Owner(18+)

4.1K 146 153
                                    

Geminiကသ၀န်တိုလွယ်တယ်!!!

10.18.2023။

"မွေးနေ့အတွက်ဂုဏ်ပြုပါတယ်Mr.nattawat"

ငါပြုံးလျက်သာစကားလာပြောသူ့ထိုလူအား‌အသိမှတ်ပြုသလိုခေါင်းတစ်ချက်ငြိမ့်ပြလိုက်၏။ရှယ်ယာ၀င်ထားတဲ့လူကြီးတွေထဲကတစ်ယောက်ပဲ။

"ဒီနေ့ ခွန်မတရားလှနေတယ်နော်"

"အာ..အဲ့သလိုလား"

ရုတ်တရပ်ဆိုသလိုငါ့ရင်ထဲထိတ်ခနဲဖြစ်သွားသည်ကအမှန်။ဒါကလည်းရင်ခုန်လို့မဟုတ်ဘူး။အသက်လတ်ပိုင်းထဲကဆိုပေမယ့်အနည်းငယ်ကြည့်ကောင်းသည့်ထိုလူကငါ့နှင့်ပိုမိုရင်းနှီးချင်နေသည်။

ထိုလူအားစကားစမလို့ပြင်တုန်းနောက်ကနေခါးကိုဖတ်သွယ်လာသည့်လက်တစ်စုံကြောင့်ငါ့ကိုယ်တုန်တက်သွားသည်ကအမှန်။

ငါထိတ်လန့်စွာဖတ်သွယ်လာသည့်လူအားကြည့်လိုက်တော့သူကငါမုန်းသည့်အဲ့စူးရှတဲ့မျက်၀န်းနက်တွေနှင့်ကြည့်လာ၏။

"ကျွန်တော့် အမျိုးသားနားမှာတစ်ခုခုရှိလို့လားsir?"

"အဟင်း! ဘာ..ဘာမှမရှိပါဘူး"

ရှန်ပိန်ခွက်ကိုင်ကာရှောင်ထွက်သွားသည့်ထိုလူကြောင့်ငါသက်ပြင်းယဲ့ယဲ့သာချမိသည်။မျက်၀န်းနက်တွေနဲ့အမျိုးသားကိုမကြောက်တဲ့လူရှိပါ့မလား?

"မောင်မကြိုက်ဘူးပြောတာတောင် ၀တ်ဖြစ်အောင်၀တ်တယ်နော်fourth"

ငါ့မျက်ခုံးများတွန့်ချိုးသွားကာဖတ်သွယ်ထားသည့်ထိုလူ၏လက်များအားတွန်းဖယ်လိုက်၏။အဲ့နောက်necktie
အားပြင်လျက်စိတ်ရှုပ်သလိုကြည့်လိုက်သည်။

"ရိုးရိုးsuitပါပဲgemini အကဲပိုမနေစမ်းနဲ့"

သိသိသာသာအေးစက်နေသည့်geminiရဲ့မျက်နှာ။ဒါကငါ့စိတ်ကိုအများကြီးကသိကအောက်ဖြစ်စေ၏။ဒီလိုကောင်ကဘာလို့များငါ့ယောင်္ကျားဖြစ်လာရတာလဲ။

Geminiဟာမှင်သေသေမျက်နှာထားနှင့်ငါ့အနားသို့ကပ်လာပြီးထပ်မံခါးကိုလှမ်းဆွဲလျက်သူ့ရင်ဘတ်နှင့်နီးအောင်ကပ်လိုက်၏။

ရုတ်တရပ်မလို့ငါလန့်ကာလက်များအားgeminiပခုံးပေါ်သို့တင်မိသည်။အဲ့နောက်geminiကငါ့နားဖျားတွေနားကပ်လာ၏။

The pretty top is Red flag(geminifourth ff✅)Where stories live. Discover now