Geminiကသ၀န်တိုလွယ်တယ်!!!
10.18.2023။
"မွေးနေ့အတွက်ဂုဏ်ပြုပါတယ်Mr.nattawat"
ငါပြုံးလျက်သာစကားလာပြောသူ့ထိုလူအားအသိမှတ်ပြုသလိုခေါင်းတစ်ချက်ငြိမ့်ပြလိုက်၏။ရှယ်ယာ၀င်ထားတဲ့လူကြီးတွေထဲကတစ်ယောက်ပဲ။
"ဒီနေ့ ခွန်မတရားလှနေတယ်နော်"
"အာ..အဲ့သလိုလား"
ရုတ်တရပ်ဆိုသလိုငါ့ရင်ထဲထိတ်ခနဲဖြစ်သွားသည်ကအမှန်။ဒါကလည်းရင်ခုန်လို့မဟုတ်ဘူး။အသက်လတ်ပိုင်းထဲကဆိုပေမယ့်အနည်းငယ်ကြည့်ကောင်းသည့်ထိုလူကငါ့နှင့်ပိုမိုရင်းနှီးချင်နေသည်။
ထိုလူအားစကားစမလို့ပြင်တုန်းနောက်ကနေခါးကိုဖတ်သွယ်လာသည့်လက်တစ်စုံကြောင့်ငါ့ကိုယ်တုန်တက်သွားသည်ကအမှန်။
ငါထိတ်လန့်စွာဖတ်သွယ်လာသည့်လူအားကြည့်လိုက်တော့သူကငါမုန်းသည့်အဲ့စူးရှတဲ့မျက်၀န်းနက်တွေနှင့်ကြည့်လာ၏။
"ကျွန်တော့် အမျိုးသားနားမှာတစ်ခုခုရှိလို့လားsir?"
"အဟင်း! ဘာ..ဘာမှမရှိပါဘူး"
ရှန်ပိန်ခွက်ကိုင်ကာရှောင်ထွက်သွားသည့်ထိုလူကြောင့်ငါသက်ပြင်းယဲ့ယဲ့သာချမိသည်။မျက်၀န်းနက်တွေနဲ့အမျိုးသားကိုမကြောက်တဲ့လူရှိပါ့မလား?
"မောင်မကြိုက်ဘူးပြောတာတောင် ၀တ်ဖြစ်အောင်၀တ်တယ်နော်fourth"
ငါ့မျက်ခုံးများတွန့်ချိုးသွားကာဖတ်သွယ်ထားသည့်ထိုလူ၏လက်များအားတွန်းဖယ်လိုက်၏။အဲ့နောက်necktie
အားပြင်လျက်စိတ်ရှုပ်သလိုကြည့်လိုက်သည်။"ရိုးရိုးsuitပါပဲgemini အကဲပိုမနေစမ်းနဲ့"
သိသိသာသာအေးစက်နေသည့်geminiရဲ့မျက်နှာ။ဒါကငါ့စိတ်ကိုအများကြီးကသိကအောက်ဖြစ်စေ၏။ဒီလိုကောင်ကဘာလို့များငါ့ယောင်္ကျားဖြစ်လာရတာလဲ။
Geminiဟာမှင်သေသေမျက်နှာထားနှင့်ငါ့အနားသို့ကပ်လာပြီးထပ်မံခါးကိုလှမ်းဆွဲလျက်သူ့ရင်ဘတ်နှင့်နီးအောင်ကပ်လိုက်၏။
ရုတ်တရပ်မလို့ငါလန့်ကာလက်များအားgeminiပခုံးပေါ်သို့တင်မိသည်။အဲ့နောက်geminiကငါ့နားဖျားတွေနားကပ်လာ၏။
YOU ARE READING
The pretty top is Red flag(geminifourth ff✅)
FanfictionGemini is not my boyfriend!! fanfiction main characters-Geminifourth total chapter-6 hope you guys enjoy this💓