ညအမှောင် အောက်မှာ ဘယ်လောက်ကြာအောင် စကားပြောမိကြလဲ မသိတော့....ရာသီဥတုက ပိုအေးလာမှ ညနက်လာမှန်း သတိထားမိလာကြတယ်...ဒါပေမယ့် ဒီညက ပင်း အတွက်တော့ မှတ်မှတ်ရရ ည တည ဖြစ်ခဲ့ရတယ်..ကိုယ်သဘောကျတဲ့သူ..ကြယ်ကြည့်ချင်တဲ့ ဆန္ဒလေးပြည့်သွားတယ်..မန်နာတို့ကိုပဲ ကျေးဇူးတင်ရမယ်...ဒါပေမယ့် မင်းနစ်ချာကိုတော့ လွယ်လွယ်နဲ့ လက်ခံလို့မဖြစ်သေးတာတော့ ပင်း သိတယ်....
မနက်ရောက်တော့ စခန်းကလူတွေနဲ့ အတူ မနက်စာ စားကြတယ်..လက်ထောက်ဆိုတဲ့ ကော၈်လေးက ပင်းကို တကြည့်ကြည့်နဲ့ ဖြစ်နေလို့ မင်းနစ်ချာ တယောက် စိတ်မချနိုင်...အခုတောင် ပင်း ထိုင်နေတာကို လိုက်စကားပြောနေတာတွေ့နေရတယ်...
ပင်း တယောက် ..လုပ်စရာကတော့ လုံး၀မရှိ..မင်းနစ်ချာက မခိုင်းရ ဟု အမိန့်ထုတ်ထားသောကြောင့် အခန်းဖော်တွေရော စခန်းက သူတွေပါ မခိုင်းရဲ..သူက ဆရာဝန်လေ သူ က အဖွဲ့သားအားလုံးထဲမှာ အရေးပါဆုံးဖြစ်တော့ သူ့စကားကို လူတိုင်းနားထာင်ကြတယ်...
မန်နာက ထမင်းဟင်းချက်ရာမှာသွားကူပေးနေတော့ သူနဲ့အတူမရှိ
ပေးနိုင်ပါဘူး ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့တော့ မှာခဲ့တယ်.....
"ရော့ အအေးသောက်လိုက်အုံး..."
အအေးဘူးလာပေးတဲ့ သူကို ကြည့်တော့ မင်းနစ်ချာ..ခုနကတည်းက ပင်းတွေ့နေသားပဲ..မင်းနစ်ချာ တယောက် ဒီဘက်ကို ခနခနလှည့်ကြည့်နေတာ..ဟို လက်ထောက်ကြောင့်လည်းပါ ပါလိမ့်မယ်...သူက ပင်း အနား ကိုခနခနလာကာ စကားလာပြောနေတော့ မင်နစ်ချာတယောက် မနာလိုနေတာအမှန်ပါ....
"ဘယ်လိုလဲ နေရထိုင်ရတာအဆင်ပြေရဲ့လား ရာသီဥတုကတော်တော်ပူတယ်.."
မင်းနစ်ချာ တယောက် လက်ကလည်း အအေးကိုဟမော့သောက်ရင်း အကျီကို ချွတ်လိုက်ပါတယ်...ပင်း တယောက် မအံ့သြတော့ပါဘူး.ဘာလို့ဆို သူမြင်ဖူးပြီးသားလေ..အတူတောင် နေဖူးပြီးပြီပဲ..ဒါပေမယ့် ရင်ကတော့ ပိုပြီးခုန်လာနေဆဲ....နောက်ပြီး စခန်းက ကောင်မလေးတွေ မင်းနစ်ချာကို ကြည့်ပြီး ပြုံးကြတဲ့ အခါ ပင်း တယောက် မကြိုက်ပေ..
"မင်း ဘာလို့ အကျီ ချွတ်လိုက်တာလဲ.."
"ပူတယ်လေကွာ...ဘာလို့လဲ..အော် ကောင်မလေးတေဠကြည့်နေလို့လား ဒါမှ မဟုတ် မင်း ရှက်လို့လား.."
"မ..မရှက်ပါဘူး..တခြားသူတွေကို အားနာသင့်တယ်လေကွာ..."
"မိန်းကလေးပဲ အဆင်မြင်ရင် ကြည့်ကြမှာပေါ့...မင်း မကြိုက်တာလို့ပြောရင် ငါပြန်ဝတ်ပေးမယ်.."
