Gemini is not my boyfriend!!

1.6K 136 61
                                    

Geminiကငါ့ကောင်လေးမဟုတ်ဘူး။

"မောင်..ထဦး ငါခြေထောက်ကြင်နေပြီ"

Geminiကငါ့အားတစ်ချက်သာကြည့်ပြီးTVပြန်ကြည့်နေ၏။ငါမနိုင်သလိုသက်ပြင်းတစ်ချက်သာချလိုက်သည်။ကိုယ့်ထက်ငယ်တဲ့ကောင်တွေကအရမ်းနိုင်စားတာပဲ။

အစောကမှအလုပ်ကပြန်လာတုန်းရှိသေး'fourth'ဟူ၍TVရှေ့တွင်ဆွဲခေါ်ကာငါ့ပေါင်ပေါ်တွင်ခေါင်းအုံးနေလေသည်။ပင်ပန်းရတဲ့ကြားထဲသကောင့်သားကလာရှုပ်နေ၏။

သူအလိုမကျရင်လဲငါကပဲခံရဦးမည်။အသက်ဖြင့်၂၀ရှိနေပြီကြည့်နေတာကtom and Jerryတဲ့လေ။ငါ့ရီချင်စိတ်ကခွီကနဲ။မျက်စောင်းတွေကိုကြောက်လို့သာ။

အဲ့နောက်စားပွဲပေါ်တွင်တင်ထားသည့်အာလူးကြော်ထုတ်အားယူကာငါဖောက်လိုက်၏။ဖောက်တဲ့ငါစားရတာကနည်းနည်း။အိပ်နေတဲ့ငပျင်းစားနေတာများများ။

မျက်နှာကလေးလှတာကလွှဲရင်ဘာမှသုံးစားမရတဲ့ကောင်။မနက်ကျောင်းကိုလည်းငါကပဲလိုက်ပို့ရပြီးကြိုပေးရသည်။အဲ့အပြင်ထမင်းကလည်းချက်ကျွေးရသေး။

ကြက်ဥတစ်လုံးတောင်ဖြစ်အောင်မကျော်တတ်တဲ့နွားကငါ့ကိုယူချင်သည်တဲ့လေ။ယူပြီးပြီမို့ချေပစရာတော့ငါ့မှာမရှိတော့ပေ။

"မောင့်nattawatရေ"

ငါသက်ပြင်းတစ်ချက်ချလျက်စားပွဲပေါ်ကအချိုရည်ဘူးအားလှမ်းယူကာဖောက်ပေးရသည်။ဒါတောင်ထမသောက်ချင်သည့်geminiကြောင့်ငါစိတ်ညစ်ရသေး၏။

'စတာ'ဟူ၍ထလာသည့်ကောင်ကအချိုရည်တစ်ချိုက်ထဲမော့ပြီးသည်နှင့်ငါ့ပေါင်ပေါ်ပြန်အိပ်နေသည်။ခေါင်းအားတစ်ချက်အားခေါက်လိုက်ချင်ပေမယ့်‌geminiကချစ်ဖို့ကောင်းနေ၏။

ငါမနိုင်သလိုသာပြုံးပြီးခေါက်ပစ်မည်ဟုကြိမ်းလိုက်သည့်ခေါင်းကိုဖွဖွလေးထိုးဖွလိုက်သည်။တစောင်းအနေထားနဲ့တောင်geminiဟာကြည့်ကောင်းနေသည်။

Geminiနှင့်အတူဇာတ်ကားကြည့်နေတုန်းဖုန်း၀င်လာတာမလို့ငါကိုင်ရပြန်သည်။'ford'ဟူသည့်အမည်အားcontact‌ကနေတွေ့သည့်အခါငါကိုင်လိုက်၏။

'အိမ်ရောက်နေပြီလား fourth?'

"အင်းလေ ဘာလို့လဲ"

The pretty top is Red flag(geminifourth ff✅)Where stories live. Discover now