လမ်းတလျှောက်..ရယ်မောသံတွေ ကားပေါ်မှာ လွှမ်းမိုးလျက်...မင်းနစ်ချာတယောက် ပင်း လက်ကို တင်းကြပ်စွာဟဆုပ်ကိုင်ထားမိတယ်...တရွေ့ရွေ့နဲ့ မောင်းနှင်နေတဲ့ ကားလေးနဲ့ အညီ မင်းနစ်ချာရဲ့ ရင်ခုန်သံတွေကလည်း..ပုံမှန်ထက်ပိုပြီး လှုပ်ရှားနေဆဲ....ဒါပေမယ့် လက်က ဒဏ်ရာ ကပိုပြီးနာလာလို့ ကြည့်လိုက်တော့ သွေးတွေ ထပ်ထွက်နေတာ တွေ့လိုက်ရတယ်..ပင်း တွေ့ရင် စိတ်ပူမှာ စိုးလို့ မင်းနစ်ချာတယောက် ညာဘက်ကို မျက်နှာလှည့်ကာ ထိုင်နေလိုက်တယ်...သူက ဆရာဝန်တယောက် ဖြစ်လို့ သူ့ဒဏ်ရာကို သူသိတယ်..ဒဏ်ရာ နက်ပြီး သွေးကြောမကို ထိမိထားလို့ သွေးမတိတ်နိုင်..သွေးတိတ်အောင် ခနတာစည်းထားတဲ့ ပတ်တီးတောင် နီရဲနေပြီ...
"ဂျွန်..မင်း ကြာအုံးမှာလား.."
ရုတ်တရက် မေးလာတဲ့ မင်းနစ်ချာ ရဲ့ အရိပ်အကဲကို ဂျွန် နားလည်တယ်..ကား ကို အရှိန်တင်လိုက်ပြီး...
"နောက် နာရီဝက်ပဲ..ခနတောင့်ခံထား.."
ဂျွန် ရဲ့ စကားအဆုံးမှာ ပင်း ရော မန်နာပါ လန့်ဖျတ်ကုန်တယ်..ဘာဖြစ်လဲမေးပေမယ့် ၂ ယောက်လုံးက ခေါင်းပဲ ခါပြတယ်...
"ပင်း နင်..ကိုကြီး လက်ကို ကြည့်လိုက်စမ်း.."
"ရတယ်..ဘာ.ဘာမှ ..မဖြစ်..အား.."
"သွေးတွေ တော်တော်ထွက်နေတာပဲ..မန်နာ..!!"
"ရောက်တော့မယ်..ခနပဲ.."
ဆေးရုံရောက်တာနဲ့ ဆရာဝန်တွေက အရေးပေါ်အခန်းကို အရင်မြန်မြန် ဝင်ခိုင်းတယ်..ဒဏ်ရာကို ထုံးဆေးပေးပြီး သန့်ရှင်းရေးလုပ်ကာ ချက်ချင်းပြန်ချုက်တယ်..အခန်းပြင်ကနေ စောင့်နေတဲ့ ပင်း တယောက် ရင်တလှပ်လှပ်နဲ့ပါပဲ..နဂိုကတည်းက သွေးမြင်ရင် လန့်တတ်တဲ့ သူဆိုပေမယ့် သူ့စိတ်နဲ့ တောင့်ခံကာနေနေ မိတယ်....
"သား..သားကြီး.ဘယ်မှာလဲ.."
အော်ဟစ်ကာ ဝင်လာတဲ့ အမေဖြစ်သူကို မန်နာက လှမ်းဆွဲလိုက်တယ်...
"အသက်နဲ့ အဝေးကြီးပါ မေမေရဲ့ ..သူလား သေရဲမှာ.."
"ဟဲ့ အကိုကို ဘယ်လိုပြောနေတာလဲ..မိမန်နာ နင်ကတော့လေ..ဒါနဲ့ သူက.."
"ပင်း ခရက်တန် ကိုကြီးရဲ့......."
"ဂျူနီယာပါ.."
ရုတ်တရက် ကြားဖြတ်ဝင်ဖြေလိုက်တဲ့ ပင်းကြောင့် မန်နာ အံသြသွားတယ်..ပင်းကတော့ အပြုံးမပျက်ဘဲ...နေမြဲတိုင်းလေး ရပ်နေလိုက်တယ်..ဒါပေမယ့် သွေးမြင်ထားတော့ လူက ခပ်လန့်လန့်ဖြစ်နေပြီ...
"မန်နာ..ငါ..ငါ..သန့်စင်ခန်းသွားလိုက်အုံးမယ်.."
"ပင်း နင့်မျက်နှာတွေ ဖြူနေတာပဲ..နင် အဆင်ပြေတာ သေချာလား.."
