အပိုင်း ၃

922 37 1
                                    

ဆေးရုံကပြန်အထွက်ကို လူတွေက သူ့ကိုကြည့်နေတုန်းပါပဲ ဆေးရုံရောက်တာနဲ့ မင်းနစ်ချာက အရင်ဆင်းပြီးတော့ ပင်း ဆီကိုသွားကာ ပွေ့ချီလိုက်တယ် လမ်းတလျှောက်ချီပြီးခေါ်သွားတော့ ပင်း တယောက် ရှက်ပြီး ခေါင်းကို မင်းနစ်ချာရင်ဘတ်ထဲကို ထိုးထည့် ထားရတယ်
ဆရာဝန်ကတော့ ပြောတယ် ဒဏ်နည်းနည်းဖြစ်သွားတာ တဲ့
"ဆေး သေချာစည်းပေးထားရဲ့လား"
"ဒီမှာ မင်းလည်း ဆရာဝန်ပဲလေကွာ ဒီအခြေအနေကို မင်းသိရက်သားနဲ့"
"မင်း ပြီးပြီလား လာ ပြန်မယ်"
ဆရာဝန်တောင်ဟစကားမဆုံသေးပါဘူး မင်းနစ်ချာတယောက် ပင်း ကို လက်ဆွဲခေါ်ပြီး ပြန်ထွက်လာကြတယ်
"မင်း ဘယ်ကိုသွားမှာလဲ ငါလိုက်ပို့ပေးမယ်"
"ကျောင်းပဲပြန်ပို့ပေးပါ "
"ဟုတ်ပြီလေ တခုခုအရင်စားပြီးမှသွားကြတာပေါ့"
မင်းနစ်ချာက ပင်းကို ကားပေါ်တင်ပေးပြီး ခါးပတ် ပတ်ပေးတယ် ခါးပတ်ပတ်ပေးတဲ့ အချိန် မျက်နှာချင်းနီးသွားတော့ ပင်းတယောက် ရင်ခုန်လာတယ်
"ကျေးဇူး"
ပင်း ရဲ့စကားကိုကြားတော့ မင်းနစ်ချာတယောက် ပြုံးလိုက်တယ်
<<သူ့အပြုံးက ဘာအဓိပ္ပါယ်ကြီးလဲ ငါလန့်လာပြီ>>
ပင်း တယောက် ကားစီးရင်း အိပ်ငိုက်လာတော့ ဘေးပြတင်းပေါက်ကိမှီပြီး အိပ်ပျော်သွားတယ် စားသောက်ဆိုင်ရှေ့ရောက်တော့ မင်းနစ်ချာက ကားရပ်ပြီး ပင်းကိုလှည့်ကြည့်တော့ ပင်း အိပ်ပျော်နေတာကို တွေ့တယ် အပြစ်ကင်းတဲ့ ခလေးတယောက်လို အိပ်နေတဲ့ သူ့ကို ကြည့်ပြီး မင်းနစ်ချာရဲ့ မသိစိတ်က သူ့ကို ချစ်ဖို့ လှုံ့ဆော်နေပါပြီ အဲ့အချိန် ပင်း ရဲ့ဖုန်းက မြည်လာလို့ ကြည့်လိုက်တော့ မန်နာ တဲ့ သူ့ညီမ ကဘာလို့ ပင်းကို ဖုန်းဆက်တာပါလိမ့် ပင်း လည်းအိပ်နေတော့ မင်းနစ်ချာက ဖုန်းကိုကိုင်လိုက်တယ်
တဖက်က သူ့ညိမအသံက သူ့အတွက်တော့ သူစိမ်းလိုဖြစ်နေခဲ့တယ်
"ပင်းခရက်တန် နင် ငါတို့လမ်းခွဲတာ သူများတွေကို ပြောထားသေးလား"
"အင်းးး"
မင်းနစ်ချာရဲ့ မန်နာရိပ်မိပုံမရဘူး မန်နာလည်း ပင်းထင်ပြီး ဆက်ပြောတယ်
"နင်..နင်ကို ငါ့အကိုပုံ ပို့ပေးထားတယ် နင် သူ့ကိုဝေးဝေးရှောင်နော် ငါနဲ့ အကို ဂျွန်အကြောင်းမေးရင် မသိဘူးလို့သာပြောလိုက်.."
မန်နာရဲ့စကားကြောင့် မင်းနစ်ချာတင်းသွားပြီ မန်နာနဲ့ ဂျွန်အကြောင်း ကို ပင်း သိနေတယ်ဆိုတော့ ပင်း ကို ချည်းကပ်ဖို့ မင်းနစ်ချာ ဆုံးဖြတ်လိုက်တယ် ဒါပေမယ့်...
"ပြောပါအုံး မင်းက ပင်းကို ဘာလို့ငါ့ကိုရှောင်ခိုင်းတာလဲ.."
ဖုန်းထဲကနေ မင်းနစ်ချာရဲ့ အသံကိုကြားလိုက်တော့ မန်နာတယောက် အံသြသွားတယ်....
"ကိုကြီး က ဘာလို့ ပင်းရဲ့ဖုန်းကိုကိုင်တာလဲ ပင်းကို ကိုကြီး ဘာလုပ်လိုက်တာလဲ"
