ငါကပဲ စွန့်ပစ်ခံရအောင် လုပ်ရတော့မှာပဲ

262 32 4
                                    

မျက်လုံး‌ဖွင့်လိုက်ချင်းမှာ မြင်လိုက်ရသည့်
သူတို့အိမ်၏ မျက်နှာကျက်။

အဟေး ငါလေးအိမ်ပြန်ရောက်ပြီကွ
သို့သော်ငြား မြင်ကွင်းက ကြည်လင်မနေ
မျက်လုံးကို ပြူးနေအောင် ဖွင့်ထားသော်လည်း
မြင်ကွင်းက မှုန်ဝါးဝါး။

"ဒုံဟျော့ အီဒုံဟျော့ ကြားလား ငါပြောတာကို ကြားလား"

ကြားတယ် ကြားတယ်လို့
ပါးစပ်က အော်ပြောနေပေမယ့် အသံကထွက်မလာ။

"ဂျယ်မင်း နာဂျယ်မင်း ရွမ် ငါကြားတယ်လို့ ငါကြားပါတယ်ဆို.......ရွမ် .....ဂျယ်မင်း......."

"သခင်လေး သခင်လေး နိုးလာပြီလား
ဆူရီ ရေယူလာခဲ့"

မြင်ကွင်းကြည်လင်လာတော့ လာပြန်ပြီ
ဒီသောက်မျက်နှာကျက်နီနီကြီး
အေး ချီးပဲ ချီးချီး

မျက်နှာကျက်ကို မျက်စောင်းထိုးပြီး ဆူပုပ်နေတဲ့ သူ့သခင်လေးကို ကြည့်ပြီး ဒယ်ကျွင့်တစ်ယောက်  မူးနောက်နောက်ပါဖြစ်လာရ၏

Lee Mark ရဲ့ ရေချိုးခန်းထဲ တစ်ညလုံးအပိတ်ခံနေရလို့ သူ့မှာ တစ်ညလုံး Lee Mark အခန်းရှေ့‌ထိုင်စောင့်နေခဲ့ရသည်။

မနက်ခင်း Lee Mark တံခါးဖွင့်ပေးတော့မှ ရေချိုးခန်းတံခါးကို ဖွင့်လိုက်တော့ အပုံလိုက်သား လဲကျလာသည့် သခင်လေးဟာ ပူကျစ်နေ၏

ဆရာ၀န်၏ ဆေးအရှိန်ကြောင့် တစ်ရက်နီးပါး
သတိလစ်နေခဲ့သည့် သူ၏ သခင်လေးဟာ
သတိလစ်နေရင်း မကြားဖူးသည့် နာမည်များကိုခေါ်လိုက် ဗိုက်ဆာတယ်ရွတ်လိုက်
စားစရာနာမည်တွေ ရွတ်လိုက်လုပ်နေလို့
ဘေးမှာလည်း စားပွဲ အသင့်ချထားရသည်။

အခုလည်း နိုးလာတော့ မျက်နှာကျက်ကို ရန်လုပ်နေပြန်ပြီ ခဏနေရင် ဗိုက်ဆာတယ် အော်တော့မှာ

"ကော.....ဗိုက်ဆာတယ်......."

ကြည့် ရှောင်ဒယ်ကျွင့်တို့ ထီသာမပေါက်တာ
ဒါကျ ခန့်မှန်းတာ တစ်မိနစ်မပြည့်သေးဘူး

"နေသိပ်မကောင်းသေးလို့ ဆရာ၀န်က ဆန်ပြုတ်ပဲသောက်လို့ ပြောထားခဲ့လို ဆန်ပြုတ်ပဲစားရဦးမှာပါ သခင်လေး"

ငါ့ဟာငါ အစားအသောက်နဲ့သာယာနေတာကို သောက်ကျိုးနည်း ဗီလိန်ဖြစ်သွားတယ်တဲ့လားWhere stories live. Discover now