာ"
"နေအုံးလေ ပင်း ရှိသေးတယ်.."
"လာပါကွာ လွတ်ထားလိုက်..."
ဂျွန် တယောက် မန်နာကို ကား ရဲ့ အပြင် ကို ဆွဲခေါ်ထုတ်သွားတယ်...
မန်နာတယောက် ပင်း နဲ့ သူ့အကို ကိုစိတ်မချ..ဒါပေမယ့် ၂ ယောက်တည်း အတူပေးရှိချင်တယ်...
မင်းနစ်ချာ ရဲ့ ရင်ခွင်ထဲမှာ နစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ပင်း...မင်းနစ်ချာ တယောက် ပင်း ကို အကြာကြီးစိုက်ကြည့်နေမိတယ်..မိန်းကလေးတွေလို ဖြူဝင်းလွန်းတဲ့ အသားအရေနဲ့ ပန်းဆီရောင် သန်းနေတဲ့ နှုတ်ခမ်း...စွဲမက်ဖွယ်ကောင်းလွန်းတဲ့ ကိုယ်သင်းနံ့....
မန်နာပြောတယ့် ချစ်တယ် ဆိုတာ..က ဘာလဲ ဆိုတာဟမင်းနစ်ချာ တယောက် တဖြည်းဖြည်းနဲ့ သဘောပေါက်လာပါပြီ..ဒီကောင်လေးကို သူ ချစ်မိနေတာ သေချာတယ်..အိပ်နေတဲ့ ပင်း ရဲ့ နဖူးပေါ်က ဆံနွယ်စလေးတွေကို သပ်ပေးရင်း...မှိတ်ထားတဲ့ မျက်ဝန်းလေးတွေကို ငုံ့နမ်းမိတယ်...သွယ်လျတဲ့ လက်ချောင်းလေးတွေကို ဆုပ်ကိုင်ပြီး သူ့ရင်ဘတ်နားမှာ ကပ်ထားလိုက်တယ်....သူ့ရဲ့ မြန်နေတဲ့ နှလုံးခုန်သံကြောင့်များလား..မသိ..ခဲ့...ပင်း တယောက် နိုးလာတယ်...ပင်း နိုးလာတော့ သူအိပ်နေတာ မင်းတစ်ချာရဲ့ ရင်ခွင်ထဲမှာ ဆိုတာ သိတယ်..ဒါပေမယ့် သူ ရုန်းထွက်လာဖို့ ခွန်အားမရှိခဲ့.....
"နိုးပြီလား ပင်း.."
"အယ်..ဟုတ်ကဲ့..''
"တရေးလောက် ထပ်အိပ်လိုက်ပါလား.."
"တော်ပါပြီ..သွားစရာရှိတာပဲ သွားကြတာပေါ့..."
ပင်း ဟာ ပြောပြီးတာနဲ့ လွယ်အိတ်ယူပြီး ကားပေါ်က ဆင်းလာတယ်..အပြင်မှာ ဖက်နေကြတဲ့ မန်နာ နဲ့ ဂျွန် ကိုတွေ့လိုက်တယ်...ပင်း ဟာ မန်နာကို လက်ဆွဲပြီး..သွားဖို့ခေါ်တယ်..ဂျွန်ကတော့ စိတ်ညစ်သွားတယ်..သူ့ကောင်မလေးနဲ့ ရိုပါမယ် ဆိုမှ..ပင်း က လာခေါ်သွားပြန်ပြီ.....
ကားထဲကနေထွက်လာတဲ့ မင်းနစ်ချာကို ဂျွန် တယောက် ရန်သွားရှာတယ်...
"မင်း လူကို မင်း ရအောင်ခေါ်ထားပါလားကွာ.."
"မရလို့ပေါ့"
"တူတူတောင် အိပ်ပြီးပြီဟာကိုကွာ.."
"ဘာ မင်း စကား မလွန်လာနဲ့.."
မင်းနစ်ချာ တယောက် ဂျွန်ကို အော်ပြီး ထွက်လာလိုက်တယ်..ဒီလိုနဲ့ သူတို့ ဆင်စခန်းကိုရောက်လာတယ်....စခန်းမှူးက လာနှုတ်ဆက်တယ်...ပင်း နဲ့ မန်နာက ဘာမှ ဝငါမပြောခဲ့.....
"ဂျွန်တို့လာကူလို့ကျေးဇူးပါပဲကွာ.."
"ရပါတယ်..ဆရာကြောင့်ပါ.."
