မကြာခင်မှာ သိင်္ခရဲ့အိမ်မက်လေးကအမှန်တကယ်ဖြစ်လာတော့မည်အကြောင်းတွေးမိပြန်တော့ သိင်္ခခပ်ရေးရေးလေးပြုံးလိုက်မိသည်
"ဟျောင့် မင်းတယောက်ထဲဘာတွေပြုံးနေတာလဲ""မကြာခင်အလုပ်သင်ဆင်းရတော့မဲ့ကိစ္စပါကွာ ဒါနဲ့မင်းက မယုနဲ့သွားတွေ့မှာဆို"
"အင်း ဒီလိုပါဘဲ အော်ဒါနဲ့ ငါကန်တင်းကဖြတ်လာရင်းကြားတာတော့ မင်းနဲ့မေအမရာက တဆိုက်ထဲဆင်းရမှာတဲ့ ပြီးတော့ မင်းတို့ဆိုက်က အင်း၀ဆိုဘဲ"
"ဟုတ်လား ငါကတော့ဘယ်ပဲကျ,ကျပါ အဓိကက ငါ့တာ၀န်ငါကျေဖို့ပဲလေ"
"အင်းပေါ့ ဘာလိုလိုနဲ့ ငါတို့တွေတောင်ကျောင်းပီးတော့မယ်နော် မကြာခင်မင်းဖြစ်ချင်တဲ့ ရှေးဟောင်းသုတေသနပညာရှင်ဖြစ်ခွင့်ရတော့မယ်"
"အွန်း ဟုတ်တယ်"
"သိပ်ပျော်တာပဲလား သိင်္ခ"
"ငါ့ဘ၀မှာ အရေးပါဆုံးက ပေါ့နဲ့မယ့်ရယ် ငါ့ဝါသနာဖြစ်တဲ့ရှေးဟောင်းသုတေသီတစ်ယောက်ဖြစ်ဖို့ရယ်ဘဲ"
"အချစ်ကရော အရေးမပါဘူးလား"
"သူ့နေရာနဲ့သူပေါ့ အချုပ်အနှောင်တွေကိုသိပ်သဘောမကျဘူး ငါကငါဝါသနာပါရာလေးကို အေးဆေးလေးလုပ်ချင်တာ"
"ကောင်းပါတယ် "
(သိင်္ခတို့စကားပြောနေစဥ်ဆရာ၀င်လာတာမို့ တတန်းလုံးထနှုတ်ဆတ်လိုက်ကြပြီးနောက် နောက်ဆုံးနှစ်ဘွဲ့လွန်projectတခုအတွက်အလုပ်သင်ဆင်းရမဲ့နေရာများကို ဆရာကတခါတည်းပြောသွားတာမို့ မကြာခင် သိင်္ခမန္တလာမြေကို ခြေချရပေတော့မည်)🛎️🎼🎼🎼
"ကဲ အားလုံးဘဲ မကြာခင်အလုပ်သင်ဆင်းရမှာမို့ အခုကတည်းက လိုအပ်တာတေကိုကြိုတင်လေ့လာပြင်ဆင်ထားကြဖို့ဆရာမှာချင်တယ် ဆရာပြောချင်တာမင်းတို့တေအစစအရာရာ ဂရုစိုက်ပါ ထိုင်ကြ ထိုင်ကြ"
"စိုင်း
"ဟုတ်ကဲ့ ပြောပါအမရာ
"စိုင်းရယ် တစိမ်းဆန်လိုက်တာ ပထမနှစ်ကတည်းက တတန်းတည်းအတူတက်လာခဲ့တာ မကြာခင်ဘဲအလုပ်သင်ဆင်းပြီးဘွဲ့တောင်ရတော့မယ် တို့ကိုအမရာလို့ခေါ်တုံးလား မေလို့ခေါ်ပါလို့ပြောထားတာကို ဟွန့်"
