နှစ်ပတ်ဆိုတဲ့အချိန်ကျော်လွန်သွားတဲ့အခါ ကျွန်တော်ဆရာနဲ့တွေ့ခွင့်ရခဲ့ပြီ၊ ဆရာနဲ့တယောစသင်တဲ့ပထမရက်မှာ အနားမှာအိမ်တော်ထိန်းကြီးရော ဒေါ်လေးပါရှိနေခဲ့တယ်။
"မင်္ဂလာပါခင်ဗျ… ကျွန်တော်ကတယောဆရာJeon Jungkookလို့ခေါ်ပါတယ်"
"Park Jiminပါ ရှေ့လျှောက်ကူညီပေးပါအုံး"
ဆရာရှိရာဘက်ကိုလက်ကလေးကမ်းပေးတော့ ခပ်ကြီးကြီးလက်တစ်ဖက်သည် လာရောက်ဆုပ်ကိုင်၏၊ ထိုအခိုက်တန့်တွင် Jiminရဲ့နှလုံးသားလေးသည် စတင်ခုန်တတ်ခဲ့တော့သည်။
ပထမရက်ဖြစ်၍ ဆရာကတယောနဲ့ပတ်သတ်တာတွေကိုသာပြောပြကာ တယောတီးတာကိုတော့မသင်သေး၊ ဘေးတွင်စောင့်ကြည့်နေကြတဲ့လူတွေရှိ၍ ဆရာလဲနေရကျပ်ပုံပေါ်ကာ တစ်ခါတစ်လေစကားတွေထစ်တတ်သေးသည်။
"အစ်ကိုလေး… ဆရာကငယ်ငယ်ချောချောလေး ဒေါ်လေးအထင်တော့ သားထက်ငယ်ပုံရတယ်"
"ကျွန်တော်လဲ သေချာမနှုတ်ဆက်ရသေးပါဘူးဒေါ်လေးရယ် အိမ်တော်ထိန်းကြီးရှိနေတာနဲ့ စကားကိုမပြောရဲဘူး"
"ဒေါ်လေးအမြင်တော့လေ ကောင်လေးကငယ်ငယ်ချောချောလေးသားရဲ့ မျက်လုံးလေးတွေကလဲဝိုင်းဝိုင်းလေး နှုတ်ခမ်းအောက်မှာလဲ မှဲ့နက်လေးပါသေးတယ်"
"ဒေါ်လေးကအသေးစိတ်သေချာကြည့်ထားတာပဲ"
"ကြည့်ရမှာပေါ့ ဟောဒီကသားလေးရဲ့ ဆရာဖြစ်လာမှာဆိုတော့ ဒေါ်လေးကသေချာကြည့်ထားရမယ်လေ"
"သူရောဒေါ်လေး ဒီနေ့သင်တန်းပြီးတာနဲ့ အိမ်တန်းပြန်ရတာလား"
"မဟုတ်ဘူးသားရဲ့ အိမ်တော်ထိန်းကြီးနဲ့ စကားပြောနေတာတော့ ဒေါ်လေးတွေ့လိုက်တယ်"
ဆရာနဲ့ကျွန်တော်သည် တစ်ပတ်မှာသုံးရက်လောက်သာ တွေ့ရပြီးတယောကိုလဲသုံးရက်သာသင်ရသည်၊ ကျန်ရက်များတွင် အိမ်တော်ထိန်းကြီးထံတွင် ဆရာကတယောတီးပြကာ ဒီအိမ်ရဲ့စည်းကမ်းတွေကို အလွတ်ရသည်တိုင် နားထောင်နေရတတ်သည်။
ကျွန်တော်ကလဲ ဇွဲမလျော့ပါ ဆရာလာမသင်တဲ့ရက်ဆို တူရိယာအခန်းထဲတွင် စန္ဒရားသွားသွားတီးသည်၊
YOU ARE READING
absquatulate
Fanfictionအကြောင်းပြချက်မရှိ ရပ်စောင့်နေသူရယ်...... ဘယ်တော့မှ ပြန်မလာတော့တဲ့သူရယ်......