မစ်ရှင်များကျရှုံးခြင်း

385 48 20
                                    

ရှောင်ဒယ်ကျွင့်တစ်ယောက် ရေမရှိတဲ့ချောင်း
ထဲသာ နှာခေါင်းပိတ်သတ်သေချင်မိ၏

သခင်လေးတစ်ယောက်ကို သူထိန်းမနိုင်ပါချေ။

မနက်ခင်းတိုင်း Lee Mark နဲ့ မမလေးတို့ရဲ့
မနက်စာဝိုင်းကို သွားပြဿနာရှာ။

သူ့မှာ Lee Mark အား သခင်လေးအတိတ်မေ့
နေကြောင်း မနည်းပြောထား၍
ထိုမျှသည်းခံနေခြင်းပင်။

ဒီအကြောင်းကြောင့် သည်းခံနေသည်ကို
သခင်လေးက ဂရုမထားမိဘဲ
ပြဿနာများထပ်ရှာသေးသည်။

••••••••••••••••••••••••••••••

Lee Mark ဆိုတဲ့ကောင်က ရူးတာမှ
တော်ရုံမဟုတ်ဘဲ သွပ်သွပ်ခါနေတာပဲ။

ငါဒီလောက်ပြဿနာရှာနေတာကို
မျက်ထောင့်နဲ့ကြည့်ပြီး ဘာမှမပြောဘူး
ကြည့်ရတာ ငါ့ကိုများလက်ခံလိုက်တာလား

မဖြစ်ဘူး လုံး၀လက်ခံလို့မရဘူး
ငါ လွတ်မြောက်မှဖြစ်မယ်
ငါကွာရှင်းရမယ် ပြီးရင် ငါ့နေရာပြန်ရောက်
အောင်လုပ်ရမယ် အနည်းဆုံးတော့
ငါ့ကမ္ဘာကို ပြန်မရောက်ခဲ့ရင်တောင်
ဒီကမ္ဘာမှာတင် Food Blogger လုပ်စားလို့
ရတယ် လေ့လာထားရသလောက်
ဒီဘက်မှာ Food Blogger တွေ မယ်မယ်ရရ
မရှိသေးဘူး။

နေရာစုံအောင် သွားမယ် စားမယ်
အီဟယ်ချန်းက ဘောစိနေမှာ အရင်က
မသွားခဲ့တဲ့ Overseas လည်း ထွက်လို့ရမယ်
Blogs တွေရိုက်ပြီး YouTube ပေါ်တင်မယ်
ဒါဆို တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ

ထိုအတွေးများကြောင့် ပျော်ရွှင်ကာ
မွေ့ရာပေါ်မှာ ဟိုခုန်ဒီခုန်လုပ်နေရင်းက
ချက်ချင်း၀င်လာတဲ့ အတွေးကြောင့်
အတန်ကြာအောင် တန့်သွားကာ
ချက်ချင်းပင် လေထဲသို့ လက်သီးတွေသာ
ပစ်ထိုးနေရတော့၏

"အား အဲဒီ MARK LEE ဆိုက်ကိုကောင်
ငါ့ကို ဘယ်တော့ကွာရှင်းပေးမှာလဲ
ငါက လူငယ်ကွ ရည်မှန်းချက်တွေ
ရှိသေးတယ်"

ကျယ်ကျယ်လည်း မအော်ရဲ အပြင်က
ကြားသွားမှာလည်း စိုးရ။
အကျယ်ချုပ်ကျနေတာကြီး ဖြစ်လို့နေ၏

"သခင်လေး အမလေး ဘယ်လိုကြီးလဲ!!!!"

အခန်းထဲသို့ ၀င်လာသော ရှောင်ကျွင့်ဟျောင်း
က သူ့အားမြင်တော့လန့်သွားဟန်တူသည်။
မိုးထောင်နေသော ခြေထောက်နှစ်ချောင်းကို
အလျင်အမြန်ပြန်ချကာ ပုံစံတစ်ကျ
ပြန်ထိုင်လိုက်ရ၏

You've reached the end of published parts.

⏰ Last updated: Jan 21 ⏰

Add this story to your Library to get notified about new parts!

ငါ့ဟာငါ အစားအသောက်နဲ့သာယာနေတာကို သောက်ကျိုးနည်း ဗီလိန်ဖြစ်သွားတယ်တဲ့လားWhere stories live. Discover now