ငါလုပ်ခဲ့တာမှ မဟုတ်တာ

193 33 5
                                    

ပြောချင်တာပြောပြီး အခန်းထဲက ထွက်သွားသော နောက်ကျောပြင်ကို ကြည့်ပြီး လက်ခလယ်သာ ထောင်ပြလိုက်သည်။

"တကယ်ပါပဲ အဟွတ် အဟွတ်"

လည်ပင်းမှာတော့ နီနေလောက်ပြီ။
ကိုယ့်လည်ပင်း ကိုယ်ကိုင်ရင်း တွေးနေမိသည်။

ဒီလူတွေက ငါ့ကို အီဟယ်ချန်းလို့ ခေါ်နေကြတာပဲ ရှောင်ကျွင့်ကောကအစ။
အီဟယ်ချန်းက ဘယ်သူမလို့ ဘာတွေလုပ်ခဲ့လို့
အဲလောက်တောင် မုန်းနေရတာလဲ။
လည်ပင်းညှစ်သွားတဲ့ အထိလေ။

"သခင်လေး သခင်လေး အဆင်ပြေရဲ့လား
ဘာလုပ်သွားသေးလဲ"

အခန်းထဲကို ကမန်းကတန်းပြေး၀င်လာပြီး
သူ့ခန္ဓာကိုယ်ကို ဟိုစစ်ဒီစစ် စစ်နေသော ရှောင်ကျွင့်ကောကြောင့် သူ၏ သံသယများ
သေချာလာရသည်။

"ကော.."

"ခင်ဗျာ"

"ကျွန်တော်က ဘယ်သူလဲ"

ခဏတာ သူ့အားကြောင်ကြည့်နေပြီးမှ ရှောင်ကျွင့်ကောက သက်ပြင်းတစ်ချက်ချလိုက်လေ၏

"ဟယ်ချန်း အီဟယ်ချန်း"

•••••••••••••••••••••••••••••

"အဲဒီတော့ ကျွန်တော်က ကျွန်တော့်ရဲ့ အဖေတူအမေကွဲ အစ်မရဲ့ချစ်သူကို လုယူခဲ့တာပေါ့
ဆေးခတ်တဲ့ နည်းလမ်းနဲ့လေ
နေပါဦး ကျွန်တော်ကဘာလို့ အဲလိုလုပ်ရမှာလဲ"

"သခင်လေးက Lee Mark ကို ချစ်နေလို့ပေါ့"

သောက်ကျိုးနည်းဒီစကားတွေက သူ့နားထဲ ပဲ့တင်ထပ်နေသည်။

"ငါက ငါက အဲဒီပေါက်ပန်းလေးဆယ်ပြောသွားတဲ့ အကောင်ကို ချစ်နေတယ် ဟုတ်လား
ဟားဟားဟား ဒီကောင် အီဟယ်ချန်းသောက်ရူးပဲ ကိုယ့်ကို နှိပ်စက်နေတဲ့ အကောင်ကိုလေ"

သူမှာ ပြောချင်တာပြောပြီး ဂရုနာဒေါသောခံစားချက်များဖြင့် မျက်ရည်များပါကျလာလေသည်။

အီဟယ်ချန်းတဲ့
မြင်မြင်ချင်း ချစ်မိသွားတဲ့ သူတစ်ယောက်ကို ပိုင်ဆိုင်ချင်လို့ ဘယ်တုန်းကမှ အာမခံရဲခဲ့တဲ့
အစ်မဖြစ်သူကို သစ္စာဖောက်ပြီး ချစ်ရသူကို
အတင်းအကျပ်လုယူခဲ့သူပါတဲ့။

ငါ့ဟာငါ အစားအသောက်နဲ့သာယာနေတာကို သောက်ကျိုးနည်း ဗီလိန်ဖြစ်သွားတယ်တဲ့လားWhere stories live. Discover now