P-2

6 2 0
                                    

📱🎼Take me home,I'm fallin
Love me long,I'm rollin
Losing control,body and soul🎼📱

"Hello

"ခွန်းသော် မင်းမနက်ဖန် မင်လေးလေးနဲ့လိုက်သွားမှာလား

"အေး လိုက်သွားမှာလေ ဘာလို့လဲ မင်းလိုက်ချင်လို့လား

"လိုက်ချင်တယ် ပြီးတော့ ငါအင်း၀ဘက်ကိုမရောက်ဖူးသေးဘူး

"ဟီး ငါရောဘဲ အခုကိစ္စကငါတို့နဲ့မဆိုင်သေးပေမယ့် အင်း၀မှာရှေးဟောင်းသုတေသနက လူတေရှာတွေ့ထားတဲ့ တြိလောကဘုရားက ပုဂံကအာနန္ဒာဘုရားလိုဘဲ အနုသုခုမလက်ရာတေအများကြီးကိုတွေ့ရတယ်တဲ့ အက်တာကြောင့် လေးလေးတို့တေနဲ့ ရှေးဟောင်းကလူတေ ပေါင်းပြီးလေ့လာကြမယ်ဆိုတော့ ဒီဘုရားကတခုခုဘဲ အက်တာကြောင့် ငါစိတ်၀င်စားလို့လိုက်သွားမလို့လေ

"အာ့ဆို ငါရောလိုက်ခဲ့မယ်နော်

"အေး ငါလေးလေးကို ပြောထားလိုက်မယ် ငါတို့လဲစာမေးပွဲပီးပီဆိုတော့ အေးဆေးလိုက်လို့ရပါတယ်

"Ok ok အာ့ဆိုငါစောင့်နေမယ်နော်

"ဟုတ်ပီ
(သော် မင်းခန့်နဲ့ဖုန်းပြောပြီး မနက်ဖန်သွားရမဲ့ ကွင်းဆင်းလေ့လာရေးအတွက်တကယ်ရင်တေခုန်နေပါသည် တခါမှလေးလေးရဲ့လုပ်ငန်းခွင်ကိုမလိုက်ဖူးတာကတကြောင်း သော်စိတ်၀င်စားတဲ့အနု့သုခုမ ဗိသုကာလက်ရာတေကို ကိုယ်တိုင်ကိုယ်ကျလေ့လာခွင့်ရမှာမို့ ရင်တေခုန်နေသည်မှာမပြောတတ်လောက်အောင်ပင် မနက်ဖန်ကိုအမြန်ပင်ရောက်ချင်လှပါပီ)

"လေးလေး

"ပြောလေ သားခွန်း

"ဟို မနက်ဖန် အင်း၀ကိုမင်းခန့်ကလဲ လိုက်ချင်လို့တဲ့

"ဇေမင်းခန့်ကိုပြောတာလား သား

"ဟုတ် လေးလေး

"အွန်း လိုက်ခဲ့လေ ရပါတယ် ဒါပေမယ့် လေးလေးတို့ကို ကူညီရမယ်နော် ပြီးရင် ဒီလေ့လာရေးနဲ့ပတ်သတ်ပြီး သားခွန်းကိုစာတမ်းရေးခိုင်းမှာ လေးလေးလိုချင်တဲ့အတိုင်းမရရင် သားခွန်းစာလုပ်ချိန်၃နာရီတိုးပီး ၂လတိတိလုပ်ရမယ်နော်

"ဟုတ်ကဲ့ လေးလေး သားအာ့ဆို မင်းခန့်ကိုသွားပြောလိုက်အုံးမယ်နော် မေမေ သားအရင်ထနှင့်မယ်နော်

"ဟုတ်ပါပီ သားငယ်လေး စောစောအိပ်နော် မနက်ကျ မင်းလေးလေးက မနက်စောစောသွားမှာ ပြီးတော့ သားငယ်ဖေဖေကိုလဲသွားနှုတ်ဆတ်လိုက်အုံးနော် ဟိုဘက်က ကလေးတေကရောက်နေတာ တပတ်လောက်ရှိပြီလေ အာ့ကြောင့်

"ဟုတ်ကဲ့ မေမေ
___
"Hello my son

"ချီးကို My sonပ့လား မင်းမနက်ဖန် ငါနဲ့မလိုက်ခဲ့နဲ့

"စတာလေကွာ မင်းကလဲ ဘလိုလဲ လိုက်လို့ရလား

"အင်း ရတယ် ဒါပေမယ့် လေးလေးကိုတော့ ကူလုပ်ရမှာနော်

"အေးပါ ငါသိပါတယ် အာ့ဆို ငါအ၀တ်စားတွေထည့်ထားလိုက်မယ်နော်

"ဟုတ်ပီလေ ငါလဲနားတော့မယ် မနက်ကျ ငါတို့အစောကြီးလာခေါ်မှာနော် နောက်မကျစေနဲ့ မင်း ငါ့လေးလေးအကြောင်းသိတယ်မလား

"သိတယ် သိတယ် အာ့ဆိုဒါဘဲနော်

"အေး
________________________See you soon__
                        The author is  Zen..

အတားအဆီးများ၏အလွန်Where stories live. Discover now