"ဒါနဲ့ သူလေး ၂ယောက်က..."
"ဒါ ကျတော့်ကောင်မလေး မန်နာ ဒီဘက်က သူ့အကို မင်းနစ်ချာ.."
"အာ...group ထဲက တယောက်.."
"အင်း ဟုတ်တယ်..သူက တော့ နစ်ချာ..ချစ်သူ..ပင်း.. ပင်းခရက်တန်..."
စခန်းမှူးက ပုံမှန်ပေမယ့် လက်ထောက်ဆိုတဲ့ ကောင်လေးက အကြည့်တွေ မရိုးသား..ပင်း ကို ခနခန လာကြည့်နေတော့ မင်းနစ်ချာတယောက် ထမရ ထိုင်မရ ဖြစ်နေရတယ်....
"ပင်း..မင်း ငါနဲ့လာနေလိုက်ပါ.."
"မနေပါဘူး ကျတော် မန်နာနဲ့ပဲ တူတူနေမှာ.."
ပင်း တယောက် မန်နာ လက်ကိုပဲ ဆွဲထားခဲ့တယ်...မှန်တယ်လေ မင်းနစ်ချာက အဲ့လောက်ကြမ်းတာ..ပင်း ဘယ်လိုလုပ်သူနဲ့ အတူအိပ်ရဲမှာလဲ..မန်နာက ရယ်လိုက်ပြီး....
"ရတယ်..ပင်း မန်နာနဲ့ တူတူအိပ်လိုက်မယ်...ကိုကြီးက ဂျွန်နဲ့ တူတူအိပ်လိုက်..."
မန်နာရဲ့ စကားကြောင့် ပင်းတယောက် မျက်နှာလေး လင်းသွားတယ်..ဘာပဲဖြစ်ဖြစ် ပင်း ကို နေရာတကာလိုက်ကာပေးတဲ့ မန်နာ လို သူငယ်ချင်းလေး ကို ပိုင်ဆိုင်ထားရတယ ပင်း ပျော်တယ်...
..............
ညရဲ့ အလင်းကတော့ ပုံမှန်ထက် ပိုမှောင်နေဆဲ ဒါပေမယ့် ကောင်းကင်က ကြယ်လေးတွေကတော့ ညပန်းချီပမာ..တောအုပ်ထဲမှာ ဆိုပေမယ့် စခန်းက လူတွေက နေရောင်ရအောင် ကင်းတဲ တဝိုက်ကို အပင်တွေခုတ်ထားတော့ ကောင်းကင်ကြီးကို ရှင်းရှင်းလင်းလင်းမြင်ရတာပေါ့...
ပင်း တယောက် အိပ်လို့ မပျော်တာနဲ့ ကွင်းပြင်မှာ ထိုင်ရင်း ယြၽတွေ ငေးကြည့်နေတယ်...မြို့မှာလိုတော့ အပူချိန်မများတဲ့ အတွက်..နေလို့တကယ်ကောင်းတယ်..မျက်စိရှေ့ ရောက်လာတဲ့ ကော်ဖီခွက်ကြောင့်..ပင်း တယောက် ပေးတဲ့လူကို မော့ကြည့်လိုက်တယ်...
သူကတော့ မင်းနစ်ချာ.....
"မအိပ်သေးဘူးလား.."
မင်းနစ်ချာက မေးရင်းနဲ့ သူ့ဘေးမှာ ဝင်ထိုင်တယ်..ပင်း ကလည်း မသိမသာလေး ဘေးကို တိုးထိုင်လိုက်တယ်..ပင်း လုပ်လိုက်တာကို မင်းနစ်ချာ သိပေမယ့် တချက်ပဲပြုံးလိုက်ပြီးတယ်.......
............
.............
YOU ARE READING
ex ရေးတဲ့ ဖူးစာ
Fanfictionပင်းခရက်တန်ရဲ့ကောင်မလေး မန်နာက ရုတ်တရက် ပင်းကို လမ်းခွဲသွားခဲ့တယ် မန်နာ မှာ မင်းနစ်ချာ ဆိုတဲ့ အကိုတယောက်ရှိပါတယ် မန်နာက သူ့ရဲ့လက်ရှိချစ်သူနဲ့ အတူနေရဖို့အတွက် အကိုအိမ်ထောင်ပြုမှ ရမယ်လို့ အမေက အမိန့်ထုတ်လိုက်တဲ့အခါ သူ့အကို ရည်းစားရအောင် သူရဲ့ အကြံတွေ...