ဘယ်သူမှလည်း မအားကြဘူး

387 33 4
                                    

"ဟယ်လို အကျွင့်ရေ ချစ်ဆုံးလေး မင်းအားလား"

"မအားဘူးဟေ့ကောင် ဘာမှလည်းလိုက်စားမပေးနိုင်ဘူး ငါ ထုတ်ဝေသူနဲ့ ချိန်းထားတာရှိတယ်
ဒါပဲ"

"ကျွင့် ကျွင့် ဟယ်လို ဟယ်လို"

ကျစ် သူကြိုက်တဲ့ Hotpot သွားစားဖို့ခေါ်တာကို
ဖုန်းချသွားတယ်

ရတယ်လေ ငါ့ဘာသာပဲသွားစားမှာပေါ့
ဟိုနာဂျယ်မင်းဆိုတဲ့ အကောင်ကလည်း ရည်းစားရသွားတော့ သူငယ်ချင်းကိုပစ်ထားတယ်
ကြီးပွားတိုးတတ်ဦးမယ့် ကောင်။

အီဒုံ‌ဟျော့ဆိုတဲ့ကောင်လေးက အစားပုပ်လေးပါတဲ့။        
နိုး နိုး အစားပုပ်လေးမဟုတ်ဘူး
အစားအသောက်ကို မြတ်နိုးသူလေး။

အစားအသောက်ရှိနေရင် သူ့အတွက်ပြီးပြည့်စုံပြီ။ တစ်နေ့တစ်နေ့ဘာစားရမလဲပဲ ခေါင်းထဲရှိတယ်။
အနာဂတ်တိုးတတ်ရေးတွေ အချစ်က ဘယ်လိုဘယ်ညာ လာမမေးနဲ့ အချစ်ဆိုလို့ ရေခဲခြစ်ပဲ
သိတာ။

အခုလည်း ညခြောက်နာရီကြီး Hotpot စားချင်နေလို့ ရှိမဲ့စုမဲ့သူငယ်ချင်းလေးကို ဖုန်းဆက်ခေါ်တာ မအားဘူးတဲ့။
ငါကကျွေးမှာပါနော်။

"နေပေါ့ ငါ့ဘာငါ သွားစားမယ် တစ်ယောက်တည်းစားတော့ ၀၀လင်လင်စားရတာပေါ့"

•••••••••••••••••••••••••••

Hotpot ဆိုင်ရှင်ခမျာ သွေးပင်ဆောင့်တတ်ချင်လာပြီ။
စစလာကတည်းက မကုန်မခမ်းနိုင်ယူနေလို့
ဒီကောင်လေး လျော်ရတော့မှာပဲလို့ တွေးနေတာ။
သူထင်တာက သောက်တလွဲဖြစ်နေတယ်။
ဟိုမှာ ကုန်တောင်ကုန်တော့မယ် တရှူးရှူးတရှဲရှဲနဲ့စားနေတာများ။

နေပါဦး ဒါလူလေးယောက်စာလောက်ကြီးကွ

အိုး ဘုရားသခင်
ဒီကောင်လေး နောက်နေ့ကျွန်တော်မျိုးရဲ့ ဆိုင်လာရာလမ်းမေ့နေပါစေဗျာ။

ရေတစ်ခွက်သောက်လိုက်ပြီးနောက် သူ၏ Hotpot စားချင်တဲ့ အာသီသပြေသွားလေပြီဖြစ်သည်။

အပြန်လမ်းမှာတော့ မြစ်ကမ်းနားထိုင်ခဲ့သေးတာကြောင့် အပြန်မှာ နာရီကြည့်မိတော့ ဆယ်နာရီခွဲနေလေပြီ။

ငါ့ဟာငါ အစားအသောက်နဲ့သာယာနေတာကို သောက်ကျိုးနည်း ဗီလိန်ဖြစ်သွားတယ်တဲ့လားWhere stories live. Discover now