မင်းနစ်ချာ ရဲ့ စကားကြောင့် ပင်းတယောက်ပြုံးလိုက်တယ်...ဒီလိုပြောဖို့ သူ့မှာ ဘယ်တုန်းက အခွင့်အရေးရသွားလဲ မသိ..
"ဟုတ်တယ် မကြိုက်ဘူး ပြန်ဝတ်ထားလိုက်.."
မင်းနစ်ချာ တယောက် ရယ်လနုက်ပြီး အကျီကိုပြန်ဝတ်လိုက်တယ်...အအေးကို ထပ်ပြီး မော့သောက်ရင်း..အရှေ့ကို ကြည့်နေလိုက်တယ်...ပင်းလည်း သူကြည့်တဲ့ ဘက်ကို လိုက်ကြည့်တော့ မန်နာနဲ့ ဂျွန် တို့ စကားပြောလိုက် ရယ်လိုက်နဲ့ ပျော်ပျော်ရွှင်ရွှင် ဟင်းချက်နေကြတယ်..တကယ်တော့မင်းနစ်ချာကဟသူ့ညိမ ကိုတော့ တော်တော်ချစ်ပုံ ရပါတယ်...ဒါပေမယ့်စရိုက်မတူကြတဲ့ သူတို့မောင်နှမနှစ်ယောက်က ဘာလို့ စကားမပြောပြတာလဲ ဆိုတာတော့မထူးဆန်တော့ပါဘူး..ပင်း ဆုံးဖြတ်ထားပြီပါပြီ..ဒီကနေပြန်ရောက်ရင် မန်နာကို ရှင်းပြနိုင်အောင် ကြိုးစားမယ်..ဘာလို့လဲ ဆိုတော့ သူက မင်းနစ်ချာကို ချစ်မိနေပြီ...ဖြစ်လို့ ဘာပဲဖြစ်ဖြစ်သူ့ကိုတော့ အရင် ဖွင့်ပြောသင့်တယ်လို့ ပင်း ထင်မိတယ်...
"ထမင်းစားကြမယ်ဟေ့.."
ထမင်းစားဖို့ လှမ်းခေါ်နေပြီ ဖြစ်လို့ ပင်း တို့တွေ ထိုင်နေရာကနေ ထလာကြတယ်...
"ပင်း နင် နေလို့ကောင်းရဲလား.."
"ကောင်းပါတယ် မန်နာရဲ့ ဘာလို့လဲ.."
"နင့်မျက်နှာကြီး နီရဲနေလို့လေ..နေမကောင်းရင် ငါခေါက်ဆွဲပြုတ်ပေးမယ်.."
"ရတယ်..လို့ ငါဘာမှ မဖြစ်ဘူး နင် ဘာသာနင်ပဲ စိတ်ပူစမ်းပါ.."
ပင်း တယောက် ထမင်းစားရင်းဟရင်ထဲနေလို့ မကောင်းတာတော့ အမှန်ပင်..အရမ်းပူနေတာကြောင့် ဖြစ်မယ်ဟလို့ ပင်း ထင်ထားတာဟတကယ်တော့ မဟုတ်..အခု ထမင်းစားလိုက်မှ ပိုနေရတာ ခက်လာတယ်...
"ပင်း အဆင်မပြေဘူးလား.."
"ပြေတယ်..ပူလို့ပါ.."
ပင်း ရဲ့ စကားကြောင့် မင်းနစ်ချာ တယောက် ပန်ကာအသေးလေးကို ယူကာ အနားမှာဖွင့်ပေးလိုက်တယ်...
"ပင်း ညကျရင် ငါနဲ့ အတူဟလာအိပ်လိုက်ပါလား မင်း တခုခုဖြစ်ရင် ငါကြည့်လို့ရအောင်လေ.."
မင်းနစ်ချာ ရဲ့ စကားကိုဟလက်ထောက်က သဘောကျပုံမရပါဘူး..လငိထောက်ကလည်း ပင်း ကို သူနဲ့ အတူလာအိပ်စေချင်တယ်...ပင်း ကတော့ မင်းနစ်ချာနဲ့ နေရင် သူဘာဖြစ်ဖြစ် မင်းနစ်ချာ က ဂရုစိုက်ပေးနိုင်တာကြောင့် မင်းနစ်ချာနဲ့ အတူ အိပ်ရန် ရွှေးချယ်လိုက်တယ်...မန်နာ က အသိမန်းကလေးတယောက် ကို ခေါ်အိပ်ပြီး ဂျွန်က လက်ထောက်နဲ့ အတူအိပ်တယ်...
..........
