'Mg'(18+)

1.9K 116 109
                                    

မောင်ကငါ့ကိုညလုံးပေါက်အော်စေချင်နေတယ်။

"မောင့်natt"

"အင်း.."

"မောင့်ကို သားလေးမွေးပေး"

လက်ထဲကဂိမ်းစက်အားချရင်းငါ့အားရင်ခွင်ထဲထည့်ထားသည့်မောင့်ကိုမော့ကြည့်လိုက်သည်။မောင်ကအတည်ပေါက်ကြီးနဲ့ပြောလာတာမလို့ငါလန့်တော့လန့်မိသွား၏။

"မမွေးပေးချင်ပါဘူး သားကိုငါ့ထက်ပိုချစ်သွားရင်ဘယ်လိုလုပ်မလဲ"

မောင့်ရဲ့ခပ်ရှရှရီသံကိုငါကြား၏။မောင်ဟာငါ့ခါးတွေကိုတင်းနေအောင်ဖတ်ကိုင်ရင်းခေါင်းအားနမ်းရှိုက်သည်။အသာလေးသာငြိမ်ခံရင်းငါဂိမ်းဆက်ကစားနေလိုက်သည်။

ဒီလိုလေးနေရတာအေးချမ်းတယ်။မောင့်ကိုစတွေ့တုန်းကမောင်ကအဖြူရောင်လည်ပိတ်အင်္ကျီကို၀တ်ထားပြီးမျက်မှန်တပ်ထားတဲ့englishဆရာတစ်ယောက်။

Fordသာမိတ်ဆက်ပေးရင်းငါတို့ဆုံခဲ့မည်လို့လည်းမထင်မိ။စတွေ့တုန်းကမောင့်ကနုဖက်ပြီးသွယ်လျလျလေးဆိုတော့ငါ့ထက်အများကြီးငယ်ပြီးနူးညံ့လွန်းမယ်လို့ထင်ခဲ့မိတာ။

မောင်ဟာငါတို့ရဲ့ပထမဆုံးဒိတ်မှာငါ့ကိုအကြည့်ချင်းတောင်မစုံရဲသည်ထိရှက်နေခဲ့ပြီးနားဖျားတွေရဲနေခဲ့၏။ဒါကပဲငါ့စိတ်တွေမောင့်ကိုပိုသဘောကျလာမိခဲ့၏။

မောင်ကငါမသိတဲ့သူ့ရဲ့အခြားပုံရိပ်တွေအကုန်လျှို့ဝှက်ထား
သည်။‌'ကျောင်းဆရာ'တစ်ယောက်ဟူသည့်အလုပ်ကိုသာအစကငါသိပြီးမောင်ဟာလည်းသူ့မျိုးရိုးအမည်ကိုငါ့အားမပြောပြပေ။

ဒါကအရေမကြီးဘူးဟုထင်ခဲ့၍ငါကလည်း'မောင့်'ကိုသာစိတ်၀င်စားခဲ့ပြီးကျန်တာတွေမတွေးမိခဲ့ခြင်းသာ။အပျော်ပဲတွဲဖို့ကြံခဲ့တဲ့မောင်ကခုချိန်မှာငါ့ခင်ပွန်းဖြစ်နေပြီတဲ့လေ။

တွဲလာခဲ့တဲ့၄လအတွင်းမှာမောင်ဟာမခုပ်တတ်တဲ့ကြောင်လေးလိုမျိုးမျက်၀န်းတွေကအမြဲနူးနူးညံ့ညံ့လေးရယ်။မောင်စိတ်တိုတဲ့အချိန်ကလည်းမရှိသလောက်ရှားသည်။

ပြီးတော့မောင်ကအများကြီးလှ၏။ဘယ်လိုဖော်ပြရမှန်းမသိ‌လောက်အောင်မောင့်ရဲ့အချိုးကျကျမျက်နှာအစိတ်အပိုင်းတွေကလှလွန်းသည်။

The pretty top is Red flag(geminifourth ff✅)Where stories live. Discover now