Warning : Bed scene
"နည်းနည်း... နည်းနည်းလောက်ပဲ ကျွေးပါ"
ရှောင်းကျန့် စိတ်ထဲမှ အကြိမ်တသန်းလောက် ပြောနေမိသည်..။ ပါးစပ်က ထုတ်ပြောဖို့ စိတ်ကူးမိသေးသည်..။ သူ့လည်ချောင်းတွေ ခြောက်ကပ်နေ၍ အသံက ထွက်မလာ..။ ကျောင်းမှာ သူများတွေ နေ့လည်စာ စားနေကြချိန် သူဗိုက်ဆာဆာနှင့် ထိုင်နေရသည်ကပင် ဆိုးလှပြီ..။ ကလေးတွေက ကုန်အောင်လည်း မစားကြ..။ သို့သော် သူ တောင်းမစားရဲ..။ ကျိုးချန်ကပြန်တိုင်လျှင် သူ့ဦးလေးနှင့် ၀မ်ကတော်က သူ့ကို ရိုက်လိမ့်မည်..။
ယခုလည်း ကျိိုးချန်မွေးနေ့အတွက် ပြင်ဆင်ထားသော စားကောင်းသောက်ဖွယ်များကို သူထိုင်ကြည့်နေရသည်..။ ၀မ်ကတော်က သူနမော်နမဲ့ လုပ်မည်စိုး၍ ကူလုပ်ခွင့်ပင်မပေး..။ အားလုံးပြင်ဆင်ပြီးသွားတော့လည်း ထိခွင့်မပြု..။ တကယ်တော့ ဒီလိုနေ့ထူးရက်မြတ်မှာ သူစတိုခန်းထဲ ထည့်ပိတ်မထားခံရသည်ကပင် ကံကောင်းမှုတခု..။ သူ့လို လူသတ်သမားကို ခုလိုဆက်ဆံကြသည်က ကောင်းလွန်းနေပြီ..။ သူ့ဦးလေးက ပြောပြသည်မှာ သူ့မိဘတွေ သေရတာ သူ့ကြောင့်တဲ့..။ သူ့မိဘတွေ ချန်ထားခဲ့တဲ့ အမွေကြောင့်သာ မဟုတ်ရင် သူ့ကို ရဲလက်အပ်လိုက်ပြီတဲ့..။
တော်သေးတယ်.. သူကံကောင်းလို့..။
"ဟိုကောင်လေး!! စားပွဲနားမှာ ရပ်ပြီး ဘာမျှော်နေတာလဲ!! ကားသော့သွားယူပေးစမ်း!!"
၀မ်ချောင်က မိုးချုန်းသလိုအသံနှင့် အော်သည်..။ ရှောင်းကျန့်ခမျာ သူ့ဦးလေးအခန်းဆီသို့ အမြန် ပြေးသွားရသည်..။ အခန်းထဲမ၀င်ခင် ခလုတ်တိုက်သွားသဖြင့် ဘေးစားပွဲမှ အံဆွဲလက်ကိုင်ကို ကိုင်ပြီး ထိန်းလိုက်ရသည်..။ အံဆွဲက ပွင့်ထွက်လာသည်..။ အထဲမှာ သတ္တုရောင် တောက်ပြောင်နေသော အရာတခု..။ အဲ့ဒါဘာလဲ သူသိသည်..။ ဖြတ်သွားဖြတ်လာလုပ်ရင်း TV ထဲမှာ မြင်ဖူးသည်..။ ကျိုးချန်ဆီက အဲ့လိုအရုပ်ထဲ ကော်စေ့ထည့်၍ ပစ်ခံရဖူးသည်..။ တကယ့်အစစ်ကိုတော့ ခုမှ မြင်ဖူးတာ..။ ရှောင်းကျန့်က ထိုအရာကို လက်နှင့် အသာအယာ ပွတ်ကြည့်သည်..။ ထိကြည့်ရသည်ကိုက ရင်ခုန်စရာ..။ သူ ပြုံးမိသွားသည်..။
ESTÁS LEYENDO
ရောင်စဥ်
Fanfic၀မ်ရိပေါ် .. ဂိုဏ်းခေါင်းဆောင်တဦး ချင်းမုလုံ.. အငြိုးကြီးတဲ့ ဆောင့်ကြွားကြွားကောင် ရှောင်းကျန့်.. ချင်းမုလုံရဲ့ စွပ်စွဲချက်ကြောင့် ဂိုဏ်းမှာ သန့်ရှင်းရေးလာလုပ်နေရတဲ့ သနားစရာ လူငယ်လေး.. စောင်သူဌေးတွေအားလုံး ငရဲကိုဒိုးသင့်တယ်