Part-13

428 47 0
                                    

"Jungkook…"

"ဗျာ"

"ဒီနေ့ငြိမ်လှချည်လား"

"တွေးစရာလေးတွေနည်းနည်းများနေလို့"

ပိန်းဥပြောလိုက်တဲ့စကားတွေက နားထဲမှာပဲ့တင်ထပ်နေတာ၊ Jiminမလုံခြုံတော့ဘူးဆိုတာလဲ သိလိုက်ရပြီး တစ်ခုခုတော့လုပ်မှဖြစ်တော့မယ်ဆိုတာလဲသိလိုက်ရပြီ။

ကိုယ့်အနေနဲ့ကလဲ ဘာမှတတ်စွမ်းနိုင်တာမဟုတ်ဘူး အကောင်းဆုံးကတော့Jiminကိုဒီအိမ်နဲ့အဝေးဆုံးကို ခေါ်ထုတ်သွားဖို့ပဲ။

သူတို့တွေမလိုချင်တဲ့Park Jiminဆိုတဲ့လူသားလေးကို သူတို့နဲ့ဝေးရာကိုခေါ်ထုတ်သွားပြီး အလှဆုံးပျိုးထောင်ပေးမယ် စိတ်ချမ်းသာအောင်ထားမယ်။
Park Jimin ပြုံးနေရင်ရက်ရာဇာမို့ Park Jimin အပြုံးလေးတွေဖြစ်ထွန်းအောင်စွမ်းဆောင်ပေးမယ်။

"Jimin…"

"ပြောလေJungkook"

"ကျွန်တော်တို့ထွက်ပြေးရအောင်"

"ဘယ်လို…"

"ကျွန်တော်Jiminကိုခိုးပြေးမယ် Jiminလိုက်ရဲလား"

"………"

"ကျွန်တော်နဲ့နေရင်ဆင်းရဲမယ်ဆိုတာမှန်ပေမဲ့ အနည်းဆုံးတော့စိတ်ချမ်းသာစေရမယ်လို့အာမခံပါတယ်၊ Jiminကိုငိုအောင်လဲမလုပ်ပါဘူး အမြဲပြုံးပျော်အောင်ထားပါ့မယ်"

"………"

"ဒါ…ဒါပေမဲ့လို့လေJimin… ကျွန်တော်Jiminငိုအောင်တော့တစ်ခါတစ်လေလုပ်မိမယ်ထင်တယ်"

"မင်းနော်…"

မျက်မှောင်လေးကြုတ်သွားပုံက ချစ်ဖို့ကောင်းလွန်းလှပါတယ်၊ Park Jimin ကလေ ချစ်ပြီးရင်း ချစ်မိအောင်အရမ်းလုပ်တာ။

"မင်းငါ့ကိုခိုးပြေးမယ်ဆိုတာ အနိုင်ကျင့်ချင်လို့မလား"

"အော်…! Jiminသိနေတာလား"

"မင်း…လူယုတ်မာ ငါမင်းနဲ့မလိုက်ဘူး"

လက်ကလေးပိုက်ကာ မျက်စောင်းလေးဝင့်ရင်း တစ်ဖက်ကိုလှည့်သွားသူ။

"Jimin shi… ဒီဘက်ကိုလှည့်ပါအုံး"

"မလှည့်ဘူးသွား လာမခေါ်နဲ့"

absquatulateWhere stories live. Discover now