(မေအမရာရဲ့ အမူယာကအခြားပုရိသတေအတွက်တော့ ရင်ခုန်ချင်စရာကောင်းပေမယ့် သိင်္ခအတွက်တော့ သစ်ရွက်လေးလှုပ်သွားတာကိုကြည့်ရတာလောက်တောင် စိတ်မ၀င်စားမိတာအမှန်)"စိတ်မရှိပါနဲ့အမရာ ကျွန်တော်ကအတန်းထဲကလူတွေအကုန်ခေါ်သလိုဘဲခေါ်မှာမို့ ကျွန်တော့် အခေါ်ဝေါ်ကြောင့်အမရာအဆင်မပြေဖြစ်ရရင် ကျွန်တော်နဲ့စကားလာမပြောပါနဲ့ ပြီးတော့ ကျွန်တော့်နာမည်ကိုလဲ အတန်းထဲကလူတွေခေါ်သလို သိင်္ခလို့ဘဲခေါ်ပါ ကျတော့်ကိုသွားခွင့်ပြုပါအုံး အမရာ"
(တတန်းလုံးရဲ့ရှေ့မှာ အခုလိုအပြောခံလိုက်ရတာမို့ အမရာခံပြင်းမိသည်မှာအမှန်ပင်)-ဘယ်လိုမိန်းမမျိုးလဲမသိပါဘူး ဟိုကဖြင့်သူကို မကြည်ဖြူတာကိုအခုထိအရှက်မရှိလိုက်တွယ်ကပ်နေတာ အံ့သြပ့ဟယ်
-ဟုတ်ပ့ ဘလိုမိန်းမပါလိမ့် မွေးကတည်းကဆရာ၀န်က ရှက်ကြောနဲ့ ချက်ကြောမှားများဖြတ်ပေးလိုက်မိသလားမသိဘူး တစက်ကလေးမှအရှက်မရှိဘူး
-အော့ ရွံ့လိုက်တာ
(အမရာနောက်ကျောဘက်ကနေ ရွံ့ရှာတဲ့ပုံစံ လုပ်ပြလိုက်တာမို့ သိင်္ခစကားကြောင့်ထွက်နေတဲ့ဒေါသတွေဖြေဖို့ နောက်လှည့်ကြည့်လိုက်ရာ"အော် ဘယ်သူတေများလဲလို့ အခြောက် အခြောက်ချင်း ပလူးပလဲနေတဲ့ဟာတွေကို အခြောက်အားပေးလုပ်နေတဲ့ ဟာမတေဘဲ အို ရွံ့လိုက်တာ ထွီ"
"ကောင်မ နင်ကများ လာလေ သိပ်သတ္တိရှိနေတယ်မလား ငါ့ကလေးတွေကိုများအခြောက်လို့ပြောရအောင် နင်ကဘာမို့လို့လဲ မိန်းမတန်မဲ့အရှက်မရှိ ကိုယ့်ကိုမလိုချင်တဲ့ ယောကျာ်းကိုမှ လင်မြူသံနဲ့လိုက်ကပ်နေတာလေ ရှက်တတ်ရင်လဲသေလိုက် အေးအခြောက်ဆိုတာနား၀င်ဆိုးပေမယ့် သူတို့မှာသိက္ခာရှိတယ် နင့်လိုအဆင့်မရှိတဲ့ သူများမယားငယ်ဖြစ်လာမဲ့ မယားငယ်အလောင်းလျာလေးက အရှက်သိက္ခာဆိုတာ ဘယ်နားလည်ပါ့မလဲ အို နင့်မိဘတွေကိုသနားလိုက်တာနော်"
"ဘာပြောတယ်
"ကန်းနေသလား အေးပေါ့ ကန်းရင်လဲကန်းမှာပေါ့ ဘာလို့ဆို နင့်နားထဲချီးပိတ်နေတာလေ ဖယ်စမ်းငါ့ရှေ့က အောက်တန်းစားမ ထွီ"
"နင် နင်"
________________________See you soon__
The author is Zen....
