Part ( 3 )

1.2K 96 1
                                    

Unicode ver.

မြဒင်ကိုယ့်ကိုယ်ကိုရှက်နေမိသည် ကလေးတစ်ယောက်ကိုတောင်မကာကွယ်နိုင်သောအဖြစ်ကိုရော တွန့်ဆုတ်နေသောသူ့အပြုအမူတွေကို ပြန်တွေးမိတိုင်းအရှက်ရစေသည် သူကနိုင်ငံကိုပြန်ရဖို့ပဲအတ္တကြီးစွာကြိုစားနေချိန်တွင် ကိုယ့်ရပ်ရွာထဲတွင်ကျောင်းရှိမရှိတောင် သတိမထားမိပေ

"အဲ့လမျိုးဆက်က‌ေလးကမင်းတို့ပြောသလိုဆိုရင်အ‌င်္ဂလိပ်သွေးနှောပေါ့ ဟုတ်ရောဟုတ်လို့လားကွာ"

"ကျုပ်တို့မျက်နှာတော့သေချာမမြင်ရသေးပေမယ့်သေချာတယ် သူ့မျက်လုံးမှာအရောင်တွေနဲ့"

သိန်းထိုက်ကထိုသို့စကားစလိုက်သည်မို့

" ချောပေ့လှပေ့ဆိုတဲ့ရွာကကွမ်းတောင်ကိုင်ပန်းတောင်ကိုင်တောင်အဲ့လောက်မချောမလှပေဘူး နံ့သာဆီနဲ့အီးလောက်ကိုကွာတာ"

"ကျုပ်လည်း‌ေတွ့ဖူးချင်လိုက်တာဗျာ"

"အဲ့ကောင်လေးရဲ့စိတ်ဓာတ်ကတော့အံ့ဩစရာပဲ ကျုပ်တို့ရွာက ကလေးမလေးတစ်ယောက်ကိုကူညီလိုက်တာ ကျုပ်တို့ရွာအတွက်ကျောင်းတောင်ဆောက်ပေးဦးမှာတဲ့"

"အင်္ဂလိပ်ဆိုတာတောင်မယုံနိုင်ဘူး"

"အဲ့လောက်သေချာနေတာကို မင်းဘာတွေပြောနေတာလဲသိန်းထိုက်ရ မင်းသီဟကိုဒီလောက်ချေမိုးနိုင်တာ ဦးမငးလှထက် အာဏာကြီးတဲ့လူပဲရှိတော့မပေါ့ အင်္ဂလိပ်အရာရှိတစ်ယောက်ယောက်ရဲ့သားဖြစ်မယ်လို့ထင်တယ်"

"တွေ့ပါဗျား ကျုပ်ထင်တောင်မထင်ထားဘူး မင်းသီဟလိုတဏှာရူးကသူ့ထပ်ရာထူးကြီးတဲ့လူနဲ့လည်းတွေ့ရော အရိုးမကိုက်ရတဲ့ခွေးလိုပဲ ဟားဟားဟား"

"သူ့မယ်မစားရအညော်ခံဖြစ်‌ေနတာ မင်းတို့သူ့မျက်နှာ‌ကိုတွေ့လိုက်ရမှာ "

ဟိုအမွှေစိန်နှစ်ကောင်ပြောနေတာကို အဖွဲ့ထဲမှလူများကဝိုင်းဖွဲ့ကာနားထောင်နေကြသည် မြဒင်ကတော့ ထူးထူးဆန်းဆန်းငြိမ်နေရှာသည်

"အရင်ကလည်းအင်္ဂလိပ်မြို့အုပ်မင်းတစ်ယောက်ရှိခဲ့တယ်လေ သူကမြို့သူမြို့သားတွေအပေါ်အရမ်းကောင်းပေးခဲ့တာတဲ့ ကျုပ်မိခင်ပြောဖူးသဗျ"

ရွှေ၀ါရောင်အက္ခရာများ (ေ႐ႊဝါေရာင္အကၡရာမ်ား)Where stories live. Discover now