Part-1.U-Z

234 5 0
                                    

အခန်း (၁)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်

လူတစ်ချို့ရဲ့ မျက်လုံးတွေဟာ လေဆိပ်ထဲဖြတ် လျှောက်လာသော ကောင်လေးတစ်ယောက်ထံ အကြည့်တွေစုပြုံနေ​ေလသည်။ ထိုကောင်လေးသည်ဟူဒီအနက်ကို ဂျင်းဘောင်းဘီအပြာနဲ့ရိုးရှင်းစွာတွဲဝတ်ထားသော်လဲ  လူငယ်ဆန်မနေ ရွှေအိုရောင်ဆံပင်တို့က အနည်းငယ်လှိုင်းတွန့်ပုံစံပါကာဂုတ်လောက်အရှည်ကို တစ်ဝက် ခပ်မြင့်မြင့်စည်းနှောင်ထားသည်။ပတ်ဝန်းကျင်ကိုဂရုမစိုက်ဦးတည်ရာကိုသာလမ်းလျှောက်သွားပုံက မော်ဒယ်တစ်ယောက်အလားပတ်ဝန်းကျင်ဟာသူနဲ့မဆိုင်။ဖြူဝင်းသောအသားအရောင်နှင့် မလိုက်ဖက်စွာစူးရှသောမျက်လုံး ကိုနက်မှောင်ပြီးစုကျုံ့နေတဲ့မျက်ခုံးတို့ကဝန်းရံထားသည်။ ထင်ရှားသောနှာတံနှင့်ထူပြည့်ပြည့်နှုတ်ခမ်းတို့ဟာတင်းတင်းစေ့ထားသောကြောင့် မေးရုံးတို့ဟာအထင်းသားပေါ်လွှင်နေသည်။ မေးဆေ့အလယ်က ချိုင့်ရာသေးသေးလေးဟာလဲအကြည့်မလွှဲချင်စရာ။ဘေးတစ်စောင်းလွယ်ထားသောဘူးအဝိုင်အရှည်လေးဟာ ပန်းချီပုံထည်သောဘူးလေးဖြစ်မည်။လမ်းလျှောက်နေရင်းမှာ ဘောင်းဘီအိတ်ထဲကထွက်လာသောလက်တစ်ဖက်၌ဖုန်းတစ်လုံးပါလာခဲ့လေသည်။စခရင်ကိုကြည့်ပြီး စက္ကန့်မျှလောက်သာအနည်းငယ်ကွေးသွားသောနှုတ်ခမ်းလေးနဲ့အတူ ထင်ထင်ရှားရှားပေါ်သွားသေားပါးချိုင့်လေးက မြင်ရသူအဖို့ ရင်သပ်ရှု့မောဖွယ်ရာ။စခရင်ပိတ်သွားသည်နဲ့ နှုတ်ခမ်းတို့သည်မူလအတိုင်းပြန်ဆေ့သွားသည်။လေယာဥ်ကွင်းထဲ၌ သူတို့ရဲ့ အိုင်ဒေါဖြစ်သူကိုစောင့်နေသောဆယ်ကျော်သက်ကောင်မလေးတစ်စုသည်ထိုပါးချိုင့်လေးကိုမြင်လိုက်ရတဲ့အချိန်

"ဟယ် အသက်ရှုတောင်ရပ်ချင်သွားတယ်"

"ကိုကိုနောက်ကျောပြင်က အကျယ်ကြီးဟာ ပြေးဖက်လိုက်ရင်ဖြင့်"

"မိန်းမတွေနော် ဘာကိုကိုလဲ ရှင်တို့နောက်မီးလင်းချင်နေတာလား"

"အိုမဟုတ်တာ အတော်လေးဆင်နေလို့ပါနော်"

"အဟင်း အဆင်လုပ်နေအဲ့ဒီမှာ ဒီခေတ်က အဆင်ဆိုလင်နဲ့ပဲ အရှခံနေရမယ်"

ONLY YOU,BE MINE LOVEWhere stories live. Discover now