A psychopath

1.1K 119 105
                                    

မောင်ကပြည့်စုံလွန်းတဲ့ယောင်္ကျားကောင်းပဲ။

"၀န်ကြီးသားဆူဆိုက်လုပ်ပြီးသေသွားပြီတဲ့"

နားထဲရောက်လာသည့်စကားသံကြောင့်နို့ဘူးလှမ်းယူနေသည့်ငါ့လက်တောင်တိခနဲရပ်သွား၏။ဆူဆိုက်လုပ်သွားသည်တဲ့လား?

ထပ်မံသိလိုသိငြားအသံလာရာဘက်သို့လှမ်းကြည့်လိုက်တော့တီးတိုးပြောနေသည့်မိန်းကလေး၂ယောက်ကိုမြင်လေသည်။

၀န်ကြီးသားဆိုတာfordမိတ်ဆက်ပေးတဲ့လူမဟုတ်လား။ငါသိတာမှ၁ရက်တောင်မကြာသေးသေသွားပြီတဲ့လေ။စပ်စုချင်တဲ့စိတ်ကထိန်းမရတာကြောင့်ဖုန်းဖွင့်ပြီးငါရှာရသည်။

စီရီပြီးတက်လာသည့်သတင်းတွေကလန့်စရာ။မူးယစ်ဆေးစွဲနေသည့်၀န်ကြီးနှင့်ဆူဆိုက်လုပ်သွားသည့်သူ့သားအကြောင်းကရေပန်းစားနေလေသည်။

သားဖြစ်သူဆုံးသွားပြီးလာမည့်ရွေးကောက်ပွဲတွင်အထုတ်ခံပယ်ခံရကာပြည်သူများရှုံ့ချခြင်းခံနေရသည့်၀န်ကြီးကလက်ရှိမယားနှင့်လဲကွဲသွားကြောင်းကောလဟာလတွေထွက်နေလေသည်။

ဒါကမစဉ်းစားရင်တောင်ဘယ်သူ့လက်ချက်မှန်းသိနိုင်လေသည်။super marketထဲရောက်နေတာကြောင့်၀ယ်စရာရှိတာ၀ယ်လျက်ငါ‌ငွေရှင်းပြီးထွက်လာလိုက်၏။

စဉ်းစားရင်းနှင့်သေချာမှတ်မိလာသည့်မှတ်ဉာဏ်တွေထဲတွင်ကျောင်းသားဟောင်းတွေ့ဆုံပွဲညကမောင်မရောက်လာခဲ့မှန်းငါသိသည်။

အမှန်ဆိုအဲ့၀န်ကြီးသား။Rainကငါ့ကိုခေါ်သွားခဲ့တာ။တုံးအ
လွန်းသည့်ခေါင်းအားတစ်ချက်ထုရိုက်လိုက်ရင်းငါစိတ်ညစ်နေမိသည်။

မောင်ကငါ့ကိုတမင်မပြောပြခဲ့တာ။rainငါ့ကိုဟိုတယ်ခေါ်သွားသည့်cctvမှတ်တမ်းကိုလည်းမောင်ကဖျောက်ပစ်ခဲ့တာ။ဘာမှမဖြစ်သွားခဲ့လို့တော်သေးသည်ပြောရမည်။

ငါသက်ပြင်းတစ်ချက်ချလိုက်ရင်းအဲ့နေ့ညကမောင်ရောက်လာခဲ့တာကိုပြန်တွေးမိသည်။ဆူဆိုက်လုပ်ပြီးသေသွားသည်ထိမောင်လုပ်ခဲ့မယ်လို့တော့ငါမထင်ထားမိ။

ပြီးတော့မောင်ကအဲ့ကိစ္စနဲ့ပတ်သက်ပြီးတစ်ခုခုကိုစိတ်ဆိုးနေသေးသည့်ပုံ။'မောင်ကမင်းယောင်္ကျား'ဟူသည့်စကားလုံးကိုနေ့တိုင်းလိုလိုပြောလာ၏။

The pretty top is Red flag(geminifourth ff✅)Where stories live. Discover now