Part ( 4)

1.2K 99 13
                                    

Unicode ver.

မြဒင်တို့ဖက်တွင်တော့ ဒဏ်ရာရသူရနှင့် သေဆုံးသူတော့မရှိလို့ကံကောင်းသည်ဟုပြောရမည် မြဒင်လည်း ဘမြင့်ကိုမြင်သည်နှင့်ပြေးကာထိုးလိုက်သည်

"မင်းဘာလုပ်လိုက်တာလဲ မင်းကြောင့်အကုန်သေရတော့မလို့ ဟိုကကျုပ်တို့ကိုသတ်ဖို့စိတ်ကူးမရှိလို့သာမသေတာ မင်းကကျုပ်အဖွဲ့ကမို့ ပြစ်မထားနိုင်လို့သာကယ်လိုက်တာ တခြားလူဆိုကျုပ်မကယ်ဘူး"

"မင်းသာဗိုလ်ဖြစ်ပြီး လမျိုးဆက်ကိုတောင်မနိုင်ပဲလည်ပင်းဓားထောက်ခံလိုက်ရတဲ့ကောင်လေ"

"ကျုပ်ကအလဲအကွဲခံလာရတဲ့သူမဟုတ်ပေဘူးလေ တစ်စုံတစ်ယောက်ကတော့သေ‌ေပတော့မယ်မို့လား"

"တော်ကြပါတော့ လောလောဆယ် ဒဏ်ရာတွေကိုအရင်ဆေးထည့်ကြ နောက်မှရန်ဆက်ဖြစ်"

သိန်းထိုက်က၀င်တားလိုက်လေသည် သိန်းထိုက်က မြဒင်ကိုဆေးထည့်ပေးနေရင်းပင် မေးလေသည်

"ကျုပ်တကယ်မသိလို့မေးတာပါ မြဒင် မင်းသူနဲ့အင်အားချင်းကတကယ်တူတာလား"

"မဟုတ်ဘူး သူကကျုပ်နဲ့အင်အားချင်မယှဉ်နိုင်ဘူး သူကဉာဏ်ကောင်းတာမှတော်ရုံကိုမဟုတ်တာ ကျုပ်မှာအားနည်းချက်မရှိသလောက်ရှားပေမယ့် အားနည်းချက်တစ်ခုတွေ့တာနဲ့အဲ့တစ်နေရာကိုပဲဆက်တိုက် တိုက်တယ် အဲ့နေရာကိုကာကွယ်နိုင်လိုက်တယ်ဆိုရင်တောင် လွတ်သွားတဲ့နေရာတွေကိုပါဆက်တိုက် တိုက်ခိုက်တာ လွယ်တဲ့ပြိုင်ဘက်မဟုတ်ပေဘူး ဉာဏ်အရမ်းထက်တယ်"

"ဟုတ်တယ် တကယ်ကိုမလွယ်ဘူး"

ဘမြင့်မှ၀င်ထောက်ခံပြောဆိုလိုက်သည်မို့

"ဟ ဘမြင့်ကထူးဆန်းပါပေ့"

အင်္ဂလိပ်တွေကိုကြည့်မရတတ်သော ဘမြင့်က၀င်ထောက်ခံလိုက်သည်မို့ အကုန်အထူးအဆန်းဖြစ်ကုန်ကြသည်

"ကျုပ်သူ့အရည်အချင်းကိုအသိအမှတ်ပြုပါတယ် သူ့အရည်အချင်းက ကျုပ်ကိုတကယ်ရှက်စေတယ်"

"ရှက်စရာတော့မလိုပါဘူး သူကမျိုးသန့်လမျိုးဆက်မို့လို့ ကျုပ်တို့အားလုံးထပ်ကြိုမြင်နေတာ"

ရွှေ၀ါရောင်အက္ခရာများ (ေ႐ႊဝါေရာင္အကၡရာမ်ား)Where stories live. Discover now