Part ( 6 )

1.1K 78 6
                                    

Unicode ver.

ညအချိန်တွင်တော့

"မိန်းမရေ မိန်းမ ကျုပ်တို့ပြန်လာပြီလေ လာထွက်မကြိုဘူးလား"

သူကြီးကတော်တို့အုပ်စုနဲ့ သစ်ပင်အောက်မှာ ခရာကစကားပြောနေသည် အိမ်ရှေ့မှရွာသူကြီး၏ မူးနေသောအသံကြောင့် ကြည့်လိုက်တော့ သူကြီးနဲ့ လှစိန်ကို တစ်ဖက်တစ်ချက်စီ ထမ်းပိုးထားသောမြဒင်ကိုတွေ့လိုက်ရသည်

"သူကြီးကတော် အဲ့တာသူကြီးတို့မလား"

"အဲ့တာသူကြီးမဟုတ်ဘူး သူတောင်းစား သူတောင်းစား"

"ဟမ်"

ထိုစဉ် သူကြီးကတော်ကကွပ်ပျစ်ပေါ်မှ ဆင်းကာသူကြီးရှေ့သိုသွားရပ်လိုက်သည် အနားမှအဒေါ်တစ်ယောက်က

"အဲ့မိသားစုကအဲ့လိုပဲ တစ်ခါတစ်ရံအချင်းချင်းသွေးတိုးစမ်းကြတာ"

"ဟုတ်"

ခရာနားမလည်သော်လည်း ဟုတ် ဟုတစ်ခွန်းသာဖြေပြီး သူကြီးတို့ကိုကြည့်လိုက်သည် အရပ်ပုသောသူကြီးကတော်က အရပ်ရှည်သောသူကြီးရှေ့တွင်ခါးထောက်ကာရပ်လိုက်သည်

"အော် ပြန်လာပါပကောလား အခုဘယ်အချိန်ရှိပြီလဲသိလား ဆရာလေးတောင် ထမင်းစားပြီးပြီ အိမ်ရှင်တို့ကခုမှပြန်ရောက်တယ်"

"ကျုပ်ကအိမ်ထောင်ဦးစီးကွ ကျုပ်ဘာကျုပ်ဘယ်အချိန်ပြန်ပြန်ပေါ့"

"ဘယ်အချိန်ပြန်ပြန် ဟုတ်စ"

"မေကြီးကလဲ နားညည်းလိုက်တာ ကျုပ်မူးနေတာလေးတောင်အရှိန်ပြယ်သွားတယ်"

"အရှိန်ပြယ်သတဲ့လား နှစ်ယောက်လုံးအမူးပြယ်အောင် ဟော့ဒီကကြိမ်လုံးလေးနဲ့ဆိုရင်ရော အဆင်ပြေလား"

ကြိမ်လုံးမြင်တော့ တခြားသူများလည်းအခြေနေမဟန်မှန်းသိတာကြောင့် တစ်ချိုးတည်းပြေးကြတော့သည် ခရာလည်းသစ်ပင်အောက်ကကွပ်ပျစ်ပေါ်မှထကာ ထိုမိသားစုအနားသို့ လျှောက်သွားလိုက်သည် သူကြီးကတော်က ကြိမ်လုံးကြီးကိုပြလိုက်တော့မှ သူကြီးနဲ့ လှစိန်လည်း အမူးပြေသွားဟန်ရသည်

"ကဲ တစ်ယောက်ကိုအချက်အစိပ် ဘယ်သူအရင်စချင်သလဲ"

"အဘ အဘအရင်စမယ်တဲ့ မေကြီး"

ရွှေ၀ါရောင်အက္ခရာများ (ေ႐ႊဝါေရာင္အကၡရာမ်ား)Where stories live. Discover now