ငါက အီဟယ်ချန်းမှ မဟုတ်တာ

205 32 4
                                    

ဒုံဟျော့ အီဟယ်ချန်းအဖြစ်နေလာတာ ရက်ပေါင်းများစွာ ကြာခဲ့ပြီ။
Lee Mark ဆိုသောသူကိုလည်း သူမတွေ့တာ လည်ပင်းညှစ်သွားတဲ့နေ့ကတည်းက။
မတွေ့ဆို ငါ့ကို အပြင်မှ ပေးမထွက်တာ
တစ်နေကုန် ဒီအခန်းထဲ
စားလည်း ဒီထဲ
အရေးထဲဆေးခါးကြီးကသောက်ရသေးတယ်
သောက်ဆင်ကို ပြေမနေဘူး

ဟိုဒါအွန်းကလည်း နေ့တိုင်းအိမ်ပဲလာနေတာ
အလုပ်မရှိဘူးလားမသိ
ကြာတော့ ဒါအွန်းကို သနားမိသည့်သူ့ကိုယ်သူပါ ပြန်သနားရလာပြီ
ငါ့မှာတော့ ဒင်းက အီဟယ်ချန်းဆီက ချစ်သူလုယူခံလိုက်ရလို့ မခံမရပ်နိုင်ဖြစ်နေမှာပဲ
အောက်မေ့ပြီး သနားနေတာ
သောက်ကျိုးနည်း ဒင်းတို့က အတိအလင်းကို
ဖောက်ပြန်နေကြတာဟ

အခုလည်းကြည့် အလုပ်နားရက်မလို့လားမသိ
အဲဒီပေါကြောင်ကြောင် Lee Mark နဲ့ အလုပ်မရှိအကိုင်မရှိ အီဒါအွန်းတို့ ခြံထဲက ခုံတန်းပေါ်မှာ
ဘာတွေပြောနေကြလဲ မသိဘူး။

တစ်နေ့တစ်နေ့ပြောစရာတွေလည်း ကုန်ကို မကုန်နိုင်ဘူး

ငါ့မှာဖြင့် သူတို့နှစ်ယောက်ကြောင့် အပြင်မထွက်ရတာ

"ကိုယ့်အပေါ် ခံစားချက်မရှိတဲ့သူကို သခင်လေးမချစ်‌တော့ဖို့ ကြိုးစားသင့်တယ်
အတိတ်မေ့နေတာတောင် သခင်လေးနှလုံးသားက သိနေပုံပဲ အဟက်"

နာကျည်းသံရော ဂရုဏာဒေါသောသံဖြင့်ပါ
ပြောလာတဲ့ ရှောင်ကျွင့်ကောကြောင့် သူ့မှာ
တအံ့တဩ

"ဟမ်....?

ဪ ငါက ပြတင်းပေါက်ကနေ အောက်ကိုကြည့်ပြီး ‌တွေးနေတာကို ရှောင်ကျွင့်ကောက
ပေါကြောင်ကြောင်အတွဲကိုကြည့်ပြီး ခံစားနေတယ်ထင်သွားတာပဲ။

"လိုချင်တယ်..........."

"သခင်လေး အချစ်နွံထဲက ရုန်းထွက်လာပါတော့
အဲဒီသူကို သခင်လေးအစွမ်းကုန် သိက္ခာအကျခံပြီး ရယူထားတာတောင် နာမည်အရပဲပိုင်ခဲ့တာလေ အသိဉာဏ်ပြန်ရလာပါတော့........."

"မဟုတ်ဘူး ဘာတွေပြောနေတာလဲ
ဟိုအပင်က ပန်းသီးပင်မလား ကြည့်ဦး
ဒီက ကြည့်တာတောင် အလုံးတွေက သန်လိုက်တာ အဲတာ စားချင်တယ်"

ငါ့ဟာငါ အစားအသောက်နဲ့သာယာနေတာကို သောက်ကျိုးနည်း ဗီလိန်ဖြစ်သွားတယ်တဲ့လားWhere stories live. Discover now