"ပင်း..သူ အိပ်နေတယ်"
"အိပ်နေတယ်!!!!!!!! ကိုကြီး!!!!"
မင်းနစ်ချာရဲ့ အဖြေကြောင့် မန်နာလန့်သွားပြီ မန်နာဖုန်းကို ချပစ်ပြီး သူ ပင်း ကို နိုးလိုက်တယ် ပင်းနိုးလာတော့ ဆိုင်ထဲဝင်ပြီး စားကြတယ် ခနကြာတော့ လူနှစ်ယောက်ရောက်လာပြီး သူတို့နဲ့ အတူတူဝင်ထိုင်တယ်....ပင်း ကတော့ မင်းနစ်ချာဘေးမှာ ငြိမ်ငြိမ်လေးထိုင်ပြီး အခြေအနေကိုလေ့လာနေပါတယ်..
"ကောင်လေးတောင်ရနေပြီပေါ့"
အလုပ်အကြောင်းတွေကနေတဆင့် ရုတ်တရက် အဲ့စကားစပြောတော့ ပင်း တယောက် ပျာပျာသလဲ ထငြင်းတယ်
တဖက်လူကတော့ရယ်ရင်း.....
"ယောကျာ်းလေးချင်းတွဲတာ ဘယ်သူကိုမှကြောက်ဖို့မလိုပါဘူး မရှက်နဲ့....မင်း သူ့ကိုရတာ အံသြတယ် ခလေးလေးကျနေတာပဲ.."
"ငါ အဲ့ဒါကိုပဲ သဘောကျတာ"
ပင်း တယောက် ဘာမှဝင်မပြောတော့ပါဘူး ဒါပေမယ့် သူ့ရဲ့ မသိစိတ်က မင်ူနစ်ချာကိုပဲ ခနခန​ြ၇ည့်မိအောင် လုပ်နေတယ်...
<<အား ကိုယ့်စိတ်ကို ကိုယ်ထိန်း ပင်းခရက်တန် ကိုယ်မသိတဲ့ သူစိမ်းကို ရင်မခုန်ရဘူး >>
ပင်းတယောက် ထိန်းချုပ်ဖို့ကြိုးစားလေ ပိုဆိုးလေ ဖြစ်နေပါတယ်..
တဖက်လူက ညစာစားပွဲဖိတ်နေပါတယ်
" လာခဲ့လေ မင်ူကောင်လေးပါခေါ်ခဲ့ပေါ့ သူတို့လဲတွေ့ချင်ကြမှာပဲ"
"ပင်း ခြေထောက်နာနေတယ်ကွ နောက်တခေါက်ပေါ့ "
တဖက်လူက လက်မလျှော့သေးဘဲ ပင်း ကို ထပ်ခေါ်တယ် ပင်းတယောက် မင်းနစ်ချာကို ကြည့်တော့ ပင်းသဘောဆိုပြီး ခေါင်းညိမ့်ပြတယ်
"အင်း လာခဲ့လိုက်ပါမယ်."
မင်းနစ်ချာတယောက် ပြုံးလိုက်ပြီး
" ငါတို့သွားတော့မယ် သူ့ကို ကျောင်းပြန်လိုက်ပို့ပေးလိုက်အုံးမယ်"
ပင်း ကိုကျောင်းပြန်ပို့ပေးရင်း..
"ငါ အတန်းပြီးတာနဲ့ လာခေါ်မယ် "
ပင်းခေါင်းငြိမ့်ပြလိုက်တယ် ပင်းတယောက် မင်းနစ်ချာ ကားထွက်သွားတာကို ကြည့်ရင်း
<<ငါ စည်းကျော်နေပြီလား အို သူတောင် ငါ့ကို သူ့ဘော်ဒါတွေရှေ့မှာ ချပြရဲတာပဲ ခနလေးနဲ့ ရင်းနှီးတာ မြန်တယ်လို့ပဲသဘောထားလိုက်မယ် >>
ပင်း တယောက် အတန်းပြီးတော့ သူ့ကို စောင့်နေမိတယ် သူငယ်ချင်းတွေက
" ပင်း မုန့်သွားစားမယ်လေ "
"ငါ မလိုက်တော့ဘူး "
အဲ့အချိန် မင်းနစ်ချာကားရောက်လာတော့ ပင်း သူငယ်ချင်းတွေက်ု နှုတ်ဆက်ပြီး ကားပေါ်တက်လိုက်သွားတယ်..
ခနကြာတော့ မန်နာက ပင်းသူငယ်ချင်းတွေကို ပင်း ဘယ်မှာလဲလို့မေးတယ်
"ပင်းလား အခုလေးတင် ကားနဲ့ထွက်သွားတယ် ငါတို့ခေါ်တာတောင် မလိုက်ဘူး"
"ကား က ဘယ်လိုပုံစံလဲ"
ကားပုံစံကို သိတော့ သူ့အကိုဖြစ်နေတယ် မန်နာတယောက် အာရုံစားပါပြီ<<ငါ့ရည်းစားဟောင်းက ငါ့အကိုနဲ့ တွဲနေတာလား😟😟 >>

ex ရေးတဲ့ ဖူးစာWhere stories live. Discover now