Part 15 - ပန်းခရမ်း​ရောင်

1.2K 65 17
                                    

ပြန်​ရောက်​ရောက်ချင်း ​ရှောင်းကျန့်မှာ အ၀တ်အစား ​ပြေးလဲရသည်..။ T shirt နှင့် အားကစား​ဘောင်းဘီတထည်လဲပြီး ပြန်ထွက်လာ​တော့ ရိ​ပေါ်ကလည်း သူ့အတိုင်း လဲထားပြီးပြီ..။ လက်ထဲမှာ စ​ကော့၀ီစကီတခွက်ကိုင်ထားပြီး သူ့ကို ခပ်ပြုံးပြုံး ကြည့်​နေရာ သူ ပြန်မပြုံးပဲ မ​နေနိုင်..။

"​ပျော်ရဲ့လား"

​"မဆိုးပါဘူး"

​ရှောင်းကျန့်က သိပ်မထူးခြားသလို ပြန်​ဖြေသည်..။

"မင်းကိုယ့်ကို ဘယ်တုန်းက လိမ်လို့ရဖူးလို့လဲ"

ရိ​ပေါ်က သူ အ​ရေးမပါချင်​ယောင်​ဆောင်သည်ကို သိ​နေဟန်ဖြင့် ​ပြောသည်..။

" ​ပျော်တယ်ဆိုရင် ခင်ဗျား ဘ၀င်က မိုးထိ​ထောင်သွားမှာစိုးလို့"

ရိ​ပေါ်က စကော့၀ီစကီကို တငုံ​သောက်ပြီး စားပွဲ​ပေါ် တင်လိုက်သည်..။ ထို့​နောက် ​မတ်တတ်ထရပ်ဘိုက်ကာ ​ရှောင်းကျန့်ဆီ တလှမ်းချင်း ​လျှောက်လာသည်..။ သား​ကောင်ကို ခုန်အုပ်​တော့မည့် မုဆိုးလို..။

"​နောက်ထပ် ဒီလို နှစ်ခါ သုံး​ခါ​​လောက် ဒိတ်ပြီးရင် ​ထောင်​နေမှာက ဘ၀င်တခုထဲ မဟုတ်​တော့ဘူး"

​ရှောင်းကျန့် အပြုံးက တုံ့ဆိုင်းဆိုင်း ဖြစ်သွားသည်..။

" ခင်ဗျားနဲ့ ဒိတ်ဦးမယ်လို့ ဘယ်သူက ​ပြောလို့တုန်း"

တခြားဒိတ်​တွေအ​ကြောင်း ​ရှောင်းကျန့် မစဥ်းစားချင်​သေး..။ ဒီတရက်တာ မကုန်​သေးခင်မှာ မနက်ဖြန် အ​ကြောင်း မ​တွေးချင်..။ မဖြစ်မ​နေ အ​ခြေအ​နေမှ မဟုတ်လျှင် ၀မ်ရိ​ပေါ်ကို အငြင်းစကား မ​ပြောချင်..။

"မနက်ဖြန်ည Hotpot သွားစားရ​အောင်"

"ကျွန်​တော် ​ပြောပြီးသား.. မနက်ဖြန် ရှီးချန်​ကောနဲ့ ချိန်းထားတယ်လို့"

ရိ​ပေါ် မျက်နှာမှ အပြုံးက ​ပျောက်ကွယ်သွားသည်..။

"ဘာအ​ရေးမပါတာ​တွေ လုပ်​နေပြန်တာလဲ.. မင်းဒီ​​နေ့ ကိုယ်နဲ့ ​​ပျော်တယ်မလား.. ဘာလို့__"

"​ပျော်တယ်.. ဒါ​ပေမယ့် ဘာမှ မ​ပြောင်းလဲသွားဘူး.. နာရီပိုင်း​လောက်​တော့ ကျွန်​တော်တို့ အဆင်​ပြေ​ကောင်း​ပြေမယ်.. ​ရေရှည်မှာ အဆင်မ​ပြေနိုင်ဘူး.. ခင်ဗျားက တည်မြဲတဲ့ relationship တခုနဲ့ အံမ၀င်ဘူး ရိ​ပေါ်!!"

​ရောင်စဥ်Tahanan ng mga kuwento. Tumuklas ngayon