သော် အိပ်ရာနိုးလာပြီးမကြာခင် မေမေတို့နဲ့ညစာစားကာ အကိုတို့ကို သော်တို့မြို့ရဲ့ စျေးချိူညစျေးကိုလိုက်ပို့ရင်း မုန့်တေပတ်စားပြီးမှသာအိမ်ကိုပြန်လာခဲ့ကြသည်
"အာ့ဆို အကိုတို့နားကြတော့လေ သော်အကိုတို့ကုတင်ပေါ်မှာ မနက်၀တ်ဖို့အ၀တ်စားတွေတင်ပေးထားတယ်နော်
"ကျေးဇူးနော် သော်
"ရပါတယ် သီတင်းကျွတ်ကန်တော့တယ်လို့သဘောထားလိုက်နော် Good nightနော် အကိုတို့ သော်နားတော့မယ်
"Good night
______
"အော် သားတို့တောင်ဆင်းလာကြပြီလား လာထိုင်ကြ သားခွန်းက စောနလေးတင်ရေသွားချိူးတယ်"အန်တီနွယ် သော်ကအစောကြီးနိုးနေတာလား
"မဟုတ်ဘူး ကိုသိင်္ခရဲ့ သော်ကဒီလိုအခါကြီးရက်ကြီးတွေဆိုရင် သူကိုယ်တိုင်မနက်အစောကြီးထပြီး ဘုရားဆွမ်းတော်ကပ်တယ် ဘုန်းကြီးဆွမ်းတန်းတွေကိုဆွမ်းလောင်းတယ်လေ
"အော်
"ဟိုမှာ ဆင်းလာပါပြီ သားခွန်း လာထိုင် သားသူငယ်ချင်းတွေက သားကိုစောင့်နေကြတာ
"မဟုတ်တာ အရင်တော့စားနှင့်ကြတာမဟုတ်ဘဲနဲ့
အသံလာရာလှေကားစီး သိင်္ခလှမ်းကြည့်မိတော့ ခါတိုင်းလိုT-shirtဆိုဒ်ပွကို ဘောင်းဘီဒူးဖုံးလေးတေနဲ့တွဲ၀တ်တတ်တဲ့ ချစ်စရာကောင်လေးက ဒီနေ့တော့ Polo shirtအဖြူရောင်လေးကို ရွှေရောင်ချည်မျှင်ဘေးလိုင်းလေးတွေပါတဲ့ ပုဆိုးနက်နက်လေးနဲ့တွဲ၀တ်ထားပုံက ရင်အေးလောက်အောင်ကို ကြည့်ကောင်းလွန်းလှသည်
လှေကားပေါ်ကနေ ဆင်းလာရင်း သော်ကိုသေချာစိုက်ကြည့်နေတဲ့ အကိုက သော်ဆင်ပေးထားတဲ့ Polo shirtအနက်လေးကို ရွှေရောင်ချည်မျှင်ဘေးလိုင်းလေးတွေပါတဲ့ ပုဆိုးအနက်လေးနဲ့၀တ်ထားတော့ သော့်ရဲ့၁၉နှစ်သား အကိုက လူကြီးပေါက်စလေးအတိုင်းဘဲ တည်ငြိမ် ရင့်ကျက်တဲ့ပုံစံမျိူးလေး"သားခွန်း ဒီနေ့ဘယ်အရင်သွားမှာလဲ
"သားတို့ ဘုရားကြီးကိုအရင်သွားမှာမေမေ ပြီးရင် ကုသိုလ်တော် ကျောက်တော်ကြီးနဲ့မန္တလေးတောင်လဲတက်အုံးမယ် အက်တာတွေပြီးရင်တော့ နန်းတွင်းထဲခဏ၀င်ပြီး ပြန်လာခဲ့မှာပါမေမေ