"ရည်းစားလေး!"
ခက်တင်းတင်းဖက်ခံလိုက်ရတဲ့ ခါးသိမ်သိမ်လေး။
"အပြင်မှာ လူတွေနဲ့"
"ဘာဖြစ်လဲ မတွေ့ရတာဖြင့် ဘယ်နှစ်ရက်ရှိပြီလည်း အရမ်းလွမ်းနေတာ"
နောက်ကျောဘက်မှသိုင်းဖက်ထားကာ လည်ဂုတ်ကိုလဲ နမ်းရှိုက်နေသေး၏။ခေါ်လိုက်တဲ့နာမ်စားလေးကလည်း နားထဲပဲ့တင်ထပ်နေ၏။
အချိန်အကြာကြီးခွဲထားရတာမို့ အနမ်းတွေကိုအချိန်ကြာမြှင့်စွာ ခရီးဆက်ခဲ့ကြတယ်၊ မက်မက်မောမောနမ်းရှိုက်နေမိကြကာ မရောက်သင့်တဲ့အဆင့်တွေထိတော့ မရောက်အောင်ထိန်းနိုင်ခဲ့ကြတယ်။
တစ်ချိန်ချိန်တော့ အခြေနေတစ်ခုထိရောက်ကြလိမ့်မယ်ဆိုပေမဲ့ Jungkookနဲ့သူကတော့ နမ်းယုံအဆင့်မှာတင် ကျေနပ်ခဲ့ကြတယ်။
Jungkookလဲလိုချင်နေမယ်ဆိုတာသိတယ် ပေးချင်ပေမဲ့ အခြေအနေကအခွင့်မသာခဲ့၊ ကိုယ့်ဘက်ကနေစပြီး ယူမလားလို့လဲမမေးချင်ပါ ဘာကြောင့်ဆို Jungkookရဲ့အချစ်ကိုစော်ကားရာကျမှာဆိုးလို့။
Jungkookနဲ့ကျွန်တော်အကြောက်ဆုံးက တယောသင်တန်းလေးပြီးသွားမှာကိုပဲ၊ အဲချိန်ကျရင်တော့ တစ်ကယ်ခွဲခွါရမှာ။
ခွဲခွါရမဲ့အချိန်ကိုမရောက်ချင်တာမို့ သင်တန်းရက်တိုင်း တယောမသင်ပဲ ကိုယ်ပိုင်အချိန်လေးတွေဖန်တီးဖြစ်ခဲ့ကြတယ်၊ Jungkookကသူသဘောကျတဲ့ စာအုပ်လေးတွေယူလာပြီးဖတ်ပြတတ်တယ်။
Jungkookစာဖတ်ပြတဲ့အချိန်ဆို သူ့လက်ကလေးကိုဆုပ်ကိုင်ကာ ပုခုံးပေါ်ခေါင်းမှီပြီးနားထောင်နေရတာကို သဘောအကျဆုံးပဲ။
"ချစ်တယ်Jimin shi"
"ချစ်တယ်Jungkook"
"အူယားလိုက်တာဗျာ"
"အ့! ဘာလို့ကိုက်နေတာလဲ"
လက်ကလေးကိုအတင်ရုန်းတော့ Jungkookကသူ့ဂျိုင်းကြားထဲဝှက်ထားလိုက်သည်။
"လွှတ်အုံး ငါ့လက်ကိုကိုက်ချင်မနေနဲ့ မင်းခွေးမဟုတ်ပဲနဲ့"
"မပေးပါဘူး ကျွန်တော့်အပိုင်လက်လေးတွေ"
"ခဏပဲလွှတ်လို့…"
YOU ARE READING
absquatulate
Fanfictionအကြောင်းပြချက်မရှိ ရပ်စောင့်နေသူရယ်...... ဘယ်တော့မှ ပြန်မလာတော့တဲ့သူရယ်......