ဘုရားကြီးကအပြန် ကုသိုလ်တော်၊ကျောက်တော်ကြီးနဲ့ မန္တလေးတောင်ကိုသေချာစုံအောင်လျှောက်သွားခဲ့ပြီးမှ နန်းတွင်းထဲသို့၀င်ခဲ့ကြသည်။နန်းတွင်းထဲကိုရောက်တော့ကို၄နာရီခွဲနေပြီမို့ ခဏဘဲလျှောက်ပတ်ကြည့်ကာ အိမ်ကိုဘဲတန်းပြန်လာခဲ့လိုက်ရာ
"သားတို့တောင်ပြန်လာကြပြီဘဲ
"ဟုတ်ကဲ့မေမေ
"သွား သွား အ၀တ်စားလဲကြ ဒါနဲ့သားခွန်း ဟိုဘက်အိမ်မှာ သားဖွားဖွားကြီးတို့ရောက်နေတယ် သားသွားလိုက်အုံးနော် သားဧည့်
သည်တွေကို အပြင်လိုက်ပို့တာမို့ ပြန်လာရင်လွှတ်လိုက်မယ်လို့မေမေပြောထားတယ် ဧည့်သည်တွေကိုလဲ ဖွားဖွားကြီးနဲ့မိတ်ဆတ်ပေးဖို့ခေါ်သွားလိုက်နော် သား"ဟုတ်ကဲ့မေမေ သားတို့အ၀တ်စားလဲပြီးရင် သွားလိုက်ပါ့မယ်
"ဟုတ်ပါပီရှင်
သော် အ၀တ်စားလဲပြီး အကိုတို့နဲ့အတူတူ ဖွားဖွားကြီးတို့ဆီထွက်လာခဲ့သည်
"ဖွား
"မြေးငယ် အမလေး ဖွားချစ်ဆုံးလေး ဒီတခေါက်ဧည့်သည်တွေနဲ့ဆိုတော့ ဒီအဖွားဆီတောင်မလာဘူးနော်
"အက်လိုမဟုတ်ပါဘူး ဖွားရဲ့ သားညကျအကိုတို့ကိုခေါ်ပြီး ဖွားဆီလာမို့ပါနော်
"ဟုတ်ပါတယ် ဖွားရယ် သားတို့ညကျလာမလို့ပါ
"ရှင်တို့လေးတွေဘဲအပြောကောင်းတယ်
"ဖွား ဒါကသားရဲ့ဧည့်သည်တွေလေ ရှေးဟောင်းသုတေသနက ကိုစိုင်းခွန်းသိင်္ခနဲ့ကိုခန့်တည်ကြည်တဲ့ အကိုတို့ ဒါကသော့်ရဲ့ဖွားဖွားကြီး ဒေါ်မေမဟီသော်တဲ့
"ဟုတ်ကဲ့ တွေ့ရတာ၀မ်းသာပါတယ် ဖွား
"ဖွားလဲ တွေ့ရတာ ၀မ်းသာပါတယ်ကွယ် ဒါနဲ့ဒီငရှုပ်လေးနှစ်ကောင် အလုပ်ရောသေချာလုပ်ရဲ့လား
"သားကသေချာလုပ်တယ်ဖွား ခွန်းသော်ကသာ ဟိုမှာစာလုပ်တာနည်းနည်း မုန့်စားတာများများရယ်
"မင်းနော် မဟုတ်တာတွေလျှောက်မပြောနဲ့
"မဟုတ်လို့လား ဖွားမယုံရင် အကိုသိင်္ခနဲ့ကိုခန့်ကိုမေးလို့ရတယ်