Dandelion 'mg'

1.3K 103 46
                                    

မောင့်မူပိုင်မလို့မောင်ကချစ်နေတာလေ။

"မောင်သယ်ပေးမယ်"

ကားနောက်ဖုန်းကနေခြင်းလေးအားထုတ်ဖို့လုပ်နေသည့်အသက်လေးအနားသို့သွားကာပစ္စည်းကိုငါဆွဲယူလိုက်သည်။မျက်စောင်းလေးကဒိုင်းခနဲရောက်လာ၏။

ချစ်လို့ထိုးတဲ့မျက်စောင်းလေး။နေကောင်းပြီး၃ရက်အကြာမှာငါ့အသက်ဟာပျော်ပွဲစားထွက်ချင်သည်ဟူ၍ခေါ်လာရခြင်း။ရှုခင်းလှလှလေးတွေသဘောကျသည့်ငါ့အသက်အတွက်မြိုပြင်ကဒုဓလီခင်းကြီးနားသို့ခေါ်လာလိုက်သည်။

အဖြူရောင်အင်္ကျီဆင်တူလေးတွေနှင့်အတူလူသူကင်းမဲ့သည့်နေရာဟာငါ့အသက်ကလေးကိုအများကြီးပျော်မွေ့စေသည်။အခင်းကွက်ကြားကလေးကိုမြက်ခင်းစိမ်းစိမ်းပေါ်သို့ခင်းလိုက်၏။

အသင့်ပါလာသည့်ခြင်းလေးထဲကငါ့အသက်ကလေးလုပ်ထားသည့်ကိတ်မုန့်လေးနှင့်အချိုပွဲအချို့ကိုထုတ်၍ငါဖြန့်ကာထားလိုက်သည်။

နေမင်းကြီးဘက်မျက်နှာမူနေသည့်မင်းသားလေးကတော့လေညှင်းကိုတစ်၀ကြီးခံစားနေ၏။သဘောကျသလိုပြုံးလိုက်ရင်လှမ်းခေါ်တော့အပြေးလေးရောက်လာလေသည်။

အနည်းငယ်ကြီးသည့်အင်္ကျီဖြူလက်ရှည်လေးနှင့်ဒေစီသေးသေးလေးနားကြားထဲပန်ထားသည့်ငါ့nattawatဟာဘယ်လိုဖော်ပြရမှန်းမသိအောင်လှနေ၏။

Cupcakeသေးသေးလေးအားခွံ့ကာကျွေးတော့အလိုက်သင့်လေးပါးစပ်ဟကာစားလာ၏။‌အစားစားနေရရင်ကိုပျော်နေတတ်သည့်လူသားကလေး။

ငါတို့ရောက်တုန်းက၄နာရီကျော်နေပြီဖြစ်တာကြောင့်ကောင်းကင်ကြီးဟာပုစွန်စီရောင်သန်းနေလေပြီ။ဖြူအုအုအမျိုးသားလေးကတော့ငါ့ရှေ့တွင်ထိုင်နေတုန်းပေ။

မပြောဖြစ်ကြတဲ့တစ်နေ့တာရဲ့အကြောင်းတွေကိုဝေမျှရသည်ကပျော်စရာကောင်းသည်။နုနုနယ်နယ်ငါ့ခင်ပွန်းလေးဟာသူ့ရဲ့အလုပ်အကြောင်းတွေကိုစူပုတ်ပုတ်ဖြင့်ပြောပြ၏။

မှေးထောက်လျက်သာငါငြိမ်ငြိမ်လေးနားထောင်နေမိသည်။ခရင်မ်‌တွေပေနေသည့်နှုတ်ခမ်းထောင့်လေးကိုလက်မအသုံး
ပြု၍ငါသုတ်ပေးလိုက်သည်။

The pretty top is Red flag(geminifourth ff✅)Where stories live. Discover now