"မေမေ
"အော် သားတို့တောင်ရောက်လာပြီဘဲ လာ လာအထဲ၀င်ကြ
"သော် အကိုမ၀င်တော့ဘူးနော် ဒီကအပြန်၀င်စရာလေးလဲရှိတော့ ဟိုကိုပြန်ရင်နောက်ကျနေမှာဆိုးလို့
"အာ ဟုတ်ကဲ့ ဂရု့စိုက်ပြန်အုံးနော် ကိုဘုန်း
"ဟုတ်ပြီသော် အက်တာဆိုအကိုသွားတော့မယ်
"ဟုတ်
__
"မေမေ ဒါက ကိုစိုင်းခွန်းသိင်္ခနဲ့ကိုခန့်တည်ကြည် ရှေးဟောင်းသုတေသနကလေကိုစိုင်းနဲ့ကိုခန့် ဒါကသော်မေမေဒေါ်သဇင်နွယ်တဲ့"ဟုတ်ကဲ့ အန်တီ တွေ့ရတာ၀မ်းသာပါတယ်ဗျ
"အန်တီလဲ၀မ်းသာပါတယ် သားတို့ရယ် ဒါနဲ့ဒီငရှုပ်လေး အလုပ်ထဲမှာမွှေသေးလား
"သော်ကလိမ္မာပါတယ် အန်တီရယ် ကျွန်တော်တို့ကိုလဲ ဝိုင်းကူပေးတယ်ရယ်
"အိမ်မှာတော့ အက်လိုမဟုတ်ဘူးသားတို့ရေ သားခွန်းကတအားမွှေတာ လိုချင်တာမရရင်စိတ်ကဆိုးတတ်သေးတယ် သားဦး/မြေးဦးဆိုတော့ မိဘတွေ အဖိုးဖွားတွေက သူ့ကိုတအားအလိုလိုက်ထားလေ အက်တော့ တစ်အိမ်လုံးသူ့စိတ်ချည်းဘဲ
"ဟာ မေမေနော် တော်ပြီ မေမေကိုမခေါ်တော့ဘူး ဟွန့်
(ကို့crushရှေ့မှာမှ ကို့မကောင်းကြောင်းပြောခံရတယ်လို့ ကိုစိုင်းကလဲရီနေလိုက်တာများနွားပြာကြီးအောက်သွားလွတ်နေတဲ့အတိုင်းဘဲ )"သားတို့လဲ အေးဆေးနားကြအုံးနော် အန်တီသားတို့စားဖို့ညစာစီစဥ်လိုက်အုံးမယ် သားခွန်း ဧည့်သည်တွေကို နားရမဲ့အခန်းလိုက်ပြလိုက်အုံး
"ဟုတ်ကဲ့ သော်နောက်ကလိုက်ခဲ့ကြနော်
(မင်းခန့်ကအိမ်မှာသောင်လာတင်နေကြမို့ သူ့အခန်းသူသီးသန့်ရှိတာကြောင့် အပေါ်ရောက်တာနဲ့ သူ့အခန်းထဲတန်းနေအောင်၀င်သွားပြီ ဖြစ်တာမို့ သော်တာ၀န်က ကိုစိုင်းတို့နေဖို့အခန်းလိုက်ပြရုံသာ"ဒါကအကိုတို့နေရမဲ့အခန်း အကိုတို့အခန်းရဲ့ဘေးထောင့်ဆုံးအခန်းက သော်အခန်း တခုခုလိုတာရှိရင် အားမနာနဲ့နော် အခုတော့နားလိုက်ကြအုံး ညကျရင်ညစျေးသွားကြတာပေါ့ အက်တာဆိုသော် သွားပြီနော်
