အပိုင်း ၅

1K 42 0
                                    

ပင်း စကားကို ကြားတော့ မင်းနစ်ချာသိလိုက်ပါပြီ ဒီအကြံက ချိုင် တို့အကြံဖြစ်ပြီး ပင်း ကို ဆေးခတ်ပေးလိုက်တယ်လေ မင်းနစ်ချာ တယောက် ပင်း ရေကန်ထဲ ခေါ်သွားပြီး အေးသွားအောင် လုပ်ပေးပေမယ့် မရခဲ့ ဒါကြောင့် ပူလောင်နေတဲ့ ပင်း ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မင်းနစ်ချာတယောက် ဆုံးဖြတ်လိုက်တယ် ပင်း ရဲ့ ခန္ဓာကိုယ် အနှံ့ကို အနမ်းတွေပေးပြီး အမှတ်အသားတွေ ချန်နေတယ် ပင်းတယောက် မင်းနစ်ချာခေါ်ဆောင်ရာနောက်ကို လိုက်ရင်း ဒီတညတော့ ကြည်နူးစရာဟအချစ်တွေဖန်တီးခဲ့တဲ့ ညလေးတညဖြစ်လာခဲ့တယ်.......
မင်းနစ်ချာ တယောက် အိပ်ရာ ကနေ နိုးလာတော့ ပင်း က မနိုးသေးပါဘူး အေးလေ မနေ့ည က လုပ်ထားတော့ ပင်ပန်းပြီး အိပ်နေသေးတာပေါ့ ဒါနဲ့ မင်းနစ်ချာ တယောက် အိပ်ရာက ထပြီး ရေမိုးချိုးကာ ပင်း အတွက် ဆေး ဝယ်ဖို့ အပြင်ခနထွက်သွားတယ် အဲ့ အချိန် ပင်း နိုးလာတယ် ..ပင်း တယောက် တကိုယ်လုံးနာကျင်နေတာကို သတိထားမိတယ် မနေ့ညက အကိုမိုင်နဲ့ ဂိမ်းဆော့တဲ့ အထိ ကောင်းကောင်းမှတ်မိပေမယ့် ကျန်တာကတော့ ဝါးတားတား စောင်ထဲ့ပြန်ကြည့်တော့ သူ ဘာမှမဝတ်ထားဘူး
"အား ငါတော့ လူပျို ပျက်ပြီ ထင်ပါတယ် ငါ..ငါ တကယ် ရူးချင်တယ်"
ပင်း တယောက် မင်းနစ်ချာ ပြန်မရောက်လာခင် မြန်မြန်ပြန်လာခဲ့တယ် ရှက်လည်းရှက်နေတယ် ငိုလည်း ငိုချင်တယ် ပင်း တယောက် ဘာလုပ်ရမလဲ စဥ်းစားနေပါတယ် ပင်းရဲ့ တိုက်ခန်းကို ပြန်ရင် မင်းနစ်ချာ မေးမြန်ပြီး လိုက်လာလို့ရတယ် မိဘအိမ်ကိုပြန်မယ် ဆိုတော့လည်း တကိုယ်လုံး မှာ အမှတ်အသားတွေ အပြည့်ပဲ အကို ပန် ဆီသွားရင် အကိုဟက အမေ့ကိုပြောပြမှာ သေမှာ ဒီတော့ တလမ်းပဲရှိတော့တယ် ပင်း တယောက် မန်နာ ဆီ ဖုန်းဆက်မိတယ်..
"ပင်း ငါတို့ပြတ်ပြီ ဆို ဘာလို့ ဖုန်းဆက်ပြန်ပြီလဲ"
မန်နာ တယောက် မနေ့က ဖုန်းပြောရင်း အသံတချို့ကြားထားတော့ ပင်း ဖုန်းဆက်တဲ့ အကြောင်းအရင်းကို သိနေတယ်လေ ဘာပဲပြောပြော ပင်း က ရည်းစားဟောင်း ဖြစ်ခဲ့ပေမယ့်  မန်နာ အတွက်တော့ သူငယ်ချင်းကောင်းဆိုလည်း ဟုတ်ပါတယ် ပင်း က ဖုန်းကနေမပြောချင်ဘူး ဆို့လို့ မန်နာ က အပြင်မှာ လာတွေ့ရတယ်..
"ကဲ ပြော ဘာဖြစ်ရပြန်တာလဲ"
"ငါ..ငါ လူတယောက်နဲ့ ငြိခဲ့လို့ အဲ့လူကို ခနရှောင်နေချင်တယ် အဲ့ဒါ မင်းဆီမှာ နေလို့ရမလား"
"ငါက မိဘအိမ်မှာ နေတာလေ အိမ်ကို ယောကျ်ားလေး သူငယ်ချင်းခေါ်သွားနော့ ပတ်ဝန်းကျင် ကပြောမှာပေါ့ဟ"
"အေးနော် ဟုတ်သားပဲ ဒါဆို အသိအိမ်တွေ ဘာတွေမရှိဘူးလား "
"ရှိတယ် ငါ့အခုကောင်လေး တိုက်ခန်းမှာ ခနနေမလား"
"မင်း ကလည်းကွာ အခုဘဲနဲ့ ex ကို တူတူနေခိုင်းရလား ငါ ဘာဖြစ်သွားမလဲ"
"ပင်းရယ် ex လို့ပြောရအောင် လက်လည်းမကိုင် နမ်းလည်းမနမ်းဖူးကြပဲနဲ့ လာပါ ငါ့ကိုကိုဆီ ဖုန်းဆက်ထားလိုက်မယ် နင် ဒါကုန်အောင် စားလိုက်အုံး မနက်စာ မစားရသေးဘူးမလား"
"အင်း "
ပင်း တယောက် မန်နာဝယ်ကျွေးတဲ့ မနက်စာကိုစားပြီး မန်ာခေါ်တဲ့နောက် ကို လိုက် လာတယ် မန်နာ က ဂျွန် ကို အသေးစိတ်ပြောပြထားတော့ ဂျွန် တယောက် ဇာတ်ကွက်ရွှေ့ဖို့ ပြင်ရပြီလေ
...........
.......

ex ရေးတဲ့ ဖူးစာWhere stories live. Discover now