"ဟုတ်တယ် ကလေး..ဒေါက်တာခေါ်ပြီး စစ်ဆေးကြည့်ပါလား.."
ကလေးဟု ချိုသာစွာ သုံးနှုန်းလာတဲ့ မင်းနစ်ချာအမေကို ပင်းတယောက် ပြုံးပြမိတယ်..ဒါပေမယ့် သူ့သားချစ်တဲ့သူ..အဲ့လူက ယောကျ်ားတယောက်..ဖြစ်နေတာသိရင် သူဆက် ချိုသာနိုင်ပါအုံးမလား..
"မလိုပါဘူး...အန်တီ..ကျတော်ကဖြစ်နေကျပါ.."
"ပင်းပင်း..!!"
မကြားချင်ယောင်ဆောင်ကာ..လှည့်ထွက်လာလိုက်တယ်..ခြေလှမ်းတွေက ယိုင်နဲ့နဲ့ ဖြစ်နေပေမယ့် စိတ်ဓာတ်ကတော့ တင်းမာနေဆဲ..ကားငှားပြီး ပင်း တယောက် ကိုယ့်ကို ကိုယ်တောင့်ခံကာ အခန်း ကို ပြန်လာလိုက်တယ်...
လူကလည် နုံးနေတော့ ရေချိုးတယ်..ပြီးတော့ ခေါက်ဆွဲပြုတ်စားပြီး အိပ်ပစ်လိုက်တယ်...
"ဒီလိုအိပ်လိုက်တာ ပြန်မနိုးရင် ဘယ်လောက်ကောင်းလိုက်မလဲ..ကိုရယ် ပင်း..ပင်ပန်းတယ်.."
........
မင်းနစ်ချာ တယောက် သူ့အမေရှိနေတာကို ဘဝင်မကျ...သက်ပြင်းခနခနချနေတဲ့ သားဖြစ်သူကို ကြည့်ရင်း...
"ဘာဖြစ်နေတာလဲ...သက်ပြင်းတွေ ချနေတာမပြီးတော့ဘူး.."
"အမေ ဘာလာလုပ်တာလဲ.."
"ဟဲ အကောင် နင့်ကို ငါမွေးလာတာအကောင်း..နော်...အခုလည်း လက်ပြတ်မတတ်ဖြစ်ထားတာတောင် ဒီအမေကို ပြစ်မှာနေတုန်း.."
"ပင်းရော..ဘယ်မှာလဲ.."
"မင်း ဂျူနီယာလား ပြန်သွားပြီလေ.."
"ဂျူနီယာ..!!"
မင်းနစ်ချာက မန်နာကို လှမ်းကြည့်တော့ မန်နာက ခေါင်းခါပြတယ်..ပင်း ရှောင်ထွက်သွားတာပဲ..လက်မှာ ချိတ်ထားတဲ့ ဆေးပိုက်ကို ဖြုတ်ပြီး ကုတင်ပေါ်ကနေဆင်းဖို့လုပ်တော့ အမေဖြစ်သူက တားတယ်...
"ဟဲ့ မင်းနစ်ချာ..နေအုံးလေ.."
"ဖယ်ဗျာ.."
အတင်းတွန်းထိုးကာ ထွက်သွားတဲ့ မင်းနစ်ချာကြောင့် မျက်ရည်ဝဲကာ သူ့အမေကျန်ခဲ့တယ်..မန်နာကတော့ ဘာပြောရမှန်းမသိ..သူ့အကို တယောက် အချစ်နွံထဲမှာ ရုန်းထွက်လို့မရအောင် နစ်နေပြီ ဆိုတာ သူသိနေတယ်...
"အမေ အိမ်ပြန်ရအောင်နော် အိမ်ကနေစောင့်ရအောင်.."
"နင့်အကိုက ဘာဖြစ်တာလဲ.."
"အမေ့သားက အချစ်ရူး ရူးနေတာ..လာပါ.."
"အဲ့ဒါ ဟိုကောင်လေးမလား.သူရူးနေတာ.."
အမေဖြစ်သူရဲ့ အမေးကြောင့်..မန်နာတယောက် ငြိမ်သက်သွားတယ်...
"အိမ်ပြန်မယ်.."
တင်းမာနေတဲ့ အမေ့အသံက ဒေါသတော့မပါ..ဒါပေမယ့် ဘာကြောင့် အခုလို
တင်းမာနေလဲ မသိ..
.....အိမ်ရှေ့ ဧည့်ခန်းကြီးက လူတွေရှိနေပေမယ့် တိတ်ဆိတ်နေတယ်..မန်နာ တယောက်..ကြောက်လွန်းလို့ ဒူးတွေပါ တုန်နေတယ်..ဂျွန် ကိုပါ ခေါ်ထားတော့..မန်နာကို လည်း အကုန် တလုံးမကျန် ပြောပြခိုင်းထားတော့ ပြဿနာကြီးကြီးမားမားတခုခုတော့ ဖြစ်ချတော့မယ်..ဆိုတာ ရိပ်မိနေတယ်...
