Unicode ver.
နောက်တစ်နေ့မနက်ခင်းတွင်တော့
"ကညာပျိုလေး မနက်စာစားရအောင်သူဌေးမင်းကအခေါ်တော်ပါးလိုက်ပါတယ်"
"ကျွန်ုပ်လာခဲ့မယ်"
"ဟုတ်ကဲ့"
ခရာ မနက်စာစားရန်ထမင်းစားဆောင်သို့သွားလိုက်သည် ထမင်းစားဆောင်တွင် ဦးမင်းလှနှင့်သူ့သားကစောင့်နေကြသည်
"Ms. Helen ထမင်းစားရအောင်ခေါ်လိုက်တာ အနှောက်အယှက်ဖြစ်သွားလား"
"နည်းနည်း"
"......"
"….."
ဆွံ့အသွားသည့်ထိုနှစ်ယောက်ကိုကြည့်ကာ မနက်ခင်းလေးပြည့်စုံသွားသလိုခံစားရသည်
"အဟမ်း Ms. Helen ကျွန်တော်မြို့ကိုလိုက်ပြမယ်လေ"
ဟိုတဏှာရူးကြီး၏သား တဏှာရူးကသူ့ကိုထိုသို့ပြောလာသည်ပင် သူကဤမြို့ကိုရင်းနှီးနေပေမယ့် ပိုနှံ့စပ်သိသူပါလျှင်တော့ပိုအဆင်ပြေသည်လေ
"ကောင်းပြီလေ ကျွန်ုပ်တို့ နေ့ခင်းတစ်ချက်တီးလောက်သွားကြတာပေါ့"
ထမင်းစားပြီးသည်နှင့် နေ့ခင်းရောက်ရန်စောင့်မျှော်နေလိုက်သည်
နေ့ခင်းတစ်နာရီအချိန်တွင်
"Ms. Helen ကားပေါ်တက်ပါဗျ"
"ဖြစ်နိုင်ရင် ကျွန်ုပ်ကို အပြင်မှာ Ms. helenလို့မခေါ်ပါနဲ့ Ms ပဲခေါ်လည်းရတယ်"
"ဟုတ်ကဲ့ပါခဗျာ"
မင်းသီဟကသူ့ဘေးခုံတွင်ထိုင်ရန် ကားတံခါးဖွင့်ပေးလေသည် သို့ပေမယ့် helenကကားအနောက်ဘက်တံခါးကိုဖွင့်ကာအနောက်ဘက်တွင်၀င်ထိုင်နေလိုက်သည်
ခရာ ၏ထိုအပြုအမူကြောင့်မင်းသီဟအံတစ်ချက်ကြိတ်လိုက်မိသည် အထက်စီးဆန်လှသည် ထိုလမျိုးဆက်က ရုပ်ကလေးလှတာနဲ့မာန်တက်ပြနေသည် ကျုပ်လက်ထဲရောက်တဲ့တစ်နေ့တော့မလွယ်ဘူးဟု စိတ်ထဲမှကြိမ်းကာ ခြံထဲမှာကြိတ်ရယ်နေသောအလုပ်သမားများကို ကျောခိုင်းလျက်ကားမောင်းထွက်ခွာတော့သည်
"ဘယ်သွားချင်လဲ Ms."
"ကျွန်ုပ်ကိုပယင်းဈေးကိုပို့ပေးပါ"

YOU ARE READING
ရွှေ၀ါရောင်အက္ခရာများ (ေ႐ႊဝါေရာင္အကၡရာမ်ား)
Fantasíaဂျူးရေးထားတဲ့၀တ္ထုလေးကစိတ်ကူးယဉ်၀တ္ထုမို့ ဘယ်သူတစ်စုံတစ်ဦးတစ်ေယာက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ အမှားပါခဲ့ရင်ဒီနေရာကပဲတောင်းပန်ပါတယ်။