၀မ်ရိပေါ် စိတ်ကြည်မနေ..။ ဘာလို့လဲ ဟတ်လား.. ဘာလို့လဲဆိုတော့ ရှောင်ရှောင်းကျန့်က သူ့ရဲ့ "လူလွတ်"ဆရာနဲ့ သွားတွေ့နေလို့..။ ပြောတော့ တနာရီလောက်ပဲဆိုပြီး သူစောင့်နေတာ လေးနာရီလောက်ရှိပြီ..။ သူရင်ထဲမှာ မနာလိုမှုနှင့် ပူလောင်နေသည်..။
တံခါး ပွင့်လာသည်..။ ၀မ်ရိပေါ် မျက်လုံးများက ၀င်လာသူကို စူးစူးဝါးဝါးကြည့်လျက်..။
"အရမ်းမှ ပျော်ခဲ့ရဲ့လား"
သူ့လေသံက ပုံမှန်ထက် မာတောင့်တောင့် ဖြစ်နေသည်..။ ရှောင်းကျန့်နှုတ်ခမ်း ကိုက်လိုက်သည်..။
" ပျော်ပါတယ်... လာမယ့်သောကြာနေ့ ထပ်ချိန်းထားသေးတယ်"
ရှောင်းကျန့် သူ့အပေါ်အင်္ကျီကို တိုင်မှာ ချိတ်လိုက်သည်..။
"မင်း ကိုယ် သ၀န်တိုအောင် တမင်လုပ်နေတာလား"
"ကမ္ဘာကြီးက ခင်ဗျားကို ဗဟိုပြုပြီး လည်ပတ်နေတာများထင်နေလား... ဘာလို့ ကျွန်တော်က ခင်ဗျားကို သ၀န်တိုစေချင်ရုံနဲ့ မဆိုင်တဲ့သူကို ဆွဲထည့်ရမှာလဲ"
သူ့ စကားလုံးတွေက မချိုသာ..။ ၀မ်ရိပေါ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်..။ ရှောင်းကျန့်ကို သူဖြစ်စေချင်သလို ထိန်းချုပ်လို့မရ.. အားလုံးထဲမှာ ရှောင်းကျန့်တယောက်ထဲ သူ့ထိန်းချုပ်မှုအောက်မှာ မရှိတာ...။
"မင်းသူ့ကို တကယ် ကြိုက်နေတယ်လို့ မပြောနဲ့နော်... ကိုယ်ယုံမယ် ထင်နေလား"
ရှောင်းကျန့် ရှေ့သို့ ခြေတလှမ်းတိုးပြီးမှ ရပ်သွားသည်..။
"အခုမကြိုက်သေးပေမယ့် ကြိုက်လာနိုင်တာပဲ... သူက ရိုးသားပြီး ကျွန်တော့်ကိုလည်း ဂရုစိုက်တယ်"
၀မ်ရိပေါ်လည်း ဂရုစိုက်ပေးနိုင်တာပဲ..။ ရုပ်ပိုင်းဆိုင်ရာချင်း ယှဥ်ရင် သူက ပိုတောင် ဖြည့်ဆည်းပေးနိုင်ဦးမယ်..။ စိတ်ပိုင်းဆိုင်ရာ အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးတာကလည်း သူ့ type မဟုတ်ပေမယ့် ခဏတာ ဟန်ဆောင်ပေးလို့ရတာပဲ..။ ဒီအကြောင်းကြောင့်တော့ ရုတ်တရက်ကြီး ထဒိတ်တာ မဟုတ်နိုင်ဘူး... ဒါဆို...
ESTÁS LEYENDO
ရောင်စဥ်
Fanfic၀မ်ရိပေါ် .. ဂိုဏ်းခေါင်းဆောင်တဦး ချင်းမုလုံ.. အငြိုးကြီးတဲ့ ဆောင့်ကြွားကြွားကောင် ရှောင်းကျန့်.. ချင်းမုလုံရဲ့ စွပ်စွဲချက်ကြောင့် ဂိုဏ်းမှာ သန့်ရှင်းရေးလာလုပ်နေရတဲ့ သနားစရာ လူငယ်လေး.. စောင်သူဌေးတွေအားလုံး ငရဲကိုဒိုးသင့်တယ်