P-3

6 2 0
                                    

(မဟီတို့ကားလေး မနက်၅နာရီကထွက်လာခဲ့တာ၆နာရီခွဲတော့ လေ့လာရေးဆင်းရမဲ့ တြိလောကဘုရားပုရ၀ဏ်အတွင်းသို့ရောင်လာခဲ့သည်)
"သားခွန်း ဒါက ရှေးဟောင်းသုတေသနတက္ကသိုလ်ရဲ့ ကထိက ဦးထိုက်စျာန်တဲ့ ကိုထိုက် ဒါကကျတော့်တူလေး ခွန်းမဟီသော် ဒါကကျတော့်တပည့် ဇေမင်းခန့်တဲ့ Archi second yearက အခုဒီကိုလာမယ်ဆိုတော့ လိုက်ချင်တယ်ဆိုလို့ အတွေ့ကြုံရအောင် လေ့လာဖို့ခေါ်ခဲ့လိုက်တာ

"ကောင်းပါတယ် ကိုတို့ရှေးဟောင်းသုတေသနဌာနနဲ့ ဗိသုကာဌာနဆိုတာ ခွဲထားလို့မှမရဘဲ မင်းတို့လူငယ်တေအခုလိုစိတ်၀င်တစားရှိတာကောင်းတယ် မင်းတို့စိတ်ကြိုက်လေ့လာကြနော်

"၀င်ခွင့်ပြုပါဆရာ

"အေး ၀င်ခဲ့လေ

"ကျွန်တော်တို့ လေ့လာရေးနေရာသွားမလို့ ဆရာတခါတည်းလိုက်ခဲ့မလားလို့၀င်မေးတာပါဆရာ

"အခုတော့မလိုက်သေးဘူး ဆရာတို့တေဆွေးနွေးစရာလေးတေကျန်သေးလို့ ဒါနဲ့ဆရာတခါတည်း မိတ်ဆတ်ပေးရအုံးမယ် ဒါဗိသုကာဌာနက ဦးခွန်းနေလင်းသော်တဲ့ ဒါက သူတူ ခွန်းမဟီသော်နဲ့ ဇေမင်းခန့်တဲ့ သားတို့အဖွဲ့တခါတည်းကလေးတေကိုခေါ်သွားလိုက်နော် အခုမှSecond yearဆိုတော့ ညီလေးတေကသိပ်နားလည်အုံးမှာမဟုတ်ဘူး

"ဟုတ်ကဲ့ပါဆရာ

"သားခွန်းလို့ဘဲခေါ်မယ်နော်

"ဟုတ်ကဲ့ သားလဲလေးငယ်လို့ဘဲခေါ်မယ်နော်

"ဟား ဟား သော် မင်းတူကငါ့ကိုလေးငယ်တဲ့ ဟုတ်ပီ ဟုတ်ပီ လေးငယ်မိတ်ဆတ်ပေးမယ် ဒီဘက်က Polo shirtနက်ပြာနဲ့က စိုင်းခွန်းသိင်္ခတဲ့ ဒီဘက်က T-shirt အမဲနဲ့က ခန့်တည်ကြည် ပါတိတ်၀မ်းဆတ်နဲ့တယောက်ကတော့ မိုးတဲ့

"ဟုတ်ကဲ့တွေ့ရတာ ၀မ်းသာပါတယ်ဗျ ကျတော်နာမည်က ခွန်းမဟီသော်ပါ ကျတော်တို့ကိုအများကြီးကူညီပီးရှင်းပြပေးပါအုံးဗျ

"စိတ်ချ မောင်လေး အမကိုယ်တိုင်ရှင်းပြမယ် သိလား

"ဟုတ်ကဲ့ မမ

"ဆရာ ဒါဆို ကျွန်တော်တို့သွားတော့မယ်နော်

"ဟုတ်ပီ သားခွန်းတို့လိုက်သွားနော် လေးငယ်တို့အစည်းဝေးပီးရင်လာခဲ့မယ်

အတားအဆီးများ၏အလွန်Where stories live. Discover now