Part 10 - မီးခိုး​ရောင်

1.1K 64 6
                                    

၀မ်ချင်က ၀မ်သခင်​လေးကို ​​သေချာကြည့်ရင်း​မေးသည်..။

"ဘာလို့လဲ"

အခန်းထဲမှာ သူတို့နှစ်​ယောက်ထဲ.. ကျန်တဲ့သူ​​တွေမရှိ..။

"ဘာလဲ.. အရင်းမရှိ အဖျားမရှိ"

၀မ်ရိ​ပေါ်က သူမကို ​မော့​တောင်မကြည့်..။

"ဘာလို့ သူ့ကို ကစား​နေတာလဲ"

ဒီစကား ကြား​တော့မှ ချက်ချင်း ​မော့ကြည့်သည်..။ ၀မ်ချင်က ဆက်​ပြောသည်..။

" အားကျန့်ဆီမှာ သခင်​လေးရဲ့ ​ရေ​မွှေးနံ့ရတယ်.. အ​ခြေအ​နေ​​တွေက အားကျန့်​ပြောသလို မဟုတ်ပဲ တိုးတက်လာပြီထင်တယ်.. သခင်​လေးရဲ့ အကြည့်​တွေကိုလည်း ကျွန်မ ရိပ်မိတယ်.. အဆင့်တက်လာလို့ ​ကျေနပ်​နေတဲ့ပုံ.. အားကျန့်က တခြားလူ​တွေနဲ့ မတူဘူး သခင်​လေး.. သူ့ကို သူများ​တွေလို မကစားပါနဲ့လား"

၀မ်ချင့်အ​နေနှင့် ​ရှောင်းကျန့်ကိုလည်း မနာကျင်​စေချင်..။ ၀မ်ရိ​ပေါ်ကိုလည်း သူကိုယ်တိုင် မသိတဲ့ သူ့ရဲ့ ​ပျော်ရွှင်မှုကို ဖျက်ဆီးမပစ်​စေချင်..။

"အတူတူပါပဲ.. ​ရှောင်းကျန့်က သူများ​တွေထက် ဘာမှ သာမ​နေဘူး.. တခါ​လောက် အိပ်ကြည့်ချင်ရုံပဲ.. သူနဲ့ အိပ်ဖို့ အချစ်​တွေ ​မေတ္တာ​တွေ လိုအပ်တယ်ဆိုရင်လည်း ​ပေးချင်​ယောင် ​ဆောင်လိုက်ရုံ​ပေါ့.. "

၀မ်သခင်​လေးက လိုချင်တာကို ရ​အောင်ယူ​​လေ့ရှိသည်..။ မရလျှင် ရတဲ့ နည်းလမ်းသုံးမည်..။ သို့​သော် ၀မ်ချင် စိုးရိမ်သည်က လိုချင်တာနှင့် လိုအပ်​တာကို မကွဲမှာကိုပင်..။ သူမ ​တွေ့ဖူးသ​​လောက် ​ရှောင်းကျန့်ကသာ ၀မ်ရိ​ပေါ် စိတ်ပါလက်ပါ ပြုံးလာ​အောင် လုပ်နိုင်သည်..။ ပြီး​တော့ ​ရှောင်းကျန့် လက်ခံခံ မခံခံ ​ရှောင်းကျန့်ကလည်း ၀မ်ရိ​ပေါ် အနားရှိ​နေလျှင် သူ့မျက်လုံးအကြည့်​တွေက အစ ပိုပြီး အသက်၀င်လာ​လေ့ရှိသည်..။

"သူက သခင်​လေးကို ချစ်မိသွားရင်​ရော"

ဒီဇာတ်လမ်း ဘယ်လို ဆက်ဖြစ်မလဲ တကယ်ပဲ သိချင်ပါသည်..။

" အာ့ဆို ငါ လိုချင်တာ ရပြီ​ပေါ့"

" တကယ်လို့ သူက သခင်​လေး အ​ယောင်​ဆောင်​နေတာမှန်း သိသွားရင်​ရော"

​ရောင်စဥ်Donde viven las historias. Descúbrelo ahora