ငါက ဘယ်သူကြီးလဲ

194 32 0
                                    

မျက်လုံးစစဖွင့်ချင်းမှာ မြင်လိုက်ရတာက မျက်နှာကျက်နီနီ။

ငါ့အိမ်က မျက်နှာကျက်က အနီမှမဟုတ်တာ
မြင်ယောင်နေတာများလား။

မျက်လုံးပြန်မှိတ်လိုက်ပြီး ပြန်ဖွင့်ကြည့်ပြန်သော်လည်း မျက်နှာကျက်အရောင်က
ပြောင်းမသွား။

မျက်လုံးပြန်မှိတ်လိုက် ပြန်ဖွင့်လိုက် ခဏခဏလုပ်ကြည့်နေသော်လည်း သောက်မျက်နှာကျက်က အရောင်ပြောင်းမသွား။

"နိုးနေရင်လည်း ထထိုင်ပါဦး"

အသံကြားမှ အလန့်တကြားဘေးဘီကို ကြည့်မိတော့ အိပ်ရာဘေးက ခုံမှာထိုင်နေသည့် လူတစ်ယောက်။

"ရှောင်ကျွင့်ကော အီး ဟီး ဘယ်ကဘယ်လိုရောက်လာတာလဲ အကျွင့်ပြောပြလိုက်တာလား"

"သခင်လေး သခင်လေး ကျွန်တော် ဒယ်ကျွင့်ပါ
ဘယ်က အကျွင့်က ဘာတွေပြောတာလဲ"

တရုတ်မှာနေသည့် အကျွင့်၏အစ်ကို၀မ်းကွဲကိုမြရုတ်တရပ်မြင်လိုက်ရတော့ ငိုသံပါကြီးနှင့်
အတင်းဖက်ထားမိလေသည်။

ရှောင်ကျွင့်ကောက သူ့ကို အရမ်းကောင်းတာ
အကျွင့်လို စိတ်တိုလည်းမလွယ်ဘူး
သူတရုတ်လာလည်တိုင်း စားကောင်းတာတွေအများကြီးလိုက်ကျွေးတယ်။

အခုတော့ ရှောင်ကျွင့်ကောကပါ ဘယ်လိုဖြစ်သွားတာလဲ။

"သခင်လေး သခင်လေး ဘာတွေးနေတာလဲ"

"ကော ကောကပါ ဘာလို့အဲလို ဖြစ်နေတာလဲလို့
တကယ်ပါပဲ......"

"သခင်လေး အတိတ်မေ့သွားတာလား
ဆူရီ ဆရာ၀န်အမြန်ခေါ်လိုက်"

သူမေးတာလဲ ပြန်မဖြေပဲ ဘေးကခေါင်းငုံ့ပြီး မတ်တပ်ရပ်နေတဲ့ ကောင်မလေးကိုသာ အမိန့်ပေးနေသည်။

"ကျွန်တော် ဒုံဟျော့လေ အီဒုံဟျော့ မမှတ်မိဘူးလားလို့......"

"သခင်လေး သခင်လေး နာမည်က ဟယ်ချန်းပါ
အီဟယ်ချန်း နေပါဦး ခေါင်းထိသွားတာလား"

ပြောရင်းဆိုရင်း သူ့ခေါင်းကို အတင်းဖြဲကြည့်နေသော ကောကြောင့် ငိုချင်ရယ်ချင်ဖြစ်လာ၏

"ကော........"

"အစ်ကိုလေး ဆရာ၀န်ရောက်ပါပြီရှင့်"

ငါ့ဟာငါ အစားအသောက်နဲ့သာယာနေတာကို သောက်ကျိုးနည်း ဗီလိန်ဖြစ်သွားတယ်တဲ့လားWhere stories live. Discover now