ခနကြာတော့ ကားတစီး ရောင်းချလာတယ်.ဒါရိုင်ဘာက ကားတံခါးဆင်းဖွင့်ပေးရတာကို ကြည့်ရင် ..level တူ အသိုင်းအဝိုင်းကဖြစ်နိုင်ခြေရှိတယ်.သေချာတာတခုကတော့ သူအကို မင်းနစ်ချာ အိန်းမပေးစားခံရတော့မယ် ထင်မိတယ်..ဒါပေမယ့်....
ဝင်လာတဲ့ သူတွေက ပင်းမိခင်...အနောက်ကတော့ သူ့အကို ပန်နဲ့ ကောင်လေး...
"လာ ညိမ ဝင်ထိုင်..."
ဖော်ရွှေစွာ ပြောဆိုနေတဲ့ အမေဖြစ်သူကို ကြည့်လိုက်..ပင်းအမေကိုကြည့်လိုက်နဲ့..မန်နာ တယောက် ဘာပြောရမှန်းမသိတော့...
"အခြေအနေကောင်းတယ် ဆိုလို့ ဝမ်းသာတယ် မမရယ်.."
"အင်း မမလည်း သားက ငြိမ်နေတာမြင်တော့ ဘယ်လိုစီစဥ်ရမလဲ မသိဘူး..အခုတော့ သူက သူ့ညိမအကူအညီနဲ့ နိမ့်နေတာ.."
နှစ်ယောက်သားရယ်မောရင်းနဲ့..အဆင်ပြေနေတာကိုမြင်တော့ မန်နာ နားမလည်...မတတ်သာတဲ့ အဆုံး ဝင်မေးရတော့တယ်..
"အမေ..ဘာတွေဖြစ်နေတာလဲ.."
"နင့်ဟာနင် အကိုကို အောင်သွယ်ပေးပြီး နင်မသိဘူးတဲ့လား မိမန်နာ.."
"အမ်..ဘာကိုလဲ..သမိး ဘာမှလည်း မလုပ်ရသေးပါဘူး..."
"လုပ်ပြီးတာတောင် ငြင်းချင်နေတယ်.."
"အမေ!!!"
"ကဲပါ..သားနစ်ချာရော မမ"
"အပူတပြင်းနဲ့ သူမိန်းမိန်းနောက်လိုက်သွားတယ်လေ..ဒီအမေကိုတောင် အဖက်မလုပ်တော့ဘူး ညီမရေ.."
"ဒဏ်ရာကရော သက်သာရဲ့လား.."
"အင်း ၁၄ ချက် ချုပ်လိုက်ရတယ်လေ.."
"ဒါဆို အမေတို့က ကိုကြီးတိုကို သဘောတူတာလား.."
"ဒါပေါ့.."
"အချစ်က ကျားမ မရွှေးဘူး ချစ်လို့ရပါတယ်..ကောင်လေးချင်းဖြစ်လည်း အမေတို့ လက်ခံနိုင်တယ်.."
မန်နာအမေက ပြောရင်းနဲ့ ပင်းအမေရဲ့ လက်ကို ဆုက်ကိုင်ထားကာ စိုက်ကြည့်နေတယ်...ဘာပဲဖြစ်ဖြစ် အဆင်ပြေသွားတာမြင်တော့ ၀မ်းသာမိတယ်...မန်နာဟနောက်မှ သိလိုက်ရတာက တော့ သူတို့အမေတွေ က တချိန်က ချစ်သူ အဖြစ် relationship ရှိခဲ့ကြတဲ့သူတွေ ဖြစ်နေခဲ့တယ်..သူတို့ခံယူထားတာကတော့ မွေးလာတဲ့ ကလေးတွေကို မည်သည့်လိင်ပဲ ဖြစ်နေပါစေ အတူရှိစေရမည် လို့သာ ကတိခံယူထားကြတယ်.....
YOU ARE READING
ex ရေးတဲ့ ဖူးစာ
Fanficပင်းခရက်တန်ရဲ့ကောင်မလေး မန်နာက ရုတ်တရက် ပင်းကို လမ်းခွဲသွားခဲ့တယ် မန်နာ မှာ မင်းနစ်ချာ ဆိုတဲ့ အကိုတယောက်ရှိပါတယ် မန်နာက သူ့ရဲ့လက်ရှိချစ်သူနဲ့ အတူနေရဖို့အတွက် အကိုအိမ်ထောင်ပြုမှ ရမယ်လို့ အမေက အမိန့်ထုတ်လိုက်တဲ့အခါ သူ့အကို ရည်းစားရအောင် သူရဲ့ အကြံတွေ...