Baby gurl

1.1K 104 40
                                    

မောင့်အသက်က ကလေးလေး။

"မောင် ငါဗိုက်ဆာတယ်.."

စာဖတ်နေတုန်းထွက်လာသည့်အသံသေးသေးလေးကြောင့်ငါ့နှုတ်ခမ်းတွင်အပြုံးများကနေရာယူလာလျက်။စောင်လေးအားမျက်နှာထိရောက်အောင်ခြုံထားသည့်အသက်ဟာအများကြီးမူးနေသည့်ပုံ။

တစ်ညနှင့်နေ့တစ်၀က်ကုန်ပြီးသည့်နောက်မှာအကြမ်းမခံနိုင်သည့်ငါ့သေးသေးလေးကမျော့မျော့လေးသာကျန်ခဲ့ပြီးဖျားပါလေရော။

ဆရာ၀န်ခေါ်ပြီးအကိုက်ခဲပျောက်ဆေးနှစ်လုံးထိုးပေးကာ‌
သောက်ဆေးအချို့ယူထားတာကြောင့်သိပ်တော့မဆိုးပေ။ဖျားလျှင်လူကပ်တတ်သည့်ငါ့ဟာလေးကြောင့်ခွင့်ယူကာအနီးကပ်နေပေးနေရခြင်း။

"ဆန်ပြုတ်သောက်မလား အသက်? မောင်နွေးပေးမယ်"

ခေါင်းမငြိမ့်ပြသည့်သေးသေးလေးကအဖျားကြီးနေတာတောင်ဆန်ပြုတ်သောက်ရမှာကိုငြင်းဆန်နေတုန်းပေ။ငါခပ်ဖွဖွလေးရီလိုက်မိ၏။

'ခေါက်ဆွဲပြုတ်ပေးမယ်'ပြောတော့မျက်၀န်းတွေလဲ့သွားသည့်ငါ့ရဲ့အသက်ကလေး။အာဟာရမရှိတာတွေဆိုသူသိပ်ကြိုက်တာ။

နဖူးနုနုလေးအားတစ်ချက်နမ်းလျက်စာအုပ်အားချကာငါမီးဖိုခန်းထဲသို့သွားလိုက်သည်။အသင့်စားခေါက်ဆွဲထုတ်တွေအများကြီးထဲမှအချိုလေးကိုသာငါရွေးယူလိုက်သည်။

ကြက်ဥတစ်လုံးနှင့်အပ်မှိုအချို့ထည့်ပြုတ်ပြီးမှပွတ်ပွတ်စူလာသည့်ခေါက်ဆွဲအိုးလေးအားချကာပန်းကန်လုံးဖြူလေးထဲသို့ပြောင်းထည့်လိုက်သည်။

ခေါက်ဆွဲပန်းကန်အားစားပွဲပေါ်သို့တင်ထားခဲ့ပြီးအိပ်ပျော်ကာကျန်ရစ်ခဲ့သည့်အသက်ကလေးကိုခေါ်ရန်ငါအပေါ်ထပ်သို့တက်လာရပြန်၏။

"မောင့်ကလေးလေး စားလို့ရပြီလေ"

"..."

ပြန်မဖြေသည့်သေးသေးလေးနားသွားတော့nattဟာကုတင်ပေါ်တွင်ကွေးကွေးလေးအိပ်နေ၏။အအေးမိထားလို့ရဲနေသည့်နှာထိပ်လေးကချစ်စရာ။

စိတ်မထိန်းနိုင်ပဲရေချိုးခန်းထဲ၃ချီနီးပါးဆွဲခဲ့မိသည့်ငါ့အပြစ်သာဖြစ်လိမ့်မည်။ဆေးမသောက်ခင်တစ်ခုခုစားဖို့လိုတာကြောင့်ငါနိုးတော့မူးသည်ဟုဆိုလာ၏။

The pretty top is Red flag(geminifourth ff✅)Where stories live. Discover now