"Hyung ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ"
"ထပ်ပြီးစောင့်ကြည့်ကြရအောင်"
"ဘယ်ချိန်ထိလည်း!! တစ်ကယ်ပဲ…ဘယ်ချိန်ထိစောင့်ကြည့်နေမှာလည်း…!!"
"ထယ်…"
"စောရီးhyung ကျွန်တော်စိတ်မထိန်းလိုက်နိုင်ဘူး"
မုန်လာဥပျောက်နေတာ တစ်လပြည့်တော့မယ်၊ အစအနဆိုတာဘာမှရှာမရသလို မုန်လာဥသတင်းလည်း ဘာတစ်ခုမှမကြားရ၊
Parkအိမ်တော်ဘက်ကိုနေ့တိုင်းနီးပါးရောက်ဖြစ်ပေမဲ့ Parkအိမ်တော်ကတော့ ရောက်တိုင်းတိတ်ဆိတ်မြဲတိတ်ဆိတ်ဆဲ။
Hoseok hyung နဲ့ကျွန်တော့်အလစ်မှာ မုန်လာဥကဆေးရုံကခိုးဆင်းသွားတာ သူ့မှာသွားစရာဆိုလို့ Parkအိမ်တော်ရယ် ကျွန်တော်တို့နေတဲ့အိမ်ရယ်ပဲရှိတာ။
အိမ်ကိုပြန်သွားကြည့်ပေမဲ့ မုန်လာဥပြန်လာတဲ့အရိပ်အယောင်လေးတောင်မတွေ့ရတာကြောင့် hyungရောကျွန်တော်ရော Parkအိမ်တော်ဆီလိုက်ရှာကြည့်ပေမဲ့ အိမ်အရိပ်လောက်ပဲနင်းခွင့်ရခဲ့တယ်။
Parkအိမ်တော်ရှေ့ချထားတဲ့ အစောင့်တွေကိုကျွန်တော်တို့နှစ်ယောက်အားနဲ့ ကျော်လွှားဖို့ကလဲဖြစ်မှမဖြစ်နိုင်တာ၊ အိမ်တော်ထဲခိုးဝင်နေကျအပေါက်ရှိတဲ့နေရာလေးလည်း အခုဆိုအစောင့်တွေနဲ့၊
Parkအိမ်တော်ရှေ့အော်ဟစ်သောင်းကျန်းတော့ သေနတ်ပေါင်းများစွာက ကျွန်တော့်ဆီကိုချိန်ရွယ်ထားကြတယ်၊ Hoseok hyung ရဲ့သေနတ်တစ်လက်က Parkအိမ်တော်အစောင့်တွေထံပြန်ချိန်ရွယ်ပြီး အခြေနေတွေတင်းမာခဲ့ကြတယ်။
အကြမ်းနည်းသုံးရင်ရှုံးမှာသိလို့ အနုနည်းနဲ့တောင်းပန်ကာ မုန်လာဥကိုဖမ်းထားရင်တောင် ဆေးဗူးလေးတွေပေးခွင့်ပေးပါလို့ ငိုယိုတောင်းပန်တာလည်း သူတို့ဘက်ကလက်မခံ၊
ကြီးကြီးမားမားဘာမှမတောင်းဆိုပါဘူး မုန်လာဥလက်ထဲ ဆေးဗူးလေးတွေရောက်သွားဖို့ပါပဲ။
Hyungကလဲသတင်းနှိုက်လို့ရသမျှ နေရာကနေသတင်းတွေနှိုက်ပေးနေပေမဲ့ အခြေနေကထူးမလာပါ။
"အဲဒါဘယ်လည်းထယ်…"
"စိတ်ညစ်လို့သွားသောက်မလို့"
YOU ARE READING
absquatulate
Fanfictionအကြောင်းပြချက်မရှိ ရပ်စောင့်နေသူရယ်...... ဘယ်တော့မှ ပြန်မလာတော့တဲ့သူရယ်......