Part ( 5 )

1.3K 94 5
                                        

Unicode ver.

ရုန့်ရင်းဆန်ခတ်ဖြစ်နေသောအချိန်တွင် အသံကျယ်ကြီးထွက်လာသည်မို့ ရပ်နားနေသောငှက်များတောင် ပျံကာပြေးသွားတော့သည် အကုန်လုံးရပ်တန့်ကာအသံလာရာသို့ ကြည့်လိုက်တော့  အင်ဂျင်နီယာကောင်က မြေပေါ်သို့ပစ်လဲသွားတော့သည် ခရာ့လက်ချက်ဖြစ်သည်ဆိုတာပြောစရာတောင်မလိုပါချေ

"ကျွန်ုပ်ဖခင်က မောင်မင်းလိုအဆင့်နဲ့သိစရာမလိုဘူး"

ထိုအင်ဂျင်နီယာ၏မျက်နှာတစ်ခြမ်းကဖောင်းကားကာ နီရဲလာသည် သူ့မျက်နှာသူကိုင်ကာ သတိလစ်မတတ်ဖြစ်နေလေသည်

"အဲ့ကောင်ကိုဖမ်းကြစမ်း ဘာလုပ်နေကြတာလဲကွ"

ထိုအင်ဂျင်နီယာ၏အမိန့်ကြောင့် အစောင့်များက ခရာ့ ကိုသေနတ်များဖြင့် ဝိုင်းချိန်လိုက်ကြသည်

" Are you sure?"

ခရာ ကပုလိပ်‌ေခါင်း‌ေဆာင်ကိုကြည့်ကာပြောလိုက်တာမို့  ပုလိပ်များတွေဝေသွားကြသည် ပုလိပ်ခေါင်းဆောင်ကစဉ်းစားပြီးနောက် မှတ်မိသွားပုံံဖြင့်  ခရာ့ရှေ့‌တွင်ဒူးထောက်ကာ အရိုအသေပေးလေသည်

"My Lord "

"မင်းဘာလုပ်နေတာလဲ ဖမ်းလေ "

စိတ်လွတ်ချင်နေသော အင်ဂျင်နီယာကပြောလိုက်သည်မို

"သူ့ကိုခေါ်သွားလိုက်ကြတော့ အင်ဂျင်နီယာအသစ်တစ်ယောက်ထပ်လွှတ်လိုက်"

"Yes, My Lord"

ထိုအင်ဂျင်နီယာက ရုန်းကန်ရင်းပါသွားတော့သည် သူတို့ထွက်သွားသည်နှင့်

"ဆရာလေး အဲ့လူကိုဆန့်ကျင်လိုက်တာ ဟုတ်ပါ့မလား ကျုပ်တို့ကြောင့်ဒုက္ခရောက်နေပါဦးမယ်ဗျာ"

"ကျွန်တော်ဖြေရှင်းနိုင်ပါတယ် သူကြီးစိတ်မပူပါနဲ့"

ဆရာလေးကရှင်းပြချင်ပုံမရတာကြောင့် သူကြီးလည်းဆက်မမေးတော့ပေ

"ဆရာလေးရယ် ကျုပ်ကျေးဇူး‌တင်ပါတယ်တော် ဆရာလေးသာမကူရင် အခုချိန်ကျုပ်ဘာဖြစ်နေမယ်မှန်းတောင်မသိတော့ပါဘူး ဝူးဝူးဝူး"

လှစိန်ကတော့ ခရာ့လက်ကိုလာဆွဲကာ ငိုနေချေသည်

"မဟုတ်တာ မဖြစ်သင့်တာမဖြစ်ရအောင်ကူညီတာပါ မငိုပါနဲ့တော့"

ရွှေ၀ါရောင်အက္ခရာများ (ေ႐ႊဝါေရာင္အကၡရာမ်ား)Where stories live. Discover now