၀မ်သခင်လေးက ရှောင်းကျန့်ပေါ် အုပ်မိုးထားလျက်..။ သူ့မျက်လုံးတွေမှာ ကျီစယ်ရိပ်များအပြည့်..။ချောကလက်.. စကော့၀ီစကီနှင့် Black Suede ရနံ့က ရှောင်းကျန့်ဆီ တိုး၀င်လာသည်..။ ရီဝေစွဲလမ်းစရာ ရနံ့များကြား ရှောင်းကျန့် မိန်းမောသွားရသည်..။ ၀မ်သခင်လေးက နှုတ်ခမ်းတွန့်၍ တချက်ပြုံးလိုက်သည်..။ သားကောင်ကို ခုန်အုပ်တော့မည့် ၀ံပုလွေလို..။
"လိုချင်နေပြီလား"
သူ့နှုတ်ခမ်းတွေက ရှောင်းကျန့်နှုတ်ခမ်းနား ရစ်ဝဲလျက်..။ ရှောင်းကျန့် နည်းနည်းလေး စကားပြောလိုက်ရင်ပင် ထိကပ်သွားတော့မည့်ပုံ..။ ၀မ်သခင်လေး၏ အက်ရှရှအသံကို နားဆင်ရင်း သူတကယ်ပဲ ထိကပ်ပစ်လိုက်ချင်သည်..။
"ဟင့်.. ဟင့်အင်း"
ဒါပေမယ့် သူတောင့်ခံထားရမည်..။
"သေချာလို့လား?"
၀မ်သခင်လေး လက်များက ရှောင်းကျန့်အင်္ကျီကို လှန်တင်လိုက်သည်..။ ရှောင်းကျန့်၏ ဗိုက်က ဖွေးကနဲ..။ ထို့အတူ သူ့ခန္ဓာကိုယ်မှာရှိသော အမာရွတ်ခြောက်ခုအနက် နှစ်ခုကလဲ ထင်းကနဲ..။ ဗိုက်ကို ကန့်လန့်ဖြတ်ထားသော အမာရွတ်အကြီးတခုနှင့် ညာဘက်ခါးစောင်းမှ ဒေါင်လိုက် အမာရွတ်တခု..။ ပခုံးပေါ်မှ ကျပ်ပြားစေ့ပုံစံ အမာရွတ်နှင့် ကျောဘက်မှ အမာရွတ်သုံးခုကတော့ အင်္ကျီအောက်မှာမို့ မမြင်နိုင်သေး..။
၀မ်ရိပေါ် ခန္ဓာကိုယ်က တောင့်ခဲသွားသည်..။ ကျီစယ်လိုသော အမူအယာတွေ ချက်ချင်း လွင့်ပြယ်ကုန်သည်..။
"ဒါတွေက ဘာတွေလဲ!!"
အမာရွတ်တွေပေါ်ကို သူ့လက်ဖဝါးက ကြမ်းတမ်းစွာ ပွတ်ဆွဲသွားသည်..။ သူ့ခွန်အားကို ရှောင်းကျန့် မယှဥ်နိုင်..။
"၀မ်.. ၀မ်သခင်လေး__"
သူ့မှာ ပြောစရာ စကားတွေ ရှာမရ..။
"မင်း ဒီလို ဒဏ်ရာ ဗရပွနဲ့ ခန္ဓာကိုယ်က ငါ့ကို ဆွဲဆောင်နိုင်မယ်များ မှတ်နေလား!!"
ရှောင်းကျန့်က မျက်ရည်အ၀ိုင်းသားနှင့် မော့ကြည့်သည်..။ သူ့အပေါ်ကလူက ရုတ်တရက် ဝမ်ချောင်ဖြစ်သွားသည်..။
ESTÁS LEYENDO
ရောင်စဥ်
Fanfic၀မ်ရိပေါ် .. ဂိုဏ်းခေါင်းဆောင်တဦး ချင်းမုလုံ.. အငြိုးကြီးတဲ့ ဆောင့်ကြွားကြွားကောင် ရှောင်းကျန့်.. ချင်းမုလုံရဲ့ စွပ်စွဲချက်ကြောင့် ဂိုဏ်းမှာ သန့်ရှင်းရေးလာလုပ်နေရတဲ့ သနားစရာ လူငယ်လေး.. စောင်သူဌေးတွေအားလုံး ငရဲကိုဒိုးသင့်တယ်