ဘေးက ပင်းရဲ့ ညည်းသံကြောင့် မင်းနစ်ချာ တယောက် နိုးလာတယ်..ပင်း နဖူးကို စမ်းကြည့်တော့ အပူချိန် အရမ်းမြင့်နေတယ်...ပင်းက သွေးကျတတ်သူဖြစ်လို့ ဆေးကို ဖြစ်သလို ထိုးလို့မရ..အရင်ဆုံးဟရေပတ်ဝတ်ဖြင့် အပူကျအောင် အရင် လုပ်ရမယ်..ဒီတော့ မင်းနစ်ချာ တယောက် အပြင်ထွက်ပြီး ရေသွားခပ်တဲ့ အချိန် လက်ထောက်ဖြစ်သူနဲ့ ဆုံပါတယ်...
"ခင်ဗျားက ဘာလဲ.."
"ဆရာဝန်လေ.."
"ဒါတော့ ခင်ဗျားပြောမှလား လူတိုင်းသိနေတာကို ငါမေးတာက ပင်းနဲ့ မင်းက ဘာတွေလဲ.."
မင်းနစ်ချာ ရယ်လိုက်တယ်..ထိုမေးခွန်းကို သူ တော်တော် သဘောကျတယ်..ဒီလိုမျိုး သူ သတ္တိရှိရှိလာမေးနိုင်တာကိုပဲ မင်းတစ်ချာ ချီးကျူးမိတယ်...အစကတည်းက မင်းနစ်ချာ ပြောချင်နေတာကြာပါပြီ...
"ငါက ပင်း ရဲ့ကောင်လေးပဲ...မင်း သူ့ကို သဘောကျနေတာလည်း ငါသိတယ်..ဒါပေမယ့် ခနတာဆိုပြီး ငါ ဘာမှ မပြောတော့တာ..."
"သူ့ကို စိတ်ပြောင်းလာအောင် ငါလုပ်ရင်ရော ."
"လုပ်လေ...အချိန် ၂ ပတ်ကျန်သေးတယ်..မင်း က မပြိုင်ရင်လည်း ရှုံးနေပြီးသားပဲ..ဒီတော့ မင်းကြိုက်တာသာလုပ် ပင်း မင်းဆီကို ရောက်လာမှာမဟုတ်ဘူး စိတ်ချ.."
လိုရင်းတိုရှင့်ပြောပြီး ရေယူကာ မြန်မြန်ပြန်ထွက်လာခဲ့ဆယ် စကားကို အကုန် ပြောလိုက်ပြီးပြီဖြစ်လို့..ပင်း အတွက်တော့ နည်းနည်းစိတ်ပူနေမိတယ်..မတော်လို့ သူက မတရားနည်းတွေ သုံးရင် ပင်း ကိုထိခိုက်မှာစိုးရိမ်နေတယ်...
ပင်း ဆီပြန်ရောက်တော့ ရေပတ်တိုက်ပေးတယ်...အိတ်ထဲမှာ ရှိတဲ့ ပေါင်မုန့်နည်းနည်းကျွေးပြီး တော့ ကိုယ်ပူကျဆေးတိုက်တယ်..အဖျားတိုင်းကြည့်တော့ ၁၀၂..တညလုံး တောက်လျှောက် ပင်းကို ပြုစုပေးရင်း မိုးလင်းသွားတယ်..နေထွက်ခါနီးတော့မှ ပဲ ပင်း ကအဖျားကျတော့တယ်...
သူလည်း ပင်ပန်းပေမယ့် ပင်းကို တော့ ပိုပြီး ဂရုစိုက်ပေးချင်မိလို့ ကိုယ်ပင်ပန်းတာတောင် သတိမထားမိတော့..
ဘာပဲဖြစ်ဖြစ် သူ့ဘေးနားမှာ ပင်းရှိနေရင်ပဲ သူ ကျေနပ်တယ်...
.......
......
YOU ARE READING
ex ရေးတဲ့ ဖူးစာ
Fanfictionပင်းခရက်တန်ရဲ့ကောင်မလေး မန်နာက ရုတ်တရက် ပင်းကို လမ်းခွဲသွားခဲ့တယ် မန်နာ မှာ မင်းနစ်ချာ ဆိုတဲ့ အကိုတယောက်ရှိပါတယ် မန်နာက သူ့ရဲ့လက်ရှိချစ်သူနဲ့ အတူနေရဖို့အတွက် အကိုအိမ်ထောင်ပြုမှ ရမယ်လို့ အမေက အမိန့်ထုတ်လိုက်တဲ့အခါ သူ့အကို ရည်းစားရအောင် သူရဲ့ အကြံတွေ...