"ကျွန်တော်ရောက်ပါပြီ"
"ပေါ်လာသေးတယ်နော်"
"ဟီး"
ထယ်ကအပြုံးလှလှလေးပြုံးပြပြီး ဝတ်စုံလဲဖို့ အခန်းထဲဝင်သွားပြီ။
ဟိုကိစ္စကြီးဖြစ်ပြီးကတည်းက မုန်လာဥနဲ့အတူတူပတ်အိမ်တော်ကြီးထံ အတူတူသွားပေးရတာကြောင့် အချိန်ပိုင်းအလုပ်ဖြစ်တဲ့ဒီကော်ဖီဆိုင်ကို မရောက်တာကြာပြီ၊ နှစ်ပတ်လောက်ရှိလောက်ပြီထင်တယ်။
ပိုင်ရှင်ကသဘောကောင်းလို့သာ ထိုလောက်ခွင့်ရက်ရှည်ကြီးကိုပေးတာ သဘောမကောင်းလို့လဲမရဘူးလေ သူ့ဆိုင်ရောင်အားတက်တာ ဟောဒီကခပ်ချောချောလေးKim Taehyung ရှိနေလို့လေ။
ဝတ်စားလဲပြီးတော့ထယ်ကော်ဖီစဖျော်ပေးရသည်၊ ခါတိုင်းလိုပဲ ဆိုင်ထဲလူကျနေ၏။ထယ်လဲ အရင်ကအမြဲမြင်နေကျလူကို မျက်လုံးဝေ့ဝဲကာ ရှာကြည့်နေမိ၏။
2ပတ်လောက်ထယ်မလာတော့ သူလဲမလာတော့ဘူးထင်ပါတယ်။
ပြောလို့မှမဆုံးသေး တံခါးကခြူးသံလေးမြည်သွားကာ မျှော်နေသူသည် shirt မီးခိုရောင်လေးကိုဂျင်းလေးနဲ့တွဲဝတ်ထားကာ ဆံပင်တို့ကိုလဲနှဖူးတွင်ချထား၏။
"Black coffee တစ်ခွက်ပေးပါ"
"3500ကျပါတယ်ဗျ"
"ဒီမှာပါ…"
ကမ်းပေးလာတဲ့ပိုက်ဆံလေးကိုယူပြီး အကြွေပြန်အမ်းကာ ကော်ဖီစဖျော်တော့သည်။
"ဒါနဲ့ မင်းကိုအရင်ရက်တွေကမမြင်ဘူးနော်"
"ဗျာ…!"
"ဟို…ကိုကဒီဆိုင်ကဖောက်သည်လေ နေ့တိုင်းလာသောက်ဖြစ်တယ် အဲဒါ အရင်ရက်ကမင်းကိုမတွေ့တော့လို့ ကိုယ်ကထွက်သွားပြီထင်နေတာ"
"Personal case လေးတွေရှိလို့ ခွင့်ယူထားတာပါ ထွက်တော့မထွက်ဘူးရယ်"
"အင်း… ကိုယ်လဲမင်းလက်ရာပဲသောက်တတ်တာဆိုတော့ မင်းမရှိတော့အခက်တွေ့သား"
"ဗျာ…!"
ထယ်ထပ်အံ့ဩမိပြန်သည် ဒီလူကအခုထယ့်ကိုလာဖလစ်နေတာလား။
"ကိုယ့်ကိုမင်းဖုန်းနံပါတ်လေးပေးထားပါလား"
ထယ်ကကော်ဖီဖျော်ရင်းနဲ့မှ တစ်ချက်လှမ်းကြည့်သည်။
YOU ARE READING
absquatulate
Fanfictionအကြောင်းပြချက်မရှိ ရပ်စောင့်နေသူရယ်...... ဘယ်တော့မှ ပြန်မလာတော့တဲ့သူရယ်......