ရောင်စုံမီးများဖြင့်လှချင်တိုင်းလှနေသော ညဈေးတန်းလေး၊ ဆူညံလှသောဈေးသည်များ၏အော်ဟစ်သံနှင့် ကလေးများ၏ပြေးလွှာဆော့ကစားကာ ရီမောနေသောအသံတွေက ပွဲတော်ဘယ်လောက်စည်ကားလဲဆိုတာ ပြောပြနေသယောင်။
အတွဲလေးများသည်လဲ လက်ချင်းချိတ်ကာခိုးခိုးခစ်ခစ်ရီရင်း အလှဆုံးသောအခိုက်တန့်လေးတွေဖန်တီးနေကြ၏။ထိုအထဲတွင် ထင်းထွက်နေတာက စာကြည့်မျက်မှန်တပ်ထားသောကောင်လေးနှင့် ထိုကောင်လေးလက်တွေကိုအပိုင်နိုင်ဆုံးဆုပ်ကိုင်ကာ ပြုံးရိပ်သန်းနေတဲ့ ကောင်လေးနှစ်ယောက်။
"ငါ့လက်တွေကိုမလွှတ်လိုက်နဲ့နော်Jungkook"
"လွှတ်ပေးပါပြောတောင်မလွှတ်ဘူးမို့စိတ်ချပါ Jimin shi"
ရှက်ရိပ်သန်းသွားသောမျက်နှာလေးသည် ဒီနေ့တွင်အထူးကြည့်လို့ကောင်းနေ၏။ကိုယ်တပ်နေကျစာကြည့်မျက်မှန်လေးက Jimin shi နဲ့ကျမှပိုလိုက်နေသလိုပဲ။ shirtအမဲရောင်လေးပေါ်မှာထပ်ဝတ်ထားတဲ့ စစ်စိမ်းရောင်ကုတ်အရှည်ကလဲ Jimin shi ကိုပိုနုသွားစေဖို့ ကူညီပေးနေသလားအောက်မေ့ရတယ်။
မကျပ်မပွဂျင်းဘောင်းဘီလေးနဲ့ ဖိနပ်အဖြူရောင်လေးကလဲ လိုက်ဖက်နေပြန်ပါသည်၊ ဒီနေ့Jimin shiဝတ်ထားတာလေးကတစ်မျိုးလေးပဲ ကလေးလေးနဲ့တူတယ်။
ကြည့်နေတုန်းမှာပဲ နားရွက်ဖျားလေးတွေနီနေတာကိုမြင်လိုက်တာကြောင့် ကိုယ်အမြဲစောင်းနေကျဦးထုပ်အမဲလေးကိုချွတ်ပေးကာ Jimin shi ကိုဝတ်ပေးလိုက်သည်။
"အေးတယ်မလား"
"အဲ…အဲလောက်လဲ…မဟုတ်ပါဘူး"
သိသိသာသာရှက်နေတာကြောင့် စကားသံလေးသည်တိုးဝင်လို့သွား၏။
"ဘာစားချင်လဲ ဒီနေ့ကျွန်တော်ဒကာခံမယ်"
"ငါ…ဘီယာသောက်ကြည့်ချင်တယ်"
"အဲဒါပဲလား…"
"တော့ပိုကီတွေ ငါးအသားချောင်းတွေလဲစားကြည့်ချင်တယ်"
"ဖြစ်စေရမယ်"
ကိုရီးယားရဲ့အဓိကအစားစာတွေဖြစ်ပေမဲ့ နှစ်ခါလောက်သာစားခဲ့ဖူးပါသည်၊ ဒယ်ဒီကဗိုက်နာလိမ့်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဒါတွေကိုဝယ်မကျွေးပါ အရမ်းစားချင်နေရင်တောင် မစားခိုင်ခဲ့ဘူး။
YOU ARE READING
absquatulate
Fanfictionအကြောင်းပြချက်မရှိ ရပ်စောင့်နေသူရယ်...... ဘယ်တော့မှ ပြန်မလာတော့တဲ့သူရယ်......